‌နော်ဝသန် (‌ကေအိုင်စီ)‌မေလ ၁၉၊ ၂၀၀၉ အင်းစိန်အကျဉ်း‌ထောင်တွင် တရားစွဲဆိုခံထားရသည့် မြန်မာ့ ဒီမိုက‌ရေစီ ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည် လွတ်‌မြောက်‌ရေး အတွက် ထိုင်း-မြန်မာနယ်စပ် အ‌ခြေစိုက် လူထု အ‌ခြေပြု အဖွဲ့အစည်းများ(စီဘီအို)က စု‌ပေါင်းဦး‌ဆောင်၍ ယ‌နေ့နံနက်တွင် ဝတ်ပြု ဆု‌တောင်းပွဲ တခု ပြုလုပ် ကျင်းပခဲ့ကြသည်။ အဆိုပါဆု‌တောင်းပွဲကို လူထု ‌ခေါင်း‌ဆောင် ‌ဒေါ်‌အောင်ဆန်းစုကြည်နှင့် နို်င်ငံ‌ရေး အကျဉ်းသား အားလုံးကို စစ်အစိုးရက ပြန်လွှတ်‌ပေးရန် ရည်ရွယ်၍ ပြုလုပ်ရခြင်း ဖြစ်သည် ဟု ကရင် အမျိုးသမီး အစည်းအရုံး(‌ကေဒဗလျူအို) အ‌ထွေ‌ထွေ...