KIC News
စစ်အုပ်စုနှင့်ပူးပေါင်းပြီး ကရင်လက်နက်ကိုင်သုံးဖွဲ့ ကတိုင်တိသို့စစ်ကူတက်
ဖေဖော်ဝါရီ (၁၃) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) ဒွယ်လိုးမြို့နယ်၊ ကတိုင်တိကျေးရွာရှိစစ်အုပ်စုတပ်စခန်းသို့ အကူအညီပေးရန် ကရင်နယ်ခြားစောင့်တပ်-BGF၊ ငြိမ်းချမ်းရေးကောင်စီ-KNU/KNLA-PCနှင့် ဗိုလ်ဘိဦးဆောင်သည့် ခွဲထွက်DKBAတို့က စစ်အုပ်စုနှင့်ပူးပေါင်းပြီး ဖေဖော်ဝါရီလ(၁၁)ရက်နေ့က စစ်ကူတက်လာကြောင်း တပ်မဟာ(၅)ပြောခွင့်ရသူထံမှသိရသည်။
အင်အား(၂၀၀)ကျော်ပါဝင်သော အဆိုပါစစ်အုပ်စုပူးပေါင်းတပ်ဖွဲ့သည် မြိုင်ကြီးငူအနောက်ဘက် သံလွင်မြစ်တစ်ဖက်ကမ်းကိုဖြတ်ပြီး ထီးဒေါထ၊ မယ်ပလီ...
ခွေးရူးပြန်ရောဂါပိုးကြောင့် မဲဆောက်မြို့ ရပ်ကွက်(၆)ခုကို ကူးစက်ရောဂါဇုန် သတ်မှတ်
ဖေဖော်ဝါရီ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့ရှိ လူနေရပ်ကွက်အချို့တွင် ခွေးရူးပြန်ရောဂါ (Rabies) ပိုး ကူးစက်ပြန့်ပွားမှုတွေ့ရှိရသဖြင့် ယနေ့ ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှစတင်ပြီး တစ်လကြာအထိ ရပ်ကွက်(၆)ခုကို တိရစ္ဆာန်ကူးစက်ရောဂါဇုန်အဖြစ် သတ်မှတ်လိုက်ကြောင်း မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက အရေးပေါ်ကြေညာချက်ထုတ်သည်။
မဲဆောက်မြို့ရှိ ဆန်တွန်ပင်လူနေရပ်ကွက်အတွင်း ခွေးရူးပြန်ရောဂါပိုး စတင်တွေ့ရှိခြင်းဖြစ်ပြီး...
ပုံစံမျိုးစုံ စစ်မှုထမ်းပေါ်တာဆွဲမှုကြောင့် ထားဝယ်မြို့ပေါ်ကဒေသခံတွေ ထိတ်လန့်
ဖေဖော်ဝါရီ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ်နှင့် မြို့အဝင် မြို့အထွက်နေရာများတွင် ပုံစံအမျိုးမျိုးဖြင့် စစ်အုပ်စုက စစ်မှုထမ်းရန်ပေါ်တာဆွဲ(အတင်းအကြပ်ခိုင်းစေ)နေမှုများ ဆက်တိုက်ဖြစ်ပွား၍ လုံခြုံရေးထိတ်လန့်နေရကြောင်း ထားဝယ်မြို့နေပြည်သူများထံမှ သိရသည်။
ထားဝယ်မြို့ပေါ်တွင် အိမ်တိုင်ရာရောက်ဖမ်းဆီးခြင်း၊ မြို့အဝင် မြို့အထွက် တပ်ဂိတ်နေရာများကို ဖြတ်သန်းသွားလာရာမှဖမ်းဆီးခံရခြင်း၊ ပျော်ပွဲရွှင်ပွဲအလည်သွားရာမှဖမ်းဆီးခြင်း စသည်တို့ဖြင့်...
ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ရှောင် ၄,၀၀၀ အရေးပေါ် ရိက္ခာလိုအပ်
ဖေဖော်ဝါရီ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်ရှိ ဝေါလေ၊ မင်းလက်ပံနှင့်ဖလူးဒေသမှ တိုက်ပွဲကြောင့် စစ်ဘေးရှောင်နေရသူ ဒေသခံ (၄,၀၀၀) ထက်မနည်းရှိလာပြီး အရေးပေါ်စားနပ်ရိက္ခာများလိုအပ်နေကြောင်း နယ်စပ်ကစစ်ရှောင်ကူညီနေသည့် သတင်းအရင်းအမြစ်မှ သိရသည်။
တော်လှန်ရေးမဟာမိတ်တပ်များနှင့်စစ်အုပ်စုတို့ ယခုဖေဖော်ဝါရီလ နှစ်ပတ်တာအတွင်း အပြင်းအထန်ဖြစ်ပွားနေသည့်တိုက်ပွဲတွင် ဖလူးရွာအုပ်စုနှင့်မင်းလက်ပံမှ ပလောတပို့စစ်ရှောင်စခန်းနှင့်အနီးဝန်းကျင်သို့ ပြောင်းရွှေ့နေရသူ...
ထိုင်းဘက်ခြမ်းအထိ ကျည်ဆန်ရောက်၍ မယ့်ကိုကင်းရွာနေထိုင်သူများ ကျည်ကွယ်ရာမှနေအိမ်မပြန်ရဲ
ဖေဖော်ဝါရီ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ဘက် တိုက်ပွဲများအတွင်း သောင်ရင်းမြစ်အစပ်၊ ထိုင်းနိုင်ငံ၊ မယ့်ကိုကင်းရွာအထိ ကျည်ဆန်ရောက်၍ ကျည်ကွယ်ရာ ရွာအပေါ်ဘက်နေရာများသို့ ပြောင်းရွှေ့နေထိုင်သည့် ဒေသခံနှင့်စစ်ရှောင်အများစု နေအိမ်မပြန်ရဲသေးကြောင်း နယ်စပ်နေသတင်းအရင်းအမြစ်က ပြောသည်။
စစ်အုပ်စုက ဝေါလေဘက်သို့ထိုးစစ်ဆင်နိုင်ရန် ဖလူးနှင့်မင်းလက်ပံဒေသမှတဆင့် စစ်ကြောင်းဖြန့်ဝင်နိုင်ရေး ကြိုးပမ်းလာခြင်းဖြစ်ပြီး...
ကော်သူးလေချာတာရေးဆွဲမှုနှင့်ပတ်သက်၍ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောအယ်ကလူစေးနှင့်တွေ့ဆုံမေးမြန်းခြင်း
“ကေအဲန်ယူက Document ကို develop လုပ်တယ်။ အဲဒါကိုအခြေခံပြီးတော့ ပါဝင်ရမယ့်အစုအဖွဲ့ ကိုယ်စားလှယ်ကနေ Zero Draft ကို စဆွဲနေပြီ။ သူ့ရဲ့ Process တစ်ဆင့်ရသွားပြီဆိုရင် နောက်ဆုံးအတည်ပြုတဲ့အဆင့်ကိုရောက်သွားမယ်။” ပဒို စောအယ်ကလူစေး၊ KNU ဗဟို အလုပ်အမှုဆောင်ကော်မတီ
ကော်သူးလေချာတာရေးဆွဲမှုနှင့်ပတ်သက်၍ KNU ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ပဒိုစောအယ်ကလူစေးနှင့်တွေ့ဆုံမေးမြန်းခြင်း
ဖေဖော်ဝါရီ...
တပ်မဟာ(၁)စစ်ရှောင် ၆,၀၀၀ ကျော် စားနပ်ရိက္ခာလိုအပ်
ဖေဖော်ဝါရီ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)၊ ဒူးသထူခရိုင်၊ ကျိုက်ထို(ဘီးလင်း)မြို့နယ်တွင် စစ်အုပ်စုစစ်ကြောင်းအပြိုင်ထိုးမှုကြောင့် ဖေဖော်ဝါရီလဆန်းကတည်းက စစ်ရှောင်နေရသည့် ကျေးရွာ(၈)ရွာနေ ဒေသခံပြည်သူ(၆,၀၀၀)ကျော် စားနပ်ရိက္ခာအဓိကလိုအပ်နေကြောင်း ကေအဲန်ယူနှင့်စစ်ဘေးရှောင်ကူညီသူ သတင်းအရင်းအမြစ်မှ သိရသည်။
ဖေဖော်ဝါရီ(၅)ရက်နေ့မှစ၍ ကေအဲန်ယူ ကျိုက်ထိုမြို့နယ်အတွင်း စစ်အုပ်စုစစ်ကြောင်းထိုးမှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အလူးကြီး၊ ရှမ်းစု၊...
ဒုက္ခသည်စခန်းရှိ Standard အုပ်စုပါဝင်သူများကို ဖေဖော်ဝါရီလမှစပြီး ရိက္ခာဖြတ်
ဖေဖော်ဝါရီ၊ (၁၂) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် စားနပ်ရိက္ခာအကူအညီလျော့နည်းလာသောကြောင့် ယခု ဖေဖော်ဝါရီလမှစတင်၍ သာမာန်ဝင်ငွေအနည်းငယ်ရှိသည့် Standard Household (STD) အုပ်စုပါဝင်သူများကို ရိက္ခာစတင်ဖြတ်နေပြီဖြစ်ကြောင်း စခန်းတာဝန်ရှိသူများထံမှသိရသည်။
ဒုက္ခသည်များကို စားနပ်ရိက္ခာပံ့ပိုးပေးရန် ရံပုံငွေလုံလောက်စွာမရရှိတော့သဖြင့် ၂၀၂၆ ခုနှစ်တွင် ရိက္ခာထပ်မံလျှော့ချမည်ဟု TBC(The Border...
ဝေါလေတွင် လေကြောင်းတိုက်ခိုက်မှုပြင်းထန်၍ ဒေသခံများ ထိုင်းဘက်စစ်ရှောင်နေရ
ဖေဖော်ဝါရီ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက်၊ ဝေါ လေမြိုင်မြို့နယ်ရှိ စစ်အုပ်စုဗျူဟာကုန်းနေရာတဝိုက်တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီ(၈)ရက်နှင့် (၉)ရက်နေ့က Y12နှင့် ဂျက်တိုက်လေယာဉ်များအသုံးပြုပြီး စစ်အုပ်စုက အပြင်းအထန်ဗုံးကြဲတိုက်ခိုက်ခဲ့၍ ဒေသခံများ ထိုင်းနိုင်ငံဘက်စစ်ရှောင်နေရကြောင်း နယ်စပ်သတင်းအရင်းအမြစ်မှ သိရသည်။
ဝေါလေဗျူဟာကုန်းနေရာ၌ ဇန်နဝါရီ(၃၁)ရက်နေ့ကစ၍ နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး...
တိုက်ပွဲရေချိန်မြင့်နိုင်၍ ပြည်သူများ လုံခြုံရေးသတိထားကြရန် ဒူးပလာယာခရိုင်ဥက္ကဌ အသိပေး
ဖေဖော်ဝါရီ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ-၆၊ ဒူးပလာယာခရိုင်အတွင်း စစ်အုပ်စု၏နယ်မြေထိုးစစ်ဆင်တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သောကြောင့် လုံခြုံရေး၊ စစ်ရေးအတွက် ကြိုတင်ပြင်ဆင်၊ သတိထားကြရန် ခရိုင်ဥက္ကဌ ပဒိုစောလစ္စတန်က လူထုထံအသိပေးပြောဆိုသည်။
ပြီးခဲ့သည့်အပတ်ကတည်းက ကရင်ပြည်နယ်အတွင်း စစ်အုပ်စုအင်အားအလုံးအရင်းလိုက် တက်လာပြီးနောက် ဒူးပလာယာခရိုင် ကေအဲန်ယူအုပ်ချုပ်နယ်မြေတွင် စစ်ရေးနယ်မြေပိုမိုကျယ်ပြန့်လာမည့်အပေါ် လူထုစိုးရိမ်မှုမြင့်တက်နေသည်။...















