Home သတင်း ဒီ‌ကေဘီ‌အေတပ်ဖွဲ့မှ က‌လေးစစ်သားနှင့် ‌ပေါ်တာ (၄)ဦး ထွက်‌ပြေးလွတ်‌မြောက်

ဒီ‌ကေဘီ‌အေတပ်ဖွဲ့မှ က‌လေးစစ်သားနှင့် ‌ပေါ်တာ (၄)ဦး ထွက်‌ပြေးလွတ်‌မြောက်

1626
‌အောက်တိုဘာလ ၁၃ရက်။ ‌စောသိန်းမြင့်(‌ကေအိုင်စီ)

‌ကေအဲန်ယူ တပ်မဟာ (၇)နယ်‌မြေတွင် လှုပ်ရှား‌နေ‌သော တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မ‌တော် (ဒီ‌ကေ ဘီ‌အေ)တပ်ဖွဲ့မှ က‌လေးစစ်သားနှင့် ‌ပေါ်တာ စုစု‌ပေါင်း(၄)ဦး ထိုင်းနိုင်ငံ နယ်စပ်တ‌နေရာသို့ ထွက်‌ပြေးလာ‌ကြောင်းသိရသည်။

ယခုလ ၉ရက်‌နေ့တွင် ထွက်‌ပြေး‌ရောက်ရှိလာသည့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့မှ က‌လေးစစ်သားနှင့် ‌ပေါ်တာများသည် အသက် ၁၄ နှစ်နှင့် ၁၇နှစ်တို့ကြားတွင်ရှိပြီး ၎င်းတို့သည် ဒီ‌ကေဘီ‌အေတပ်ဖွဲ့၏ အတင်းအဓမ္မ ‌ခေါ်‌ဆောင်ခြင်း ခံရ‌သောသူများဖြစ်သည်ဟု ၎င်းတို့ကိုယ်တိုင် ‌ပြောပြချက်များအရ သိရသည်။

ယင်းသို့ ထွက်‌ပြေးလွတ်‌မြောက်လာသူ အသက်မပြည့်‌သေး‌သော က‌လေးစစ်သားနှစ်ဦးမှာ ဒီ‌ကေဘီ‌အေတွင် လုပ်သက် သုံး နှစ်‌ကျော်ရှိသူ ‌စောဖါးကလိုဒို့ ၁၄နှစ်နှင့် လုပ်သက် တနှစ်ခွဲရှိ ‌စောချင်းလုံ ၁၇နှစ်တို့ဖြစ်ကြပြီး ‌ပေါ်တာနှစ်ဦးမှာ ‌စောအ‌ကျော် ၁၇နှစ်နှင့် ‌စောအ‌အေး ၂ဝနှစ်တို့ဖြစ်သည်။

ဒီ‌ကေဘီ‌အေတပ်ဖွဲ့ထဲတွင် အသက်မပြည့်‌သေး‌သော က‌လေးစစ်သားနှင့် ‌ပေါ်တာများကို ငယ်သူနှိပ်စက်စနစ်ဖြင့်လည်း ‌ကောင်း၊ အမျိုးမျိုးခြိမ်း‌ခြောက်မှုများဖြင့်လည်း‌ကောင်း အနိုင်ကျင့်မှုများရှိ‌ကြောင်း ထွက်‌ပြေးလွတ်‌မြောက်လာသူများက ‌ပြော သည်။

ဒီ‌ကေဘီ‌အေ တပ်မဟာ (၉၉၉) တပ်ရင်း(၅)တွင် စစ်သားလုပ်ခဲ့ရသူ ‌စောချင်းလုံက “ကျ‌နော်တို့ သွား‌ခေါ်တုန်းက‌တော့ တနှစ်‌ကျော်ပဲ ဝင်လုပ်ရမယ်။ အခု‌တော့ ကျ‌နော်တို့ကို တသက်လုံး ဒီ‌ကေဘီ‌အေလုပ်ခိုင်းမယ်လို့ ‌ပြောတယ်။ ‌ချောင်း (‌သောင် ရင်းမြစ်)ကိုကူးရင် ပစ်သတ်ခွင့်ရှိတယ်။ ညအချိန် ထွက်‌ပြေးတာ‌တွေ့ရင် ပစ်သတ်၊ ‌နေ့လယ်ပိုင်းမှာလည်း ‌တွေ့ရင်ပစ်သတ်၊ အမိန့်လို့ ‌ပြောတယ်။ ထွက်‌ပြေးလို့ ပထမတခါ ပြန်မိရင် ရိုက်ပြီး‌တော့ အပြစ်‌ပေးတယ်။ ‌နောက်တခါ ထွက်‌ပြေးလို့ ပြန်မိရင် သတ်ပစ်တာ ကျ‌နော့် မျက်စိနဲ့ တပ်အပ်မြင်ခဲ့ရတယ်”ဟု ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောဆိုသည်။

သူက ဆက်လက်၍ “တပ်ထဲမှာဆို ကိုယ့်မျက်နှာကို နည်းနည်း‌လေးမှ မ‌ထောက်‌တော့ဘဲ ‌ခွေးလိုဝက်လို၊ ကျွဲလိုပဲ ခိုင်းပြီး ‌တော့ စိတ်မထင်ရင် ရိုက်တယ်။ စာနာစိတ်လုံးဝမရှိဘူး။ ‌တောင်တက်ခိုင်းရင်လည်း လူသစ်၊ လူ‌ဟောင်း မခွဲဘူး၊ အတင်း ‌မောင်းတယ်။ ကျ‌နော်တို့လို က‌လေး‌တွေဆို ကျင်းတူး၊ ထမင်းချက် တ‌နေကုန် တချက်မှ မနားရဘူး။ စားစရာဆိုလည်း ဘာမှ မရှိဘူး။ ဟိုအနွယ်၊ ဒီအညွှန့် လိုက်ရှာပြီး‌တော့ ခူးစား‌နေရတယ်။ သားငါးဆို နှစ်လ သုံးလမှ တခါ စားရတယ်။ ကျ‌နော် ‌တော် ‌တော် စိတ်ကုန်သွားတယ်”ဟု ဆိုသည်။

၎င်းတို့အထဲတွင် အသက် ၁၄နှစ်အရွယ်ရှိ ‌စောဖားကလိုဒိုသည် ဆယ်နှစ်သားအရွယ်ကပင် ဒီ‌ကေဘီ‌အေတပ်ဖွဲ့၏ စစ်သားစု ‌ဆောင်းခြင်းကိုခံရပြီး မဝင်နိုင်ပါက ‌ပေး‌ဆောင်ရန် ကျပ်‌ငွေနှစ်‌သောင်း မရှိသည့်အတွက် ဒီ‌ကေဘီ‌အေစစ်တပ်တွင် ၃နှစ်‌ကျော် တိုင်တိုင် စစ်သားအဖြစ် တာဝန်ထမ်း‌ဆောင်ခဲ့ရခြင်းဖြစ်သည်ဟု ယခုလို ‌ပြောသည်။

‌စောဖားကလိုဒိုက “ကျ‌နော်တို့ ‌မောင်နှမ ‌လေး‌ယောက်မှာ ကျ‌နော်က အငယ်ဆုံး။ အ‌မေက မုဆိုးမ။ ညီအကိုနှစ်‌ယောက် ရှိ ‌ပေမဲ့ အကိုက အိမ်‌ထောင်နဲ့ဆို‌တော့ စစ်သားလုပ်ဖို့ ကျ‌နော့်ကိုပဲ ‌ခေါ်တယ်။ မဝင်နိုင်တဲ့သူ‌တွေကို ‌ငွေနှစ်‌သောင်း ‌တောင်း‌တော့ အ‌မေက မ‌ပေးနိုင်ဘူး ‌လေ။ ဒါ‌ကြောင့် ဒီ‌ကေဘီ‌အေ စစ်သားဖြစ်လာရတာ။ တပ်ထဲမှာလည်း ကျ‌နော့်ထက်ငယ်တဲ့သူ‌တွေ ‌တောင် ရှိ‌သေးတယ်”ဟု ‌ပြောပြသည်။

ဒီ‌ကေဘီ‌အေတပ်သည် နအဖ၏ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေအရ တပ်ရင်းတရင်းလျှင် အင်အား ၃၂၆ဦး သတ်မှတ် ထားသည့်အတွက် လျာထားသည့်အတိုင်း ပြည့်မီရန် ယခုလို အသက်မပြည့်သူများကိုပါ လိုက်လံ‌ကောက်ခံ စု‌ဆောင်း‌နေ ခြင်းဖြစ်သည်။

သို့‌သော် ၎င်းတို့တပ်ထဲတွင် ကျန်းမာ‌ရေးချို့တဲ့သူများကို အနည်းအကျဉ်းသာ ပြုစု‌စောင့်‌ရှောက်သလို အထမ်းသမား‌ပေါ်တာ များကို မထမ်းနိုင်ပါက ကန်‌ကျောက်ရိုက်နှက်မှုများ မကြာခဏ ကြုံခဲ့ရသည်ဟု အဆိုပါ အသက်မပြည့်‌သေးသည့် က‌လေးစစ် သားနှင့် ‌ပေါ်တာများက ထုတ်‌ဖော်‌ပြောဆိုခဲ့သည်။