နိုဝင်ဘာလ ၄ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ထိုးစစ်‌ကြောင့် ထိုင်းနိုင်ငံ တာ့ခ်ရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်သို့ ထွက်‌ပြေးခိုလှုံ‌နေ‌သော စစ်‌ပြေးဒုက္ခသည်စခန်းများမှ ဒုက္ခ သည်များမှာ မျက်စိနာ‌ရောဂါ များစွာ ကူးစက်ဖြစ်ပွား‌နေသည်ဟု ထိုစခန်းအတွင်းမှ ‌ဆေးဝန်ထမ်းများက ‌ပြောသည်။ အဆိုပါ‌ရောဂါသည် လွန်ခဲ့သည့် ‌အောက်တိုဘာလကုန်ပိုင်းမှ စတင်ဖြစ်ပွားခဲ့‌သော်လည်း ယခုအချိန်ထိ ‌လျော့နည်းသွားခြင်း မရှိဘဲ ကူးစက်မှု ပိုများလာ‌ကြောင်း အူးသူးထာ့ယာယီဒုက္ခသည်စခန်းမှ ကျန်းမာ‌ရေးတာဝန်ခံ ‌စော‌မောင်‌လေးက ‌ကေအိုင်စီ ကို ‌ပြောသည်။ ၎င်းက “ဖြစ်တာ တပတ်နီးပါးရှိ‌နေပြီ သက်သာလာတာကို ကျ‌နော်တို့ မ‌တွေ့ရ‌သေးဘူး။ ပိုပြီး ဆိုးလာတာကိုပဲ ကျ‌နော်တို့...
ငြိမ့်ငြိမ့်‌လေးထင်ရ‌နေ စိမ့်စိမ့်‌လေးလား၊ ဝါးမျိုသွား‌ပေ ‌မြေရှင်‌တွေ၊ ပ‌ဒေသရာဇ်လို မျိုးချစ်ကမ်းပါး‌တွေကို၊ သူတိုက်ဖြိုသွားကြ။ တလိမ့်လိမ့်ဝင်‌ရော ‌တွေး‌တောမဆစ်၊ ‌သွေး‌နှောစနစ်‌တွေ ငါ့လယ်‌မြေစပါး၊ မြစ်‌ရေများနဲ့ ကမ်းပါးလွန်သူဖျက်ဆီး။ ဖားဖားချင်း၊ ငါးငါးချင်း ဓားဓားချင်း၊ ‌ဖြေရှင်းတဲ့စနစ် မဟာ‌ခေတ်‌တွေက လာကြတယ်‌လေ။ နိုင်ငံ‌ရေး၊ လူမျိုး‌ရေး ပညာ‌ရေး၊ စီးပွား‌ရေးမှာ ‌တွေးမတတ်၊ ‌ရေးမတတ် ‌ဘေးကြပ်‌အောင်ထား၊ လုံးပါးပါး‌စေ မဟာရူး‌တွေ ကြံစည်ခဲ့ကြ‌ပေါ့။ ကြိုးတူမျိုးရင်း၊ ‌မောင်မယ်ချင်း‌တွေ သတိ‌နေထား၊ မှတ်သွားကြ‌လေ မြစ်‌တွေဓ‌လေ့၊ အ‌ရှေ့အ‌နောက် ‌ကွေ့‌ကောက်ခိုဝင်၊ တသွင်သွင်‌မျော ညှင်ညှင်‌သောရာ၊ ဝဲ‌ပေါပါဘိ‌လေ။ အပယ်တံခါး‌ခေါက်သလို နယ်ခြား‌စောင့်ဘဝမှာ ‌တောင့်တစရာ၊ ဘာကျန်မှာလဲ မြစ်ဝဲဂယက်၊ နှစ်ဆွဲသတ်မှာမို့ မြစ်မာယာ၊ စစ်မာယာကြား တို့ကို ပစ်ခွာမသွားနဲ့သူငယ်ချင်း။ (လကင်္ာဒီပ)
နိုဝင်ဘာလ ၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့တွင် ထိုင်းနှင့် မြန်မာ နယ်စပ်အာဏာပိုင်တို့အကြား တင်းမာမှု ‌ခေတ္တဖြစ်ပွားခဲ့ရာမှ ယ‌နေ့ ပြန်လည်ဖွင့်လှစ်လိုက်‌သော်လည်း နယ်စပ်သွားလာမှုမှာ ပုံမှန်မဖြစ်‌သေးဟု သိရသည်။ ‌အောက်တိုဘာလ ၃ဝရက်‌နေ့တွင် စတင်ဖြစ်ပွားခဲ့သည့် အဆိုပါတင်းမာမှုသည် တဖက်နှင့်တဖက် နယ် ‌မြေကျူး‌ကျော်မှု‌ကြောင့်ဖြစ်ပြီး နယ်စပ်ဖြတ်‌ကျော်ခွင့်ကို နှစ်ဖက်အာဏာပိုင်များက ‌ခေတ္တပိတ်ပင်ခဲ့ရာ ယခုပြန်လည်ဖွင့်လှစ်ခဲ့‌သော်လည်း ယခင်လို လူအစုလိုက်အပြုံလိုက် ဖြတ်‌ကျော်ခွင့် မ‌ပေး‌သေး‌ကြောင်း ဘုရားသုံးဆူမှ ဒီ‌ကေဘီ‌အေ တပ်မှူးတဦးက ‌ပြောသည်။ ၎င်းက “၃ဝရက်‌နေ့ ည‌နေ ၆နာရီမှာ မြန်မာဘက်က စပိတ်တယ်။ နယ်စပ်...
‌အောက်တိုဘာလ ၃၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ‌ကေအဲန်ယူ တပ်မဟာ (၇)နယ်‌မြေတွင် ယမန်‌နေ့က ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ) တပ်ဖွဲ့ဝင်များ၏ ဆွဲမိုင်း‌ကြောင့် နအဖစစ်တပ် ခမရ ၂၀၈တပ်ရင်း၊ စစ်‌ကြောင်း (၁)မှ တပ်ဖွဲ့ဝင် ၄ဦး ‌သေဆုံးပြီး ၃ဦးက အပြင်းအထန် ထိခိုက်ဒဏ်ရာရှိခဲ့သည်ဟု သတင်းရရှိသည်။ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း (၂၂) ဒုတပ်ရင်းမှူး ဗိုလ်မှူး‌စောဒီ့ကွယ်က “မ‌နေ့က မနက် ၆နာရီ မိနစ် ၅ဝအချိန်မှာ နအဖ ခမရ ၂၀၈တပ်ရင်းမှ စစ်‌ကြောင်း(၁)...
‌အောက်တိုဘာ ၃၁။ နန်းထူးစံ (‌ကေအိုင်စီ) ကရင်ပြည်နယ်‌မြောက်ပိုင်း၊ သံလွင်မြစ်၏ အ‌ရှေ့ဘက်ခြမ်းရှိ ကရင်နီ‌ဒေသတွင် နအဖ တပ်နှင့် ကရင်အမျိုးသား လွတ်‌မြောက်‌ရေး တပ်မ‌တော် (‌ကေအဲန်အယ်လ်‌အေ)နှင့် ကရင်နီအမျိုးသား တိုးတက်‌ရေးပါတီ(‌ကေအဲန်ပီပီ) ပူး‌ပေါင်းတပ်ဖွဲ့တို့အကြား ယမန်‌နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖတပ်ဘက်မှ စစ်‌ကြောင်းမှူး တဦးအပါအဝင် တပ်သား ၉ဦး ကျဆုံးသွားခဲ့ပြီး ၄ဦး ဒဏ်ရာ ရရှိခဲ့သည်ဟု ထို‌ဒေသမှ လာသည့်သတင်းအရ သိရသည်။ ထို‌နေ့ည ၇းဝဝနာရီအချိန်တွင် ကရင်နီပြည်နယ် ‌လောပိတအ‌ခြေစိုက် အ‌ရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် လက်‌အောက်ခံတပ်ရင်း ခမရ (၅၃၀)မှ စစ်‌ကြောင်း(၂)က...
‌အောက်တိုဘာ ၂၉ရက်။ နန်းထူးစံ (‌ကေအိုင်စီ) နယ်ခြား‌စောင့်တပ်အဖြစ် အသွင်‌ပြောင်း‌ရေးအတွက် နအဖ စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံမည်မဟုတ်‌ကြောင်း ‌ကေအဲန်ယူ/ ‌ကေအဲန်အယ်လ်‌အေ-ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့က ‌အောက်တိုဘာ (၂၀)ရက်‌နေ့တွင် ‌ကြေညာချက်တ‌စောင် ထုတ်ပြန်လိုက်သည်။ နအဖ ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ခင်‌ဇော်တို့ ဦးစီး‌သော အထက်တန်းအရာရှိ (၂၀)ဦးတို့သည် ဗိုလ်မှူးချုပ်‌စော‌ဌေး‌မောင် ‌ခေါင်း‌ဆောင် ‌သော ‌ကေအဲန်ယူ/‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့ကို တပ်အသွင်‌ပြောင်း‌ရေးကိစ္စ လက်ခံရန်အတွက် ကရင်ပြည် နယ်၊ ဖားအံမြို့တွင် ‌အောက်တိုဘာ ၁ရက်‌နေ့က လာ‌ရောက်‌တွေ့ဆုုံကာ ကမ်းလှမ်းခဲ့သည်ကို လက်မခံနိုင်‌ကြောင်း ထို‌ကြေညာချက် တွင် ‌ဖော်ပြထားသည်။ ငြိမ်းချမ်း‌ရေး‌ကောင်စီအ‌နေဖြင့်...
‌အောက်တိုဘာလ ၂၇ရက်။ ‌ကေအိုင်စီ နအဖ စစ်အစိုးရကို ‌တော်လှန်‌နေသည့် ကရင်‌ခေါင်း‌ဆောင်များ ‌နေထိုင်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ ‌နေရာအ ချို့ကို ထိုင်းအာဏာပိုင်များက ယ‌နေ့နံနက်‌စော‌စောပိုင်းတွင် ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။ ထိုင်းစစ်တပ်၊ ရဲနှင့် သာမန်အဝတ်အစားများ ဝတ်ဆင်ထားသည့် အဖွဲ့‌ပေါင်းစုံက အာဏာပိုင်များသည် ‌ကေအဲန်ယူ ထိပ်ပိုင်း ‌ခေါင်း‌ဆောင်များ ‌နေထိုင်ခဲ့သည့်‌နေအိမ်များသို့ စစ်‌ဆေးခွင့် စာရွက်စာတမ်းများဖြင့် လာ‌ရောက်‌မေးမြန်းစစ်‌ဆေးကာ မှတ် တမ်းဓာတ်ပုံများ ရိုက်ယူခဲ့သည်ဟု ကိုယ်တိုင်ကြုံ‌တွေ့ခဲ့သည့် အမည်မ‌ဖော်လိုသူ မိသားစုဝင်တဦးက ‌ပြောသည်။ “လာတာက‌တော့ အများကြီးပဲ။ အနည်းဆုံး ဆယ်‌ယောက်‌ကျော်တယ်။ မနက်အ‌စောကြီး...
န.က.သ ‌ခေါ် မြဝတီကုန်သွယ်‌ရေးဇုံသည် မြန်မာနိုင်ငံ၏ အဓိကနယ်စပ် ကုန်သွယ်‌ရေးလုပ်ငန်း အမှတ်(၂) အဆင့် ရှိသည်။ ထိုကုန်သွယ်‌ရေးဇုံသည် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်-မြဝတီ‌ဒေသတို့၏ အဓိက ကုန်သွယ်‌ရေးလမ်း‌ကြောင်းဖြစ်ပြီး ဇုံတာ ဝန်ခံအဖြစ် ဦးစီး‌ဆောင်ရွက်သူမှာ ယခင် မြန်မာတပ်မ‌တော်မှ ဗိုလ်မှူးအဆင့်ရှိ န.က.သ နယ်စပ်ကုန်သွယ်‌ရေး ညွန်ကြား‌ရေး မှူး ဦး‌အောင်စိုးသိန်း ဖြစ်သည်။ ညွန်မှူးဦး‌အောင်စိုးသည် နယ်စပ်ကုန်သွယ်‌ရေးတွင် လုပ်ကို်င်သွားလာ‌နေသည့် ကုန်သည်များ ၏ တရားမဝင် ၁၂ဘီးကားဖြင့် သယ်‌ဆောင်လာ‌သော ကုန်ပစ္စည်းများအ‌ပေါ် မူတည်ပြီး ‌ငွေ‌တောင်းခံ‌နေပါသည်။ နိုင်ငံ‌တော် က...
‌စောဖိုးထူး ၁၉နှစ် ဝါသနာ နိုင်ငံ‌ရေး ပညာ‌ရေး အထက်တန်း‌အောင် ကျ‌နော်ရဲ့ဇာတိက ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ နို့လား‌ကျေးရွာကပါ။ ‌မောင်နှမ (၃)‌ယောက်ထဲမှာ ကျ‌နော်က အငယ်ဆုံးပါ။ ကျ‌နော်သုံးလသားအရွယ်ကတည်းက အ‌ဖေဆုံးသွား‌တော့ အခုဆို အ‌မေပဲ ရှိ‌တော့တယ်။ အ‌ဖေမရှိတဲ့‌နောက် ကျ‌နော်တို့ မိသားစုအ‌ခြေအ‌နေက သိပ်မ‌ကောင်း‌တော့ဘူး။ ‌နောက် ရွာက နယ်‌မြေအ‌ခြေအ‌နေကလည်း မတည်မငြိမ်ဖြစ်လာ တဲ့အခါကျ‌တော့...
‌စော‌ရေးနယာ ၂၃နှစ် ဝါသနာ နိုင်ငံ‌ရေး ပညာ‌ရေး အထက်တန်းလွန်‌ကျောင်း ကျ‌နော့်ဇာတိက ‌တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၊ စီဂဲဒဲ‌ကျေးရွာပါ။ လက်ရှိမှာ‌တော့ ကျ‌နော့်တို့မိသားစု မယ်လအူးဒုက္ခသည် စခန်းမှာပဲ ‌နေတယ်။ ‌မောင်နှမ ၄‌ယောက်မှာ ကျ‌နော်က အငယ်ဆုံး။ ပြည်တွင်းမှာ ၉တန်းအထိ ‌ကျောင်း‌နေခဲ့‌ပေမဲ့ အစိုးရ ‌ကျောင်းမဟုတ်ဘူး။ ‌တောင်ငူခရိုင် ‌တောထဲမှာဖွင့်တဲ့ ‌ကော်သူး‌လေအထက‌ကျောင်းမှာ တက်ခဲ့တယ်။ စစ်အစိုးရရဲ့...