Home Authors Posts by KIC News

KIC News

21997 POSTS 0 COMMENTS

စစ်အုပ်စု အင်အားဖြည့် စစ်ကြောင်းတွင် တပ်ဖွဲ့ဝင်များ ပါဝင်ခွင့်ပြုထားခြင်းမရှိဟု KNU/KNLA-PC ပြော

ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အာဏာသိမ်း စစ်အုပ်စုတပ်၏ စစ်ရေးအင်အားဖြည့် စစ်ကြောင်းများတွင် အဖွဲ့အစည်းအတွင်းရှိ တပ်ဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းပါဝင်ကူညီခြင်း ခွင့်မပြုထားကြောင်း အပစ်ရပ် ကရင်ငြိမ်း ချမ်းရေးကောင်စီ KNU/KNLA-PC ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေထဲတွင်...

ဘုရားသုံးဆူ-သံဖြူဇရပ်လမ်းပိုင်း တစ်လျှောက် စစ်အုပ်စုတပ် ကင်းပုန်းချထား

ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) /ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်ရှိ သံဖြူဇရပ်-ဘုရားသုံးဆူလမ်းပိုင်းကို စစ်အုပ်စုမှ စိုးမိုးထိန်းချုပ်နိုင်ရန်အတွက် ထိုလမ်းပိုင်း တစ်လျှောက်တွင် ကင်းပုန်းများ ချထားလျက်ရှိသည်ဟု ဒေသခံထံမှ သိရသည်။ ယခင်နှစ် ဒီဇင်ဘာလမှစ၍ ယခုအချိန်ထိ တညင်၊ လွတ်ရှမ်း၊ မယ်ကလု၊...

ကျောက်ကြီးမြို့နယ်ရှိ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ ၉ ဦး KNDO ထံ ဘက်ပြောင်းခိုလှုံ

ဖေဖော်ဝါရီ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ (ညောင်လေးပင်)ခရိုင်၊ လယ်ဒို (ကျောက်ကြီး) မြို့နယ်ရှိ အာဏာသိမ်းစစ်တပ် လက်အောက်ခံ တပ်ရင်း (၅) ရင်းမှ စစ်မှုထမ်းရန်အတင်းအကြပ်ခိုင်း‌ စေခံရသူ (၉) ဦးသည် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့- KNDO ထံသို့ ဘက်ပြောင်းခိုလှုံလာသည်ဟု...

မဲဆောက်မြို့ ၊ မဲ့ကိုကင်းကျေးရွာသို့ အသေခံဒရုန်းတစ်စင်း နယ်ကျော်ကျရောက်၍ ထိုင်းစစ်တပ် အရေးပေါ်အခြေအနေ တပ်လှန့်ထား

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက် မင်းလက်ပံကျေးရွာနှင့် ဖလူးလေးကျေးရွာ တိုက်ပွဲအတွင်းမှ ယနေ့ ဖေဖော်ဝါရီ ၁၆ ရက်တွင် စစ်အုပ်စုတပ် လွှတ်တင်လိုက်သော အသေခံဒရုန်းတစ်စင်း ထိုင်းနိုင်ငံ မဲ့ကိုကင်းရွာ ဘက်ကို နယ်ကျော်ကျရောက်လာသည့်အတွက် ထိုင်းတော်ဝင်စစ်တပ်က အရေးပေါ်အခြေအနေတပ်လှန့်ပြီး မြန်မာနိုင်ငံဘက်က...

CI စာအုပ်နှင့် ဝပ်ပါမစ် စရိတ်ကြောင့် ထိုင်းရောက် မြန်မာလုပ်သားများအကြား စိုးရိမ်မှု မြင့်တက်နေ

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံရှိ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်- CI ထုတ်ပေးရေးစခန်းများကို ပြန်လည် ဖွင့်လှစ်စီစဉ်နေသည့်တချိန်တည်းတွင် အထောက်အထားသက်တမ်းကုန်ဆုံးမည့် မြန်မာလုပ်သားများ အနေဖြင့် CI စာအုပ်နှင့် ဝပ်ပါမစ် (အလုပ်လုပ်ကိုင်ခွင့်) သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်များ၏ ကုန်ကျစရိတ်တို့ကြောင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအကြား...

ကရင်ယူနီကုဒ် စာရိုက်စနစ်အတွက် ‘Kawthoolei Typing Tutor’ App အခမဲ့ ဖြန့်ချိ

ဖေဖော်ဝါရီ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်စာပေနှင့် နည်းပညာကဏ္ဍတွင် ကရင်ယူနီကုဒ် (Karen Unicode) စနစ်ကို ပိုမိုတွင်ကျယ် လာစေရန်နှင့် ကွန်ပြူတာအသုံးပြုသူများကြား ကရင်စာရိုက်ရာတွင် စနစ်တကျ ကျွမ်းကျင်လာစေရန် ရည်ရွယ်၍ 'Kawthoolei Typing Tutor' အမည်ရှိ စာရိုက်လေ့ကျင့်ရေး...

ထိုင်းနိုင်ငံ၊ ရယောင်းတွင် ခွေးရူးပြန်ရောဂါပိုးကြောင့်သေဆုံးသူ မြန်မာနိုင်ငံသားဖြစ်နေ

ဖေဖော်ဝါရီ (၁၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံအရှေ့ပိုင်း၊ ရယောင်းခရိုင်တွင် ပြီးခဲ့သည့်ဇန်နဝါရီလ (၂၅)ရက်နေ့က ခွေးရူးပြန်ရောဂါပိုးကြောင့် အသက်(၃၆)နှစ်အရွယ် မြန်မာနိုင်ငံသား အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း ထိုင်းနိုင်ငံရောဂါထိန်းချုပ်‌ဌာန-DDC ၏ ဖေဖော်ဝါရီ(၁၃)ရက်နေ့က အတည်ပြုချက်အရ ထိုင်းမီဒီယာတချို့တွင်ဖော်ပြသည်။ သေဆုံးသူမှာ ဇန်နဝါရီ(၂၃)ရက်နေ့တွင် ရေသောက်သုံးပြီးနောက် အသက်ရှုကြပ်ခြင်း၊ မူးဝေခြင်းရောဂါလက္ခဏာများ စတင်ပြသခဲ့ပြီးရက်ပိုင်းအတွင်း...

ထိုင်းနှင့်မြန်မာ ပို့ကုန်-သွင်းကုန်များ အဖမ်းအဆီးများလာပြီး ကုန်ပစ္စည်းပြတ်လပ်

ဖေဖော်ဝါရီ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြဝတီ-မဲဆောက် ကုန်သွယ်ရေးလမ်းကြောင်းမှ ထိုင်းနှင့်မြန်မာသို့ သွင်းကုန်-ပို့ကုန်များကို ယခု ဖေဖော်ဝါရီလအတွင်း ရန်ကုန်-မွန်-ကရင်လမ်းပိုင်းပေါ်ရှိ စစ်အုပ်စုစစ်ဆေးရေးဂိတ်များမှ ဖမ်းဆီးသိမ်းဆည်းမှုများလာ၍ နှစ်ဖက်ကုန်ပစ္စည်းများပြတ်လပ်မှုရှိနေကြောင်း ကုန်သည်နှင့်ခရီးသွားလာရေး သတင်းအရင်းအမြစ်မှ သိရသည်။ မြန်မာပြည်တွင်းမှထိုင်းသို့ပို့ကုန်များကို ရန်ကုန်-မော်လမြိုင်-သထုံ လမ်းပိုင်းနှင့် ဖားအံ-မြဝတီလမ်းပိုင်းမှ စစ်အုပ်စုကဖမ်းဆီးခြင်း၊ ကရင်နယ်ခြားစောင့်တပ်-BGF...

မယ်လဒုက္ခသည်စခန်းတွင် လူနေအိမ်(၂)လုံး မီးလောင်မှုဖြစ်ပွား

ဖေဖော်ဝါရီ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်ရှိ၊ မယ်လဒုက္ခသည်စခန်းတွင် ယနေ့ ဖေဖော်ဝါရီ(၁၄)ရက်၊ မနက်(၈)နာရီမှမနက်(၉)နာရီဝန်းကျင်ကြား၊ နှစ်ဆယ်မိနစ်ကြာ လူနေအိမ်(၂)လုံးမီးလောင်မှုဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှုများပြားကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။ မယ်လဒုက္ခသည်စခန်း၊ ဇုန်-ဘီ၊ ၃-အေ ရပ်ကွက်၊ အိမ်အမှတ်(၆၁)မှ စတင်လောင်ကျွမ်းသောမီးကြောင့် ထိုအိမ်အပါအဝင် အနီးရှိ ဒုက္ခသည်နေအိမ်တစ်လုံး မီးလောင်ပြာကျခဲ့သည်။...

နိုင်ငံရေးဖြစ်ရပ်တွေနဲ့ ထူးခြားလှတဲ့ ဖေဖေါ်ဝါရီလ

နိုင်ငံရေးဖြစ်ရပ်တွေနဲ့ ထူးခြားလှတဲ့ ဖေဖေါ်ဝါရီလ (မောင်ကျော်စွာ) (၂၀၂၆ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁၄ရက်) ဖေဖေါ်ဝါရီလထဲက အထိမ်းအမှတ်နေ့ရက်များအနက် လူအများစုက ဖေဖေါ်ဝါရီလ ၁၂ရက်နေ့ (ပင်လုံစာ ချုပ် လက်မှတ်ရေးထိုးသောနေ့)နဲ့ ဖေဖေါ်ဝါရီလ ၁၃ရက်နေ့ (ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)တို့ကိုသာ ပိုပြီး အာရုံစိုက် ကြတာကို သတိပြုမိကြမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ မြီးကောင်ပေါက်များက ဖေဖေါ်ဝါရီလ ၁၄ရက် (ချစ်သူ...
Donate