Home သတင်း KNU တပ်မဟာ (၇)နယ်‌မြေတွင် နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းလှုပ်ရှား

KNU တပ်မဟာ (၇)နယ်‌မြေတွင် နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းလှုပ်ရှား

2008
‌အောက်တိုဘာလ (၂၄)ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ် ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ရှိ ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေတွင် နအဖစစ်တပ်နှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့တို့ ယခု လလယ်ပိုင်းမှစ၍ ပူး‌ပေါင်းလှုပ်ရှား‌နေသည်ဟု ‌ကေအဲန်အယ်လ်‌အေ ဒုတပ်ရင်းမှူးတဦးက ‌ပြောသည်။

‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၂) ဒုတပ်ရင်းမှူး ဗိုလ်မှူး‌စောဒီ့ကွယ်က “ဒီလ (၁၄)ရက်က‌နေစပြီး‌တော့ ဒီ‌နေ့အထိ နအဖ စစ် တပ်မှာ ခလရ (၂၀၈)တပ်ရင်း စစ်‌ကြောင်း(၁)၊ ဒီ‌ကေဘီ‌အေ တပ်ရင်း(၄)၊ တပ်ရင်း(၇)တို့ ပူး‌ပေါင်းပြီး‌တော့ က‌လေ့မို့ခီး၊ က‌လေ့ဖိုးကလိုး၊ မယ်ကရဲ၊ နို့လား‌လေးစတဲ့ ရွာ‌တွေမှာ ပူး‌ပေါင်းလှုပ်ရှားလာတာကို ကျ‌နော်တို့ ‌တွေ့ရတယ်။ အရင်တုန်းက အဲဒီ‌ဒေသ‌တွေ မှာ ဒီ‌ကေဘီ‌အေတပ်ဖွဲ့‌တွေပဲ လှုပ်ရှားတယ်”ဟု ဆိုသည်။

ယခုလို နအဖစစ်တပ်နှင့် ဒီ‌ကေဘီ‌အေတပ်တို့ ပူး‌ပေါင်းလှုပ်ရှားခြင်းသည် ၎င်း‌ဒေသအတွင်းရှိ ‌ကေအဲန်အယ်လ်‌အေ တပ်ဖွဲ့ များကို ‌ချေမှုန်းရှင်းလင်းရန်နှင့် သစ်ထုတ်လုပ်ရန်အတွက်ဖြစ်သည်ဟု ‌ကေအဲန်ယူ ဖားအံခရိုင် ဥက္ကဌ ပဒို‌စော‌အောင်‌မော်‌အေး က ‌ပြောသည်။

“ပထမတချက်က အဲဒီ‌ဒေသမှာ ကျ‌နော်တို့ လူ‌တွေ ပိုမိုလှုပ်ရှားတယ်။ သူတို့ (နအဖနှင့်ဒီ‌ကေဘီ‌အေ) တပ်ဖွဲ့နဲ့လည်း မကြာ ခဏဆိုသလို တိုက်ပွဲဖြစ်ပွားတယ်။ သူတို့ဘက်က ‌တော်‌တော်အထိနာတယ်‌လေ။ အဲဒီ‌တော့ ကျ‌နော်တို့ကို ရှင်းလင်းဖို့အ တွက် သူတို့ ပူး‌ပေါင်းလှုပ်ရှားတာ ဖြစ်တယ်။ ဒုတိယ တချက်က‌တော့ အဲဒီ‌ဒေသမှာရှိတဲ့ သစ်‌တွေကို ထုတ်လုပ်ဖို့အတွက်ပဲ ဖြစ်တယ်”ဟု သူက ‌ပြောသည်။

ထိုကဲ့သို့ ပူး‌ပေါင်းလှုပ်ရှားရာတွင် အနီးတဝိုက်ရှိ ရွာများမှ ရွာသား ၁ဝဦးထက်မနည်း ‌ပေါ်တာအဖြစ် ‌နေ့စဉ် လိုက်ပါသွားရ သည့်အပြင် နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းတပ်တို့သည် ရွာအတွင်းသို့ ‌နေ့စဉ် ဝင်‌ရောက်လာသည့်အတွက် ‌ကေအဲန်အယ် လ်‌အေတပ်ဖွဲ့နှင့် ရွာအတွင်း တိုက်ပွဲဖြစ်ပွားမည်ကို ရွာသူရွာသားများက စိုးရိမ်‌နေကြသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ (၁၇)ရက်‌နေ့ကလည်း အဆိုပါပူး‌ပေါင်းတပ်ဖွဲ့ကို ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၂၂)မှ တပ် ကြပ်‌စော‌လော‌မေ့ဖိုး ဦး‌ဆောင်သည့်တပ်ဖွဲ့က ချုံခိုတိုက်ခိုက်ခဲ့သည့်အတွက် ဒီ‌ကေဘီ‌အေတပ်ဖွဲ့ဝင် ၃ဦး ‌သေဆုံးပြီး ၃ဦးမှာ အပြင်းအထန် ဒဏ်ရာရရှိကာ နအဖစစ်တပ်ဘက်က ထိခိုက်‌သေဆုံးမှုမရှိ‌ကြောင်း ဗိုလ်မှူး‌စောဒီ့ကွယ်က ‌ပြောသည်။

ယခုလို နအဖနှင့် ဒီ‌ကေဘီ‌အေ ပူး‌ပေါင်းလှုပ်ရှားခြင်းမှာ ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေ ထိုးစစ်အပြီး‌နောက်ပိုင်းတွင် ပထမ ဆုံးအကြိမ် ဖြစ်သည်။ ထိုအ‌တောအတွင်း ‌ကေအဲန်ယူ တပ်မဟာ(၇)နယ်‌မြေတွင် ဒီ‌ကေဘီ‌အေ တပ်မဟာ (၅၅၅)၊ (၉၉၉) လက်‌အောက်ခံတပ်ရင်းများနှင့် ‌ကေအဲန်ယူ တပ်မဟာ(၇) လက်‌အောက်ခံတပ်ရင်းများက လှုပ်ရှားလျှက်ရှိပြီး နအဖစစ်တပ် များက ယခုလ အ‌စောပိုင်းမှ စတင်လှုပ်ရှားလာခြင်းဖြစ်သည်။

၎င်းနယ်‌မြေသည် ပြီးခဲ့သည့် ဇွန်လတုန်းက နအဖ စစ်တပ်နှင့် ဒီ‌ကေဘီ‌အေ တပ်မဟာ သုံးခု ပူး‌ပေါင်းကာ ‌ကေအဲန်ယူကို ထိုးစစ် ဆင်ခဲ့ရာ နယ်‌မြေများဖြစ်ပြီး ထိုးစစ်‌ကြောင့် ‌ဒေသခံကရင်ပြည်သူ ၄,၀၀၀‌ကျော် ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်သို့ ထွက်‌ပြေးခိုလှုံခဲ့ကြရသည်။