Home သတင်း ‌ကေအဲန်ယူနှင့် နအဖ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

‌ကေအဲန်ယူနှင့် နအဖ တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွား

2188
နိုဝင်ဘာလ ၁၁ရက်။ ‌စောသိန်းမြင့် (‌ကေအိုင်စီ)

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်တွင် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (‌ကေအဲန်အယ်လ် ‌အေ)က နအဖ စစ်တပ်ကို ယ‌နေ့တရက်တည်းတွင် နှစ်ကြိမ်ဝင်‌ရောက်တိုက်ခိုက်ခဲ့သည်ဟု ‌ကေအဲန်အယ်လ် ‌အေ ဒုတပ်ရင်းမှူးတဦးက ‌ပြော သည်။

‌ကေအဲန်ယူ တပ်မဟာ (၆)နယ်‌မြေ ‌ဝေါ်‌လေအ‌ခြေစိုက် တပ်ရင်း(၂၀၁)မှ တပ်ဖွဲ့ဝင်များသည် မကြာ‌သေး ခင်က ဘုရင့်‌နောင် အလယ်ကုန်းသို့ ‌ရောက်ရှိလာသည့် အင်အား (၅၀)ခန့်ရှိ ဒုဗိုလ်မှူးကြီး မျိုးမြင့်‌အောင် ဦးစီး‌သော နအဖစစ်တပ် ခလရ (၂၈၄) တပ်ရင်းကို နှစ်ကြိမ်တိတိ ဝင်‌ရောက်တိုက်ခိုက်ခဲ့ရာ နအဖစစ်တပ် ဘက်မှ နှစ်ဦးကျဆုံးခဲ့သည်ဟု ‌ကေအဲန်အယ်လ်‌အေ ၂၀၁ တပ်ရင်းမှ ဒုတပ်ရင်းမှူး ဗိုလ်မှူး‌စောကြည် ‌အောင်က ‌ပြောသည်။

သူက “ဒီမနက် ၁ဝး၃၂ နာရီအချိန်မှာ ဘုရင့်‌နောင်အလယ်ကုန်းစခန်းမှာရှိတဲ့ ခလရ ၂၈၄တပ်ရင်းနဲ့ ကျ‌နော် တို့လူ‌တွေ တိုက်ပွဲ တကြိမ် ဖြစ်တယ်။ ဗမာဘက်‌တော့ တ‌ယောက်‌သေတယ်။ ‌နောက်ပြီး‌တော့ ၁၁း၁၅ နာရီ အချိန်မှာ အဲဒီအဖွဲ့နဲ့ပဲ ထပ်ဖြစ်ပြန် တယ်။ ဗမာဘက်က‌တော့ ‌နောက်တ‌ယောက်ထပ်‌သေတယ်။ ကျ‌နော်တို့ ဘက်‌တော့ တ‌ယောက်မှ မထိဘူး”ဟု ‌ကေအိုင်စီကို ‌ပြောသည်။

အဆိုပါ နအဖစစ်တပ်က ၎င်းတို့တပ်ဖွဲ့အား စကား‌ပြောစက်က‌နေတဆင့် ‌နေ့စဉ် စိန်‌ခေါ်မှုများလုပ်‌ဆောင် ‌သော‌ကြောင့် ယခုလို ဝင်‌ရောက်တိုက်ခိုက်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူး‌စောကြည်‌အောင်က ယခုလို‌ပြော သည်။ “သူတို့က င‌ပွေး‌တွေ။ ခင်ဗျားတို့ ဘယ်မှာရှိလဲ။ သတ္တိရှိရင် တက်လာ‌လေ။ အဲသလိုမျိုး ‌ပြောတယ်။ ကျ‌နော်တို့လည်း ဘယ်ခံနိုင်မလဲ။ တက်တာ‌ပေါ့”ဟု သူက ‌ပြောသည်။

နအဖ တပ်မ(၂၂) လက်‌အောက်တပ်ရင်းများ၊ ဒီ‌ကေဘီ‌အေ တပ်မဟာ (၅) လက်‌အောက်ခံတပ်ရင်းများနှင့် ‌ကေအဲန်အယ်လ် ‌အေတပ်တို့ လှုပ်ရှားလျှက်ရှိသည့် ထိုတိုက်ပွဲဖြစ်ပွားရာ နယ်‌မြေတွင် ယခု နိုုဝင်ဘာလအ တွင်း ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း ၂၀၁နှင့် နအဖတို့ ယ‌နေ့တိုက်ပွဲမှာ ပထမဆုံးဖြစ်ပြီး ‌ကေအဲန်အယ်လ် ‌အေဘက်က ထိခိုက်ကျဆုံးမှု မရှိ‌ကြောင်း သိရှိရသည်။