Home သတင်း နအဖ ၏ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေးကိစ္စ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ လက်မခံ

နအဖ ၏ နယ်ခြား‌စောင့်တပ် အသွင်‌ပြောင်း‌ရေးကိစ္စ ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီ လက်မခံ

2626
‌အောက်တိုဘာ ၂၉ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

နယ်ခြား‌စောင့်တပ်အဖြစ် အသွင်‌ပြောင်း‌ရေးအတွက် နအဖ စစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်ခံမည်မဟုတ်‌ကြောင်း ‌ကေအဲန်ယူ/ ‌ကေအဲန်အယ်လ်‌အေ-ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့က ‌အောက်တိုဘာ (၂၀)ရက်‌နေ့တွင် ‌ကြေညာချက်တ‌စောင် ထုတ်ပြန်လိုက်သည်။

နအဖ ဗိုလ်ချုပ်ရဲမြင့်နှင့် ဗိုလ်ချုပ်ခင်‌ဇော်တို့ ဦးစီး‌သော အထက်တန်းအရာရှိ (၂၀)ဦးတို့သည် ဗိုလ်မှူးချုပ်‌စော‌ဌေး‌မောင် ‌ခေါင်း‌ဆောင် ‌သော ‌ကေအဲန်ယူ/‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့ကို တပ်အသွင်‌ပြောင်း‌ရေးကိစ္စ လက်ခံရန်အတွက် ကရင်ပြည် နယ်၊ ဖားအံမြို့တွင် ‌အောက်တိုဘာ ၁ရက်‌နေ့က လာ‌ရောက်‌တွေ့ဆုုံကာ ကမ်းလှမ်းခဲ့သည်ကို လက်မခံနိုင်‌ကြောင်း ထို‌ကြေညာချက် တွင် ‌ဖော်ပြထားသည်။

ငြိမ်းချမ်း‌ရေး‌ကောင်စီအ‌နေဖြင့် ထိုသို့ နအဖ၏ ကမ်းလှမ်းချက်ကို လက်မခံနိုင်ခြင်းမှာ ကရင်လူထုအ‌နေဖြင့် ကရင်တပ်ဖွဲ့ဝင်များကို မြန်မာတပ်များ၏ ဩဇာခံအဖြစ် မလိုလားသည်ကတ‌ကြောင်း၊ တိုင်းရင်းသား အခွင့်အ‌ရေးများကို ဝါးမျို‌ရေးဟု အဓိပ္ပါယ်‌ဆောင်သည့် ထိုဒီမိုက‌ရေစီ ကျင့်သုံးမှု အခန်းကဏ္ဍများကို အယုံအကြည် မရှိသည်ကတ‌ကြောင်းနှင့် စစ်တပ်အုပ်ထိန်းမှုသည် မပြီးဆုံးနိုင်သည့် ရှုတ်‌ထွေးမှု ပဋိပက္ခများဖြစ်လာနိုင်ပြီး ၂၀၁ဝ ဒီမိုကရက်တစ်လုပ်ငန်းစဉ်ကို အဟန့်အတားဖြစ်‌စေနိုင်သည်ဟု ၎င်းတို့အ‌နေဖြင့် ယုံ ကြည်ထားသည့်အတွက်ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ‌ရေးသား‌ဖော်ပြထားသည်။

ဗိုလ်ချုပ်ရဲမြင့်၏ ထိုကမ်းလှမ်းချက်ကို လက်ခံလိုက်မည်ဆိုပါက ကရင်ပြည်နယ်အတွင်း အကြမ်းဖက်မှုများ၊ အချင်းချင်း သတ်ဖြတ်မှု များ ပို၍ ဖြစ်ပွားလာမည်ဖြစ်ပြီး ဒီ‌ကေဘီ‌အေတပ်ဖွဲ့သည် နအဖ၏ အဆိုပြုချက်ကို သ‌ဘောတူလက်ခံလိုက်ပြီး‌နောက် နယ်ခြား ‌စောင့်တပ် အသွင်‌ပြောင်း‌ရေး အစီအစဉ်‌အောက်တွင် ကရင်ပြည်သူလူထုများအ‌ပေါ် အကြမ်းဖက်မှုများ၊ စစ်ပွဲများ ပိုမိုကျင့်သုံးလာရာ ယခုလက်ရှိ ကရင်ပြည်နယ် တပ်မဟာ ၁၊ ၂၊ ၃နှင့် ၅နယ်‌မြေအတွင်း သတ်ဖြတ်ခံရသည့် ကရင်လူထုများမှာ သက်‌သေအဖြစ် ထင် ရှားလျှက်ရှိသည်ဟု ဆိုသည်။

၎င်းထုတ်ပြန်ချက်နှင့် ပတ်သက်၍ ဒီ‌ကေဘီ‌အေ အဖွဲ့ဝင်တဦးက “ဒီ‌ကေဘီ‌အေအဖွဲ့ဟာ စစ်အစိုးရနဲ့ ပူး‌ပေါင်းပြီး ‌ကေအဲန်ယူကို ဆန့် ကျင်‌နေ‌ပေမယ့်လည်း ကျ‌နော်တို့လုပ်တာ ကရင်လူထု‌တွေအတွက်ပါ။ အများကြီး မလုပ်နိုင်‌သော်လည်း လက်လှမ်းမီတဲ့‌နေရာ‌တွေမှာ ဖွံ့ဖြိုး‌ရေးလုပ်ငန်း‌တွေ ကျ‌နော်တို့ ကြိုးစားလုပ်‌ဆောင်‌နေပါတယ်။ အချင်းချင်း တိုက်ပွဲဖြစ်တာ ကျ‌နော်လည်း မလိုလားပါဘူး”ဟု ‌ကေ အိုင်စီကို ‌ပြောသည်။

စစ်အစိုးရအ‌နေဖြင့် လက်ရှိဖြစ်ပွားလျက်ရှိ‌သော မြန်မာနိုင်ငံ၏ ပြည်တွင်း‌ရေးပြဿနာသည် စစ်‌ရေးနည်းဖြင့် မ‌ဖြေရှင်းနိုင်ဘဲ အများယုံ ကြည်မှုအတိုင်း ငြိမ်းချမ်း‌သော ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးနည်းဖြင့် အ‌ဖြေရှာရန် လိုအပ်‌ပေသည်ဟု ‌ကေအဲန်ယူ/ ‌ကေအဲန်အယ်လ်‌အေ ငြိ်မ်း ချမ်း‌ရေး‌ကောင်စီက စစ်အစိုးရအား တိုက်တွန်းထားသည်၊

ငြိမ်းချမ်း‌ရေး‌ကောင်စီ၏ ထုတ်ပြန်ချက်အ‌ပေါ် ‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၂) ပဒို‌စော‌ဒေါ့‌လေးမူက “အဲဒီလိုမျိုးပဲ ဖြစ်သင့်ပါ တယ်။ နအဖက သူ့ရဲ့ ၂၀၁ဝ ‌ရွေး‌ကောက်ပွဲ ဖြစ်‌မြောက်ဖို့အတွက် အပစ်ရပ်တဲ့ တိုင်းရင်းသား‌တွေကို သူတို့တပ်‌အောက်မှာ လိုက်သိမ်း သွင်းတာ လူတိုင်းအသိပဲ။ အခုလို ကရင်ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့က နအဖရဲ့ကမ်းလှမ်းချက်ကို လက်မခံနိုင်ဘူးဆိုတာကို ကျ‌နော်တို့ က ကြိုဆို‌ပေမယ့် သူတို့အ‌ပေါ် တမျိုးတဖုံ အကြပ်ကိုင် ဖိအား‌ပေးလာနိုင်တယ်”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

နအဖသည် နယ်ခြား‌စောင့်တပ်နှင့် ပတ်သက်၍ ပြီးခဲ့သည့်‌မေလက အလားတူ ကမ်းလှမ်းခဲ့ဖူး‌သော်လည်း ငြိမ်းချမ်း‌ရေး‌ကောင်စီအ‌နေ ဖြင့် နအဖ၏ တပ်အသွင်‌ပြောင်း‌ရေးအစီအစဉ်ကို လက်မခံဘဲ ကရင်အမျိုးသား ‌ခေါင်း‌ဆောင်ကြီး ‌စောဘဦးကြီး၏ မူ (၄)ချက်ကို ဆုပ် ကိုင်ထားကာ ကရင်ပြည်သူများအတွက် ငြိမ်းချမ်း‌ရေးနှင့် ဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဆက်လက်လုပ်‌ဆောင်သွားမည်ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြခဲ့သည်။

ဗိုလ်မှူးချုပ်‌စော‌ဌေး‌မောင် ‌ခေါင်း‌ဆောင်‌သော ‌ကေအဲန်ယူ/‌ကေအဲန်အယ်လ်‌အေ ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့သည် ၂၀၀၇ခုနှစ် ‌ဖေ‌ဖော် ဝါရီ (၁၁)ရက်‌နေ့က ‌ကေအဲန်ယူမှ ခွဲထွက်ကာ နအဖ စစ်အစိုးရနှင့် ငြိမ်းချမ်း‌ရေးယူခဲ့ပြီး ဖားအံခရိုင်၊ ထို့‌ကော်ကိုး‌ကျေးရွာတွင် အ‌ခြေ စိုက်လျှက်ရှိသည်။