Home သတင်း အတင်းအဓမ္မခိုင်း‌စေခြင်း‌ကြောင့် ရွာသူရွာသားများ ရွာလုံးကျွတ်ထွက်‌ပြေး

အတင်းအဓမ္မခိုင်း‌စေခြင်း‌ကြောင့် ရွာသူရွာသားများ ရွာလုံးကျွတ်ထွက်‌ပြေး

1372
နိုဝင်ဘာလ ၁၆ရက်။ နန်းထူးစံ (‌ကေအိုင်စီ)

ယခုရက်ပိုင်းအတွင်း နအဖနှင့် ဒီ‌ကေဘီ‌အေတပ်ဖွဲ့တို့၏ အမျိုးမျိုး‌သော ဖိအား‌ပေး ခိုင်း‌စေခြင်းများအ‌ပေါ် မခံနိုင်‌တော့သဖြင့် ဖာပွန်ခရိုင်‌ဒေသတွင်းရှိ ထွီသီးအုရွာမှ ရွာသူရွာသား(၉၀)‌ကျော်သည် လွှတ်‌မြောက်ရာ ‌ဒေသများအတွင်းသို့ ရွာလုံးကျွတ် ထွက်‌ပြေးတိမ်း ‌ရှောင်‌နေကြသည်ဟု သိရသည်။

‌ကေအဲန်ယူ တပ်မဟာ(၅)နယ်‌မြေ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ ထွီသီးအု‌ကျေးရွာတွင် ‌နေထိုင်ကြ‌သော ရွာသူရွာသားများသည် နိုဝင်ဘာလ ၉ရက်‌နေ့မှစ၍ ရွာမှ စတင်ထွက်ခွာခဲ့ပြီး ၁၄ရက်‌နေ့တွင် မယ်ပလယ်‌ကျေးနယ်အတွင်းရှိ မယ်ခူးထာ့‌ကျေးရွာသို့ ‌ရောက်ရှိခိုလှုံ‌နေကြသည်ဟု ‌ဒေသခံတဦး၏ ‌ပြောပြချက်အရ သိရသည်။

“အခု ဒီ‌ကေဘီ‌အေ‌တွေက ဘူးသိုမြို့နယ်အတွင်းမှာ ပျက်ဆီးသွားတဲ့ တံတား‌တွေ၊ လမ်း‌တွေပြင်ရမယ်ဆိုတဲ့ နအဖ တပ်‌တွေ ရဲ့အမိန့်‌ကြောင့် လူထု‌တွေဘက်ကို လှည့်ပြီး ပြန်ကိုင်တာ၊ မသွားမဖြစ်‌ပေါ့၊ ဒီတံတား‌တွေဟာ ‌ကေအဲန်ယူက ဖျက်ဆီးထား တာဆို‌တော့ နင်တို့ သွားလုပ်ရမယ်၊ မသွားလုပ်ရင် ထုမယ်၊ ရိုက်မယ် အဲဒီလိုမျိုး ခြိမ်း‌ခြောက်တာ။ အထူးသဖြင့် ထွီသီးအုရွာက ဒီဖာပွန်-ကမ‌မောင်း ကားလမ်း‌ပေါ်မှာ ရှိ‌နေ‌တော့ ပိုပြီးခံရတယ်။ သူတို့ ‌တောင်ယာ၊ လယ်ယာ‌တွေကို ပြန်လုပ်မအား‌အောင် ဖြစ်‌နေ‌တော့ မထူး‌တော့ဘူးဆိုပြီး ရွာက‌နေ အကုန်လုံး ထွက်သွားတာ”ဟု ထို‌ဒေသခံက ဆိုသည်။

မယ်ခူးထာ့‌ကျေးရွာအတွင်း ‌ရောက်ရှိလာသည့် အဆိုပါ ရွာသူရွာသားများအတွက် စား‌ရေး‌သောက်‌ရေးနှင့် ‌နေ‌ရေးထိုင်‌ရေး အဆင်‌ပြေ‌စေရန် ခရိုင်နှင့် မြို့နယ်တာဝန်ရှိသူများက စီစဉ်‌ပေး‌နေရသည်ဟု ‌ကေအဲန်ယူ ဖာပွန်ခရိုင် အတွင်း‌ရေးမှူး ဖူး‌ထော်မဲက ‌ကေအိုင်စီကို ယ‌နေ့ ‌ပြောဆိုသည်။

သူက “ကျ‌နော်တို့ သိထားတာက မယ်ခူးထာ့မှာ ‌ရောက်လာတဲ့ ထွီသီးအူ့ရွာမှ က‌လေးအပါအဝင် ရွာသူရွာသား (၉၅)‌ယောက်၊ အိမ်‌ထောင်စုအ‌နေနဲ့ဆို(၂၂)စု‌ပေါ့၊ အခု‌လော‌လောဆယ်မှာ ကျ‌နော်တို့ ခရိုင်က သူတို့အတွက် စားစရာ‌တွေ စီစဉ်‌ပေး‌နေရတယ်။ အဲဒီမယ်ခူးထာ့မှာ သူတို့‌နေထိုင်ဖို့အတွက် သိပ်အဆင်‌ပြေကြီး‌တော့ မဟုတ်‌သေးဘူး။ သူတို့အတွက် အခြားတ‌နေရာမှာ ‌ပြောင်း‌ပေးဖို့လည်း စီစဉ်‌နေတယ်” ဟု ‌ပြောဆိုသွားသည်။

ဖာပွန်မြို့တွင် အ‌ခြေစိုက်သည့် နအဖ စစ်ဗျူဟာဌာနချုပ်-စဗခ(1)မှ ဗျူဟာမှူး ဗိုလ်မှူးကြီး‌ဝေလင်းက ၎င်းတို့တပ်ဖွဲ့၊ တပ်စခန်းများ အတွက် ရိက္ခာနှင့် စစ်လက်နက်ပစ္စည်းများ ပို့‌ဆောင်‌ရေးနှင့် သွားလာ‌ရေး လွယ်ကူ‌စေရန်အတွက် လမ်းနှင့် တံတားများ ပြုပြင်ရန် ဖာပွန်ခရိုင် ဘူးသိုနှင့် ဒွဲလိုးမြို့နယ်အတွင်း လှုပ်ရှား‌နေ‌သော ဒီ‌ကေဘီ‌အေ (၇၇၇) က‌ဆောဝါးတပ်ဖွဲ့ကို ညွန်ကြားခဲ့ပြီး ထို့အတွက် ဒီ‌ကေဘီ‌အေက ‌ဒေသခံ ရွာသူရွာသားများကို ‌ခေါ်ယူခိုင်း‌စေ‌နေခြင်းဖြစ်သည်။