နိုဝင်ဘာလ ၁၆ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ မဲ‌ဆောက်မြို့ရှိ (wide Horizon School)ဆယ်တန်းလွန်‌ကျောင်းတွင် ပညာသင်ကြား‌နေ‌သော ‌ကျောင်းသားနှစ်ဦးသည် ပြီးခဲ့သည့်အပတ် စ‌နေ‌နေ့ ည‌နေ ၆နာရီ အချိန်တွင် ဓါးပြတိုက်ခံရ‌ကြောင်း သိရသည်။ ၎င်းတို့ နှစ်ဦးသည် ‌ကျောင်းရှိ ‌ကျောင်းသူ‌ကျောင်းသားများအတွက် ချက်စရာ၊ ပြုတ်စရာများ ကို ‌ဈေးသို့ သွားဝယ်အပြီး အပြန်လမ်းတွင် ဓါးပြတိုက်ခံရခြင်းဖြစ်သည်ဟု ဓါးပြတိုက်ခံရသူ ‌ကျောင်းသားတဦးက ‌ကေအိုင်စီ ကို ‌ပြောသည်။ သူက “ကျ‌နော်တို့ စက်ဘီးနဲ့ ‌ဈေးမှ အပြန်မှာ ဆိုင်ကယ်စီး‌နေတဲ့ လူနှစ်‌ယောက်က...
နိုဝင်ဘာလ ၁၆ရက်။ နန်းထူးစံ (‌ကေအိုင်စီ) ယခုရက်ပိုင်းအတွင်း နအဖနှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့တို့၏ အမျိုးမျိုး‌သော ဖိအား‌ပေး ခိုင်း‌စေခြင်းများအ‌ပေါ် မခံနိုင်‌တော့သဖြင့် ဖာပွန်ခရိုင်‌ဒေသတွင်းရှိ ထွီသီးအုရွာမှ ရွာသူရွာသား(၉၀)‌ကျော်သည် လွှတ်‌မြောက်ရာ ‌ဒေသများအတွင်းသို့ ရွာလုံးကျွတ် ထွက်‌ပြေးတိမ်း ‌ရှောင်‌နေကြသည်ဟု သိရသည်။ ‌ကေအဲန်ယူ တပ်မဟာ(၅)နယ်‌မြေ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ ထွီသီးအု‌ကျေးရွာတွင် ‌နေထိုင်ကြ‌သော ရွာသူရွာသားများသည် နိုဝင်ဘာလ ၉ရက်‌နေ့မှစ၍ ရွာမှ စတင်ထွက်ခွာခဲ့ပြီး ၁၄ရက်‌နေ့တွင် မယ်ပလယ်‌ကျေးနယ်အတွင်းရှိ မယ်ခူးထာ့‌ကျေးရွာသို့ ‌ရောက်ရှိခိုလှုံ‌နေကြသည်ဟု ‌ဒေသခံတဦး၏ ‌ပြောပြချက်အရ သိရသည်။ “အခု ဒီ‌ကေဘီ‌အေ‌တွေက ဘူးသိုမြို့နယ်အတွင်းမှာ...
နိုဝင်ဘာ ၁၄ရက်။ (‌ကေအိုင်စီ) ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ နအဖနှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့များက ၎င်းတို့ လှုပ်ရှားရာ ‌ဒေသများအတွင်း ‌နေထိုင်ကြသည့် ရွာ သူရွာသားများအား ယခုလဆန်းပိုင်းမှစ၍ ‌နေ့‌ရောညပါ အချိန်ပြည့် ‌ခေါ်ယူခိုင်း‌စေလျှက်ရှိ‌ကြောင်း သိရသည်။ ဖာပွန်မြို့တွင် အ‌ခြေစိုက်သည့် နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(၁)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး‌ဝေလင်းက ၎င်းတို့တပ်ဖွဲ့နှင့် တပ် စခန်းများအတွက် ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ပို့‌ဆောင်ရန်နှင့် သွားလာ‌ရေး လွယ်ကူ‌စေရန်အတွက် လမ်း၊ တံတားများ ပြုပြင်ရန် ဘူးသိုနှင့် ဒွဲလိုးမြို့နယ်အတွင်း လှုပ်ရှား‌နေ‌သော ဒီ‌ကေဘီ‌အေ တပ်ဖွဲ့များကို ညွန်ကြားခဲ့သည့်အတွက်...
‌အောက်တိုဘာလ ၁၃ရက်။ (‌ကေအိုင်စီ) ထိုင်းနိုင်ငံ၊ ထာ့‌ဆောင်ယန်းမြို့နယ် နိုဘိုး‌ကျေးရွာအတွင်းရှိ ယာယီဒုက္ခသည်စခန်းတွင် စာသင်‌ကျောင်းအ‌ဆောက်အဦး ပြင် ဆင်ခွင့် မရသည့်အတွက် ‌ကျောင်းသူ‌ကျောင်းသား စာသင်ရန်အခက်အခဲဖြစ်‌နေပြီး ယခုချိန်တွင် ‌ကျောင်းကို ပိတ်ထားရသည် ဟု ‌ကျောင်းဆရာတဦး၏ ‌ပြောပြချက်အရ သိရသည်။ အလယ်တန်းအထိ ဖွင့်လှစ်ထား အဆိုပါ‌ကျောင်းသည် ပထမအစမ်းစာ‌မေးပွဲ‌ဖြေပြီး ‌ကျောင်းသူ‌ကျောင်းသားများအတွက် အား လပ်ရက်အ‌နေဖြင့် ‌အောက်တိုဘာ ၁၆ရက်မှစ၍ နိုဝင်ဘာလ ၁ရက်‌နေ့အထိ ‌ကျောင်းကို ပိတ်ထားခဲ့ပြီး ထို‌ကျောင်းပိတ်ရက် အ‌တောအတွင်း ‌ကျောင်းအမိုးအကာများ ပြန်လည်ပြုပြင်ရန် လုပ်‌ဆောင်‌နေစဉ် ထိုင်းအာဏာပိုင်များ လာ‌ရောက်တားမြစ်ခဲ့ သဖြင့်...
နိုဝင်ဘာလ ၁၃ရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ) မယ်လအူးဒုက္ခသည်စခန်းအတွင်း တတိယနိုင်ငံ‌လျှောက်ထားသူများအတွက် ယခု နိုဝင်ဘာလ ၃ရက်‌နေ့မှစ၍ ၂ဝရက်‌နေ့အ ထိ ယူအဲန်အိတ်ချ်စီအာရ်က ပထမအဆင့် လူ‌တွေ့‌မေးမြန်းခြင်း စတင်ပြုလုပ်‌နေပြီဟု ကရင်ဒုက္ခသည်များ‌ကော်မတီ (‌ကေအာ ရ်စီ) တာဝန်ခံ ‌စောတူးတူးက ‌ကေအိုင်စီကို ယ‌နေ့‌ပြောသည်။ ပြီးခဲ့သည့် ‌မေလ‌နှောင်းပိုင်းနှင့် ဇွန်လအ‌စောပိုင်းတွင် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (ယူအဲန်အိတ်ချ်စီ အာရ်)က မယ်လအူးစခန်း၌ ၂၀၀၅ ခုနှစ်အထိ လူ‌ဟောင်း စာရင်းဝင်သူများအားလုံး အ‌မေရိကန်နိုင်ငံသို့ ‌လျှောက်ချင်သူများ အမည်စာရင်း တင်သွင်းကြရန် စာရင်း‌ကောက်ခံခဲ့ပြီး‌နောက် ယခု အင်တာဗျူး...
နိုဝင်ဘာလ ၁၂ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ မြဝတီအ‌ခြေစိုက် နအဖစစ်တပ် ခလရ ၂၇၅ တပ်ရင်းမှ တပ်သား ၄ဦး၊ လက်နက်ငယ် ၂ လက်နှင့်အတူ ‌ပျောက်ဆုံးခဲ့ရာ ယခုအချိန်ထိ ရှာ‌ဖွေ္ဂ‌တွေ့ရှိမှု မရှိ‌သေး‌ကြောင်း အဆိုပါ တပ်ရင်းနှင့် နီးစပ် သူများက ‌ပြောသည်။ ယခုလ ၁၀‌နေ့ ည‌နေတွင် အဆိုပါ တပ်သား ၄ဦးသည် မြဝတီနှင့် သဃင်္န်းညီ‌နောင်ကြား ကားလမ်းမ ကြီး‌ဘေးတွင် ဧက ၂ဝ ဝန်းကျင်ရှိ ရာဘာခြံတွင် မြက်ပင်များ သွားရှင်းရာမှ ‌ပျောက်ဆုံးသွားခြင်းဖြစ်...
နိုဝင်ဘာလ ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ခရီးသည်တင်သ‌ဘေင်္ာအား ကရင်အမျိုးသားအစည်းအရုံး ‌ကေအဲန်ယူ တပ်ဖွဲ့ဝင်များက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ရာ ခရီးသည် သုံးဦး‌သေဆုံးပြီး နှစ်ဦး ဒဏ်ရာရသည်ဟု ယ‌နေ့ထုတ် စစ်အစိုးရပိုင် ‌ကြေးမုံသတင်းစာတွင် ထုတ်ပြန်‌ရေးသားခြင်းသည် ဖြစ်နိုင်‌ခြေမရှိ‌ကြောင်း ‌ကေအဲန်ယူက ‌ပြောသည်။ ‌ကေအဲန်ယူ တွဲဘက်အတွင်း‌ရေးမှူး (၁) ဗိုလ်မှူး‌စောလှ‌ငွေက “အဲဒီဂွင်မှာ ကျ‌နော်တို့ တပ်မဟာ (၁)နယ်‌မြေ တပ်ရင်း (၁) လှုပ်ရှားရာ‌ဒေသဖြစ်‌ပေမယ့် သွားတိုက်လို့ရှိရင် တရက်ခရီးသွားရမယ်။ တိုက်ပြီး အပြန်ခရီးမှာ ရန်သူ‌တွေ ရဲ့ ‌ချောင်ပိတ်မှုခံရမှာ‌ပေါ့။ အခုဖြစ်တာက...
နိုဝင်ဘာလ ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ် ‌အေ)က နအဖ စစ်တပ်ကို ယ‌နေ့တရက်တည်းတွင် နှစ်ကြိမ်ဝင်‌ရောက်တိုက်ခိုက်ခဲ့သည်ဟု ‌ကေအဲန်အယ်လ် ‌အေ ဒုတပ်ရင်းမှူးတဦးက ‌ပြော သည်။ ‌ကေအဲန်ယူ တပ်မဟာ (၆)နယ်‌မြေ ‌ဝေါ်‌လေအ‌ခြေစိုက် တပ်ရင်း(၂၀၁)မှ တပ်ဖွဲ့ဝင်များသည် မကြာ‌သေး ခင်က ဘုရင့်‌နောင် အလယ်ကုန်းသို့ ‌ရောက်ရှိလာသည့် အင်အား (၅၀)ခန့်ရှိ ဒုဗိုလ်မှူးကြီး မျိုးမြင့်‌အောင် ဦးစီး‌သော နအဖစစ်တပ် ခလရ (၂၈၄) တပ်ရင်းကို နှစ်ကြိမ်တိတိ ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ နအဖစစ်တပ်...
ဖိုးထူးထူး (ထူးဘီ-တပ်မဟာ ၁) ဘယ်သမိုင်း၊ ‌တော်လှန်‌ရေး တိုက်ပွဲ‌တွေမှာမဆို အမျိုးသမီး‌တွေရဲ့ အခန်းကဏ္ဍဟာ တ‌ထောင့်တ‌နေရာ မှာ ပါဝင်စမြဲပါ။ သို့‌သော်လည်း သူတို့ရဲ့ ပါဝင်မှုကို အနည်းအကျဉ်းသာ အသိအမှတ်ပြုခံရတာ (သို့မဟုတ်) လုံးဝ အသိအမှတ်ပြုမခံရတာဟာ နှစ်‌ပေါင်းများစွာကထဲက ဖြစ်တည်‌နေခဲ့တဲ့ အမှန်တရားဖြစ်သလို ယ‌နေ့ထက်ထိတိုင်လဲ မှန်ကန်‌နေဆဲလို့ ‌ပြောရင် ငြင်းလို့ရမယ်မထင်ပါဘူး။ လူ‌တွေရဲ့ ‌ခေါင်းထဲမှာ သံမှိုစွဲရိုက်ထားသလို ထင်ကျန်‌နေတဲ့ အယူသီးမှု‌တွေထဲက အမျိုးသမီးများ‌တွေရဲ့ ‌ခေါင်း‌ဆောင်မှုအ‌ပေါ် အထင်အမြင်‌သေးတာဟာ အဆိုးရွားဆုံး ကျန်ရှိ‌နေ‌သေးတဲ့ အယူသီးမှုထဲမှ တခု အပါအဝင် ဖြစ်ပါတယ်။...
နိုဝင်ဘာလ ၆ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ) ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) အတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ဇနီး နန့်‌ရွှေကျင် တို့အား ရည်စူး၍ ၎င်းတို့၏ သားသမီးများ တည်‌ထောင်ထားသည့် ဖန်း‌ဖောင်‌ဒေးရှင်းက ဒုတိယအကြိမ် ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုကို ချီးမြှင့်ရန် ယမန်‌နေ့က စတင်‌ဆော်ဩ‌နေပြီဖြစ်သည်။ အဆိုပါဆုသည် မိမိကိုယ်ကျိုးအတွက် မကြည့်ဘဲ ကရင်အမျိုးသားတိုးတက်‌ရေးအတွက် ပညာ‌ရေးဆိုင်ရာ၊ ရိုးရာယဉ်‌ကျေးမှု ဆိုင်ရာ စသည့်ကရင်လူမျိုးတို့၏ လိုအပ်ချက်များကို အ‌ထောက်အကူဖြစ်‌အောင် စွမ်းစွမ်းတမံ လုပ်‌ဆောင်‌ပေးသူ ကရင်လူ ငယ်များကို ‌ပေးအပ်ချီးမြှင့်ခြင်းဖြစ်သည်။ ဖန်း‌ဖောင်‌ဒေးရှင်းအဖွဲ့ဝင် နန့်ဘွားဘွားဖန်းက “ဒီ‌ခေါင်း‌ဆောင်ဆုကို ‌ပေးရတဲ့ရည်ရွယ်ချက်က‌တော့...