Home Authors Posts by KIC News

KIC News

22356 POSTS 0 COMMENTS

နိုင်ငံတစ်ဝန်းရှိ ရွှေ့ပြောင်းအလုပ်သမားများကို အထူးစီမံချက်ဖြင့် စစ်ဆေးရန် ထိုင်း အလုပ်သမားဝန်ကြီးဌာန ညွှန်ကြား

မေလ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံတစ်ဝန်းရှိ ရွှေ့ပြောင်းနိုင်ငံခြားသား အလုပ်သမားများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အထူးစီမံချက်နှင့် စစ်ဆေးသွားရန် အလုပ်သမားဝန်ကြီးဌာနက ညွှန်ကြားလိုက်သည်ဟု ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။ ရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် လက်ရှိ အထောက်အထား စာရွက်စာတမ်းအပြင် လုပ်ကိုင်နေ သည့် အလုပ်အကိုင် အမျိုးအစား မတူညီခြင်းနှင့် ကန့်သတ်ထားသော...

မုန်းမြို့တွင် မိုင်းနင်းမိပြီး ဆယ်ကျော်သက်အမျိုးသမီး(၁)ဦး ကိုယ်ခန္ဓာအစိတ်အပိုင်း ဆုံးရှုံး

မေ (၅) ရက် ၂၀၂၆ ခုနှစ်၊ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၃)၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် မေလ(၃)ရက်နေ့က အသီးအနှံသွားရောက်ဝယ်ယူရင်း ဥယျာဉ်ခြံအတွင်း မိုင်းနင်းမိပြီး အသက်(၁၅)နှစ်အရွယ် အမျိုးသမီး(၁)ဦး ညာခြေထောက်နှင့်ဘယ်မျက်လုံးတစ်ဖက် ဆုံးရှုံးသွားကြောင်း မိသားစုနှင့်နီးစပ်သူထံမှသိရသည်။ မုန်းမြို့၊ အမှတ် (၄) ရပ်ကွက်နေ အသီးအနှံတစ်ဆင့်ခံပြန်လည်ရောင်းချသူ သားအမိနှစ်ဦးမှာ မေလ(၃)ရက်နေ့၊...

ကေအဲန်ယူ လယ်ကဆောမြို့နယ် ကွန်ဂရက် ကျင်းပပြီးစီး၊ မြို့နယ်အလုပ်အမှုဆောင် (၄) ဦးနှင့် တရားသူကြီးများ ပြန်လည်ရွေးကောက်တင်မြှောက်

မေလ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆောမြို့နယ်၏ (၂) ကြိမ်မြောက် ကွန်ဂရက်ကို ကျင်းပပြုလုပ်ပြီး မြို့နယ်အလုပ်အမှုဆောင် (၄) ဦးနှင့် တရားသူကြီးများကို ပြန်လည်ရွေးကောက်တင်မြှောက်ခဲ့သည်ဟု ကေအဲန်ယူက ယနေ့ ထုတ်ပြန်သည်။ ကော်သူးလေအုပ်ချုပ်နယ်မြေ တစ်နေရာတွင် ဧပြီလ ၂၇ ရက်မှ...

နဘူးမြို့နယ် KWO ကွန်ဂရက်ကျင်းပပြီး ခေါင်းဆောင်သစ်များ ပြန်လည်ရွေးကောက်တင်မြှောက်

မေ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဖားအံခရိုင်၊ နဘူးမြို့နယ်တွင် (၃) ကြိမ်မြှောက် ကရင်အမျိုးသမီးအစည်းအရုံး (KWO) မြို့နယ်အဆင့် ကွန်ဂရက်ကို ကျင်းပပြုလုပ်ခဲ့ပြီး ခေါင်းဆောင်သစ်များကို ပြန်လည်ရွေးချယ် တင်မြှောက်ခဲ့ကြသည်ဟု သိရသည်။ အဆိုပါ ရွေးကောက်ပွဲကို ဧပြီလ ၂၉ ရက်မှ ၃၀...

ဧည့်စာရင်းစာရွက်မပါသည့် မဲဆောက်ပြင်ပ နယ်ကျော်ခရီးသွားများ တာ့ခ်ခရိုင်စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းခွင့်မပြု

မေ (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ တာခ့်ခရိုင်၊ မဲဆောက်မြို့နယ်မှကျော်လွန်သွားလာမည့်သူများကို ယခုမေလဆန်းရက်မှစပြီး တာ့ခ်ခရိုင် (ဝှေးယားအူး) အဖွဲ့စုံစစ်ဆေးရေးဂိတ်မှအာဏာပိုင်များက ဧည့်စာရင်းစာရွက်ပါမပါ စစ်ဆေး၍ စာရွက်မပါသူများကို ဂိတ်ဖြတ်သန်းခွင့်မပြုဘဲ လှည့်ပြန်ခိုင်းနေကြောင်း ရွှေ့ပြောင်းမြန်မာအလုပ်သမားများထံမှ သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်းက မဲဆောက်မှ ဘန်ကောက်ဘက်သို့ ခရီးသွားရန် ထွက်ခွာလာသူအချို့ တာခ့်ခရိုင်...

မြဝတီမြို့ရှိ ကားတာယာဂိုဒေါင် မီးလောင်မှုဖြစ်ပွား

မေ (၄) ရက်၊ ၂၀၂၆ ခုနှစ်၊ကေအိုင်စီ။ ကရင်ပြည်နယ်၊ မြဝတီမြို့၊ အမှတ် (၆) ရပ်ကွက်၊ တောင်ကလေးဘုန်းကြီးကျောင်းလမ်းရှိ ကားတာယာနှင့် အင်ဂျင်ဝိုင်အဟောင်းများ သိုလှောင်ထားသည့် ဂိုဒေါင်တစ်ခုတွင် ယနေ့ မေလ (၄) ရက်၊ မွန်းလွဲ (၁) နာရီ ၄၀ မိနစ် ဝန်းကျင်...

မြန်မာပြည်အလည်ပြန်ဖို့ သံရုံးထောက်ခံစာလိုအပ်သည့် ကြေညာချက် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဖိအားဖြစ်စေ

မေ (၄) ရက် ၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ပြည်ပနိုင်ငံများသို့ သွားရောက်အလုပ်လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများ နိုင်ငံအလည်ပြန်လာပါက သက်ဆိုင်ရာသံရုံးမှထောက်ခံစာတောင်းလာရန် လိုအပ်ကြောင်း စစ်အုပ်စုကကြေညာထားသည့်အပေါ် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဖိအားဖြစ်စေကြောင်း ပြည်ပရောက် မြန်မာအလုပ်သမားအသိုင်းအဝိုင်းက ပြောသည်။ မြန်မာနိုင်ငံသို့အလည်ပြန်လာမည့် ပြည်ပရောက်မြန်မာနိုင်ငံသားများအနေဖြင့် မေလ(၁)ရက်နေ့မှစတင်ပြီး အလုပ်ရှင်၏ခွင့်စာကို သက်ဆိုင်ရာနိုင်ငံအသီးသီးရှိ...

လယ်ဒိုတွင် စစ်အုပ်စု၏ လေယာဥ်နှင့်လက်နက်ကြီးကြောင့် ဒေသခံ (၃) ဦး ဒဏ်ရာရ၊ နေအိမ် (၁၂) လုံး ပျက်စီး

မေ (၄) ရက်၊ ၂၀၂၆ ခုနှစ်၊ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒို(ကျောက်ကြီး)မြို့နယ်တွင် ပြီးခဲ့သည့်အပတ်အတွင်း စစ်အုပ်စု၏လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး နေအိမ် (၁၂) လုံး ပျက်စီးသွားကြောင်း ကေအဲန်ယူက ယမန်နေ့တွင် ထုတ်ပြန်သည်။ ဧပြီလ(၂၉)ရက်နေ့မှ မေလ(၂)ရက်နေ့အထိ စစ်အုပ်စုက အရပ်သားပြည်သူနေထိုင်ရာ ကြိတ်ကွင်း၊...

မြန်မာ့သတင်းမီဒီယာလွတ်လပ်ခွင့် အရှိန်ဟုန်ဆက်လက်ကျဆင်းနေဟု IPCM ထောက်ပြ

မေ (၃)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံအတွင်းရှိ သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေသည် အရှိန်အဟုန်ဖြင့် ဆက်လက်ကျဆင်းနေပြီး ဖိနှိပ်မှုများဖြင့် ရင်ဆိုင်နေရကြောင်း ယနေ့ မေလ(၃)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အ‌ခမ်းအနားပြုလုပ်ရာတွင် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM)မှ ထောက်ပြလိုက်သည်။ စစ်အုပ်စုက သတင်းမီဒီယာလုပ်ငန်းများကို လွတ်လပ်စွာလုပ်ကိုင်ခွင့် ပိတ်ပင်ထားရုံသာမက သတင်းသမားများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်းနှင့်...

ဘီးလင်းမြို့နယ် ဝင်းတာပန်ရွာ၌ ၆ ရက်အတွင်း ဗုံးသီး ၂၀ ကျော်ကြဲချခံရပြီး အရပ်သားနေအိမ်များ မီးလောင်ပျက်စီး

မေလ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ တာပေါ (ဝင်းတာပန်) ရွာအတွင်းသို့ ပြီးခဲ့သည့် ဧပြီလနောက်ဆုံးပတ်မှစ၍ စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှုနှင့် ပါရာမော်တာများ အသုံးပြုကာ ဗုံးသီးများ ဆက်တိုက်ကြဲချခံရပြီး ကျေးရွာအတွင်းရှိ အရပ်သားနေအိမ်များကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ကေအဲန်ယူ သထုံခရိုင်ထံမှ...
Donate