‌အောက်တိုဘာ ၁၂ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ်ရှိ ‌သောင်ရင်းမြစ်ကို ဖြတ်သန်း၍ နယ်စပ်စီးပွား‌ရေး ကုန်သွယ်မှုနှင့် ခရီးသွားလာ‌ရေး ပိုမိုတိုးတက်လွယ် ကူ‌စေရန် ရည်ရွယ်ကာ ‌နောက်ထပ် ထိုင်း-မြန်မာချစ်ကြည်‌ရေးတံတားသစ်တခုကို ထပ်မံ တည်‌ဆောက်သွားရန် ထိုင်းအစိုးရ က အတည်ပြုလိုက်ပြီဟု သိရသည်။ အဆိုပါ ချစ်ကြည်‌ရေးတံတားကို နယ်စပ်မြို့နှစ်မြို့ဖြစ်သည့် ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့တို့တွင် တည် ‌ဆောက်ရန် ထိုင်းကူးသန်း‌ရောင်းဝယ်‌ရေး ဝန်ကြီးဌာန၏ အဆိုပြုချက်အား အစိုးရလွှတ်‌တော်က ‌အောက်တိုဘာလ (၆)ရက် ‌နေ့တွင် အတည်ပြုလိုက်ခြင်းဖြစ်သည်။ မဲ‌ဆောက်မြို့တွင် အထူးစီးပွား‌ရေးဇုံ ဖြစ်လာ‌စေ‌ရေးအတွက် တံတားသစ်တည်‌ဆောက်‌ရေးမှာ...
‌အောက်တိုဘာလ ၁၁ရက်။ ‌စော‌ကျော်ခွိ (‌ကေအိုင်စီ) ကရင်စစ်‌ပြေးဒုက္ခသည်များကို ကူညီပံ့ပိုးနိုင်‌ရေးအတွက် ရန်ပုံ‌ငွေရှာပွဲတခုကို ဩစ‌တြေးလျားနိုင်ငံ၊ ဆစ်ဒနီမြို့ (Villawood Senior Citizenship Hall)၌ ‌အောက်တိုဘာလ ၁ဝရက်‌နေ့၊ မွန်းလွဲ ၃နာရီမှ ၇နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြရာ လူထုပရိသတ် ၃၀ဝနီးပါး တက်‌ရောက်ခဲ့ကြသည်။ ထိုင်း-မြန်မာနယ်စပ်ရှိ အိုးအိမ်မဲ့ ရွာပုန်းရွာ‌ရှောင် ပြည်တွင်းဒုက္ခသည်များအ‌ရေး ရန်ပုံ‌ငွေ ရှာ‌ဖွေပွဲကို ဩစ‌တြေးလျား‌ရောက် ကရင်အဖွဲ့အစည်း(‌အေ‌ကေအို)က ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး သဘာပတိဖြစ်သူ ‌အေ‌ကေအို ဥကဌ ‌စောလွင်ဦးက ယခုလို မိန့် ခွန်း‌ပြောဆိုခဲ့သည်။ “နအဖရဲ့ မျိုးဖြုတ်စစ်ဆင်‌ရေး‌ကြောင့် နယ်စပ်အသီးသီးကို ထွက်‌ပြေး‌နေကြရတဲ့...
‌အောက်တိုဘာလ ၁ဝရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ‌ကေအဲန်ယူ၊ တပ်မဟာ (၇)နယ်‌မြေနှင့် ဆက်စပ်‌နေသည့် ထိုင်း-မြန်မာနယ်စပ်‌နေရာများတွင် ထိုင်းစစ်တပ်နှင့် တိုးတက်‌သော ဗုဒ္ဓဘာသာကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ)တပ်ဖွဲ့တို့အကြား လွန်ခဲ့သည့်နှစ်ရက်က နှစ်ဖက်တင်းမာမှုဖြစ်ပွားခဲ့ပြီး ဒီ‌ကေဘီ‌အေက နယ်စပ်သွားလာ‌ရေးကို အနည်းငယ် ကန့်သတ်လိုက်သည်။ ထိုအ‌ခြေအ‌နေအ‌ပေါ် ဒီ‌ကေဘီ‌အေဘက်မှလည်း ထိုင်းရွာသားများ မြန်မာဘက်ကမ်းသို့ ဝင်ထွက်သွားလာမှုများကို ‌အောက် တိုဘာလ ၈ရက်‌နေ့က တန်ပြန်ပိတ်ပင်လိုက်ခြင်းဖြစ်သည်ဟု နယ်စပ်အ‌ခြေအ‌နေကို ‌စောင့်ကြည့်‌နေသည့် ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ရင်း (၂၂)မှ ဒုတပ်ရင်းမှူးဗိုလ်မှူး‌စောဒီ့ကွယ်က ယခုလို ‌ပြောသည်။ ၎င်းက “ဒီလ (၂)ရက်‌နေ့က ဒီ‌ကေဘီ‌အေ‌တွေ...
‌အောက်တိုဘာလ ၁ဝရက်။ ‌နော်ဖြူသင်း (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ရပ်ကွက်များတွင် ယခင်လဆန်းပိုင်းမှစ၍ လူဦး‌ရေစာရင်းများကို အိမ်တိုင်း‌စေ့ လိုက်လံ‌ကောက် ယူခဲ့သည်ဟု သိရသည်။ သက်ဆိုင်ရာ ရပ်ကွက်မှူးများသည် ၎င်းတို့ရပ်ကွက်ရှိ ‌နေအိမ်များသို့ သွား‌ရောက်ကာ အိမ်‌ထောင်စုစာရင်းတွင် ပါရှိသည့် အိမ် သားများ၏ အမည်၊ အသက်နှင့် လူဦး‌ရေ အ‌ရေအတွက်တို့ကို ‌မေးမြန်း‌ရေးမှတ်သွား‌ကြောင်း ဖားအံမြို့၊ အမှတ်(၆)ရပ်ကွက် တွင် ‌နေထိုင်သူတဦးက ‌ပြောပြခဲ့သည်။ သို့‌သော် ယင်းသို့‌ကောက်ခံရသည့် အ‌ကြောင်းရင်းကိုမူ ရပ်ကွက်မှူးများက တိတိကျကျ ‌ပြောဆိုနိုင်ခြင်းမရှိဘဲ အထက်မှ ညွှန် ကြားချက်‌ကြောင့်သာဖြစ်‌ကြောင်း ရပ်ကွက်သားများကို...
‌အောက်တိုဘာလ ၉ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) မြန်မာနိုင်ငံ၊ ကရင်ပြည်နယ်ရှိ ဖားအံမြို့တွင် ‌အောက်တိုဘာလဆန်းပိုင်းမှစ၍ မြန်မာ‌ငွေစက္ကူ ကျပ်(၅)‌ထောင်တန် ထွက်ရှိ သည့်‌နောက်ပိုင်း ဆန်‌ဈေးများ သိသိသာသာ မြှင့်တက်သွားသည်ဟု သိရသည်။ ယခင်က ‌ပေါ်ဆန်း‌မွှေးဆန် တပြည်လျှင် ၉၅ဝကျပ်မှာ ယခု ၁,၁၀ဝကျပ်၊ စီယာဆန် တပြည်လျှင် ၇၅ဝကျပ်မှာ ယခု ၈၅ဝ ကျပ်နှင့် ဆန်ကြမ်း တပြည်လျှင် ၅၀ဝကျပ်နှင့် ယခု ၆၅ဝကျပ်အထိ ‌ဈေးတက်လာခဲ့ခြင်းဖြစ်သည်။ ယခုလို ဆန်‌ဈေး ရုတ်တရက် တက်လာရခြင်းနှင့်ပတ်သက်၍ ပြည်သူများအ‌နေဖြင့် စိုးရိမ်မကင်းဖြစ်လာ‌ကြောင်း ဖားအံမြို့ခံ တဦးဖြစ်သူ...
‌အောက်တိုဘာ ၈ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ‌ကေအဲန်ယူတပ်မဟာ (၇)နယ်‌မြေ၊ ပိုင်ကျုံမြို့နယ်တွင် နအဖ စစ်တပ် တပ်မ (၂၂)လက်‌အောက်ခံ တပ်ရင်းမှ စစ်‌ကြောင်းများ သည် ယခုလ အ‌စောပိုင်းမှစ၍ လှုပ်ရှားမှုများ စတင်လုပ်‌ဆောင်လာသည်ဟု ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ)က ‌ပြောသည်။ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၂၂)မှ ဒုတပ်ရင်းမှူး ဗိုလ်မှူး‌စောဒီ့ကွယ်က“ ပြီးခဲ့တဲ့ ၄-၅ရက် အ‌တောအတွင်းမှာ ခမရ(၂၀၈) တပ်ရင်းက စစ်‌ကြောင်း(၁)နဲ့ (၂) စတင်လှုပ်ရှားလာတာကို ကျ‌နော်တို့ သတိထားမိတယ်။ ကျ‌နော်တို့နဲ့ မနီးမ‌ဝေးမှာရှိတဲ့ ထီး တို‌ကော်ရွာမှာဆို...
‌အောက်တိုဘာ ၈ရက်။ ‌ကေအိုင်စီ နအဖနှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့ဝင်များသည် ဖာပွန်ခရိုင်ရှိ ‌ကေအဲန်ယူ တပ်မဟာ(၅)နယ်‌မြေများတွင် စစ်ဆင်‌ရေးလှုပ်ရှားရာ တွင် တပ်သားသစ်စု‌ဆောင်းမှုကိုပါ တပြိုင်နက်တည်း လုပ်‌ဆောင်‌နေသည်ဟု ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၅)နှင့် ဆက် သွယ်‌မေးမြန်းချက်အရ သိရသည်။ ‌ကေအဲန်အယ်လ်‌အေ တပ်မဟာ(၅) တပ်‌ရေးဗိုလ် ဗိုလ်မှူး‌စောကလယ်ဒိုက “အခုဟာ ဒီ‌ကေဘီ‌အေနဲ့ နအဖတပ်‌တွေဟာ ဘူးသိုနဲ့ ဒွယ်လိုးမြို့နယ်‌အောက်ပိုင်း‌တွေမှာ စစ်‌ရေးလှုပ်ရှား‌နေရင်း တပြိုင်နက်တည်းမှာပဲ သူတို့‌ရောက်ရှိတဲ့ ‌ကျေးရွာ‌တွေက ‌နေ တပ်သား သစ်‌တွေကို စု‌ဆောင်း‌ကောက်ခံ‌နေတယ်လို့ ကျ‌နော်တို့ သိရတယ်”ဟု ‌ကေအိုင်စီကို ‌ပြောဆိုသည်။ ယင်းသို့ တပ်သား‌ကောက်ခံရာတွင်...
‌အောက်တိုဘာ ၈။ နန်းထူးစံ (‌ကေအိုင်စီ) ဖာပွန်ခရိုင်၊ လူ‌သောမြို့နယ်တွင် ဖြစ်ပွားလျှက်ရှိ‌သော ကူးစက်‌ရောဂါသည် ယခုရက်ပိုင်းအတွင်း ထို‌ဒေသအတွင်းရှိ ပြည် တွင်းဒုက္ခသည်များ ‌နေထိုင်ရာ တယ်သိုးပ‌လောနှင့် တယ်သိုးထာ့‌ဒေသများတွင် ထပ်မံကူးစက်ပြန့်နှံ့သွားပြီး ‌ရောဂါကူးစက်ခံရ သူများထဲမှ က‌လေးငယ်တဦး ‌သေဆုံးသွားသည်ဟု ‌ဒေသခံ ‌ဆေးဝန်ထမ်းများ၏ သတင်း‌ပေးချက်အရ သိရသည်။ “ဒီ‌ဒေသမှာ လွန်ခဲ့တဲ့အပတ်က ‌ရောဂါစဖြစ်တာလို့ သိရတယ်။ အဲဒီ တယ်သိုးပ‌လော၊ တယ်သိုးထာ့ဆိုတာက ပြည်တွင်းဒုက္ခ သည်(အိုင်ဒီပီ)‌တွေ စုစည်း‌နေထိုင်တဲ့ ‌ဒေသဖြစ်တယ်။ အခုရက်ပိုင်းမှာ ‌ရောဂါကူးစက်ခံရသူ‌ပေါင်း (၁၈၀)‌ကျော်‌လောက် ရှိ‌နေ တယ်။ အဲဒီထဲက...
ခွန်ထွန်းမြင့်(ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ်)သထုံမဲဆန္ဒနယ် အမှတ်(၁) တိုင်းရင်းသား‌တွေဟာ အပစ်ရပ်ချိ်န်ကာလကတည်းက ဗိုလ်ချုပ်ခင်ညွှန့်က ခင်ဗျားတို့နယ်‌တွေမှာ စီးပွား‌ရေး‌တွေ၊ စိုက်ပျိုး‌ရေး‌တွေ၊ ဖွံ့ဖြိုး‌ရေး‌တွေ၊ လူမှု‌ရေး‌တွေလုပ်၊ နိုင်ငံ‌ရေး‌တွေကိုမလုပ်‌သေးနဲ့အုံး။ နိုင်ငံ‌ရေးကို အမျိုးသားညီလာခံကြရင် ခင်ဗျားတို့ လွတ်လွတ်လပ်လပ်‌ပြောကြ၊ ညှိနှိုင်းကြ ကျ‌နော်တို့က ကူညီမယ်လို့ ‌ဆွေး‌နွေး‌ပြောဆိုထားခဲ့တယ်‌လေ။ တကယ့်တကယ် အမျိုးသားညီလာခံကျ‌တော့ တိုင်းရင်းသားအပစ်ရပ်အဖွဲ့‌တွေရဲ့ တင်ပြချက် ‌တွေက အကုန်လုံး အပစ်ပယ်ခံရပြီး ဘာမှအသိ မှတ်ပြုမခံရဘူး။ ဟိုတုန်းက‌တော့ အပစ်ရပ်ပြီးဆိုရင် နိုင်ငံ‌ရေးအရ ‌ဖြေရှင်း‌ဆောင်ရွက်နိုင်မယ်လို့ အပစ်ရပ်အဖွဲ့‌တွေမှာ ‌မျှော်လင့်ချက်‌တွေရှိကြတယ်။ အဲလိုဖြစ်မလာ‌တော့ လက်နက်ကို ဆက်လက်ပြီး ဆုပ်ကိုင်ထားတယ်။ ဒါကိုနအဖက ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေနဲ့ လက်နက်‌တွေကို...
ပြီးခဲ့သည့် စက်တင်ဘာလ ၁၈ရက်‌နေ့တွင် နအဖ စစ်အစိုးရက နိုင်ငံသားအကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွှတ်‌ပေးလိုက်သည်ဟု ၎င်းတို့၏ သတင်းစာထဲမှ တနိုင်ငံလုံးကို ‌ကြေငြာလိုက်သည်။ ယခင်နှစ် စက်တင်ဘာလက လည်း ၉၀၀၂ဦး၊ ယခုနှစ် ‌ဖေ‌ဖော်ဝါရီကလည်း ၆၃၁၃ဦး လွှတ်‌ပေးခဲ့ဘူးသည်။ တကယ့် လွတ်ငြိမ်းချမ်းသာခွင့် အစစ်အမှန်မှာ ယခုလို ဟို‌ထောင်က တချို့၊ ဒီ‌ထောင်က တ‌ယောက်ဆိုပြီး လူ‌ရွေးလွှတ်‌ပေးခြင်းမျိုး မဟုတ်။ တနိုင်ငံလုံးတွင် ပြစ်မှု‌ပေါင်းစုံနှင့် ပြစ်ဒဏ်ကျခံ‌နေရသူ မည်သည့်အကျဉ်းသားမျိုးကိုမဆို လွှတ်‌ပေးရမည်ဖြစ်သည်။ ၎င်းတို့ အလုံးအခဲနှင့် ပြန်လွှတ်‌ပေးလိုက်သည့် ‌သောင်းချီ‌သော အကျဉ်းသားများထဲမှ...