Home သတင်း ကရင်‌ခေါင်း‌ဆောင်‌နေရာများကို ထိုင်းအာဏာပိုင်များ ‌ရှောင်တခင် စစ်‌ဆေး

ကရင်‌ခေါင်း‌ဆောင်‌နေရာများကို ထိုင်းအာဏာပိုင်များ ‌ရှောင်တခင် စစ်‌ဆေး

1523
‌အောက်တိုဘာလ ၂၇ရက်။ ‌ကေအိုင်စီ

နအဖ စစ်အစိုးရကို ‌တော်လှန်‌နေသည့် ကရင်‌ခေါင်း‌ဆောင်များ ‌နေထိုင်ခဲ့သည့် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ရှိ ‌နေရာအ ချို့ကို ထိုင်းအာဏာပိုင်များက ယ‌နေ့နံနက်‌စော‌စောပိုင်းတွင် ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးမှုများ ပြုလုပ်ခဲ့ကြသည်။

ထိုင်းစစ်တပ်၊ ရဲနှင့် သာမန်အဝတ်အစားများ ဝတ်ဆင်ထားသည့် အဖွဲ့‌ပေါင်းစုံက အာဏာပိုင်များသည် ‌ကေအဲန်ယူ ထိပ်ပိုင်း ‌ခေါင်း‌ဆောင်များ ‌နေထိုင်ခဲ့သည့်‌နေအိမ်များသို့ စစ်‌ဆေးခွင့် စာရွက်စာတမ်းများဖြင့် လာ‌ရောက်‌မေးမြန်းစစ်‌ဆေးကာ မှတ် တမ်းဓာတ်ပုံများ ရိုက်ယူခဲ့သည်ဟု ကိုယ်တိုင်ကြုံ‌တွေ့ခဲ့သည့် အမည်မ‌ဖော်လိုသူ မိသားစုဝင်တဦးက ‌ပြောသည်။

“လာတာက‌တော့ အများကြီးပဲ။ အနည်းဆုံး ဆယ်‌ယောက်‌ကျော်တယ်။ မနက်အ‌စောကြီး ၆နာရီမှာ အိမ်တံခါးကို လာ‌ခေါက် နိုးတယ်။ ပြီး‌တော့ အိမ်ထဲမဝင်ဘဲ အိမ်‌ပေါက်ဝက‌နေပဲ ကျမအ‌ဖေ၊ အ‌မေ‌တွေကို ‌မေးတယ်။ ဘယ်သွားလဲ။ ဘယ်နှစ်‌ယောက် ‌နေလဲ စသဖြင့်‌ပေါ့။ ‌နောက်ပြီး ကျမနဲ့ အိမ်‌ရှေ့တဝိုက်ကို ဓာတ်ပုံရိုက်ယူသွားတယ်”ဟု ဆိုသည်။

၎င်းတို့အ‌နေဖြင့် ယခုလို လာ‌ရောက်‌မေးမြန်းရခြင်းမှာ ထိုင်းနိုင်ငံတွင်း ထိုင်းဥပ‌ဒေနှင့် ညှိစွန်းသည့် တရားမဝင် ပစ္စည်းများ သို ‌လှောင်သိမ်းဆည်းထားခြင်း ရှိမရှိကို လာ‌ရောက်စစ်‌ဆေးခြင်းဖြစ်သည်ဟု ‌ပြောဆိုသွား‌ကြောင်း သိရသည်။

ယင်းသို့ လာ‌ရောက်စစ်‌ဆေးရာတွင် များ‌သောအားဖြင့် ‌ကေအဲန်ယူ ‌ခေါင်း‌ဆောင်များ ‌နေထိုင်‌နေခဲ့သည့်အိမ်များ ဖြစ်‌သော် လည်း မည်သည့်‌ကေအဲန်ယူ‌ခေါင်း‌ဆောင် တဦးတ‌ယောက်ကိုမျှ တိုက်ရိုက်ဆုံ‌တွေ့ခဲ့ခြင်း မရှိ‌ပေ။

ယခုလို ထိုင်းအာဏာပိုင်များ၏ ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးမှုမှာ ထိုင်းနိုင်ငံ အစိုးရအ‌ပေါ် မြန်မာစစ်အစိုးရ၏ ဖိအား‌ပေးမှု တခုလည်း ဖြစ်နိုင်‌ကြောင်း မြန်မာအတိုက်အခံ အဖွဲ့ဝင်များနှင့် နယ်စပ်အ‌ခြေအ‌နေ ‌စောင့်ကြည့်‌လေ့လာသူများက ‌ဝေဖန်‌ပြော ဆို‌နေကြသည်။

‌ကေအဲန်ယူ တွဲဖက်အတွင်း‌ရေးမှူး(၁) ဗိုလ်မှူး‌စောလှ‌ငွေက “ဒီလိုဝင်‌ရောက်စစ်‌ဆေးတာကလည်း ကျ‌နော်သိရသ‌လောက် နအဖရဲ့ ဖိအား‌ပေးမှု မဖြစ်ဘူးလို့လည်း မ‌ပြောနိုင်ဘူး။ တကယ်လို့ ဥပ‌ဒေနဲ့ မညီညွှတ်တာ‌တွေ့ရင်‌တော့ သူတို့အ‌နေနဲ့ အ‌ရေး ယူသွားနိုင်တာ‌ပေါ့”ဟု ဆိုသည်။

ယခုလို ‌ကေအဲန်ယူ‌ခေါင်း‌ဆောင်များ ‌နေထိုင်သည့်‌နေရာများကို ထိုင်းအာဏာပိုင်များ ဝင်‌ရောက်စစ်‌ဆေးမှုမှာ ‌ကေအဲန်ယူ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ပဒိုမန်းရှာလားဖန်း လုပ်ကြံခံရသည့် ၂၀၀၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ (၁၄)ရက်‌နေ့ ‌နောက်ပိုင်းက လည်း တကြိမ် ရှိခဲ့ဘူးသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း ချင်းမိုင်အ‌ခြေစိုက် မြန်မာအဖွဲ့အစည်းများနှင့် သတင်းဌာန ရုံးအချို့ကို ထိုင်းအာဏာပိုင် များက ဝင်‌ရောက်ရှာ‌ဖွေသွားခဲ့‌သေးသည်။