KIC News
မက္ကသာတွင် မောင်းသူမဲ့လေယာဉ်ဗုံးကြဲ၍ အမျိုးသမီး (၂)ဦးသေဆုံး၊ ကလေး(၁)ဦးဒဏ်ရာရ
ဧပြီ (၁)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာ၊ မော်ဖာထောကျေးရွာတွင် မတ်လ (၃၁)ရက်နေ့က စစ်အုပ်စုမှ မောင်းသူမဲ့လေယာဉ်ဖြင့်ဗုံးကြဲ၍ အမျိုးသမီး(၂)ဦးသေဆုံးပြီး အသက်(၅)နှစ်အရွယ်ကလေးတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။
ပြည်သူလူထုနေထိုင်သည့် ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအဝေးထိန်း မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံး(၂)လုံးကြဲသွားသည်ဟု...
သင်္ကြန်ပိတ်ရက် နေရပ်ပြန်အလုပ်သမားများ လုံခြုံရေးစိုးရိမ်မှုမြင့်တက်နေဆဲ
ဧပြီ (၁) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းဥပဒေနှင့်ပဋိပက္ခကြောင့် အစစ်အဆေးတင်းကြပ်ပြီးလုံခြုံမှုမရှိသည့်အတွက် သင်္ကြန်ကာလ ရုံးပိတ်ရက်နေအိမ်ပြန်မည့် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ စိုးရိမ်မှုမြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
စစ်အာဏာမသိမ်းခင် နိုင်ငံအခြေအနေကောင်းမွန်ချိန်က ထိုင်းရောက်ရွှေ့ပြောင်းမြန်မာအလုပ်သမားအများစုမှာ မတ်လအကုန်မှစတင်ကာ ခွင့်ယူ၍နေရပ်ပြန်သူ အများအပြားရှိခဲ့သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်တာဆွဲခံရခြင်း လမ်းတွင်စစ်ဆေးရေးတင်းကြပ်ခြင်းနှင့် တိုက်ပွဲများဖြစ်ပေါ်ခဲ့ပြီး ယခုသင်္ကြန်ကာလတွင်လည်း နေရပ်ပြန်ရန်ခက်ခဲနေဆဲဖြစ်သည်ဟု...
ဝေါလေဗျူဟာကုန်း စခန်းသိမ်းတိုက်ပွဲအတွင်း အရပ်သား(၄)ဦး ထိခိုက်ဒဏ်ရာရ
မတ်လ (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ဝေါလေဒေသတွင် ယနေ့မနက်ပိုင်းမှစတင်ဖြစ်ပွားနေသည့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့၏ စခန်းသိမ်းတိုက်ပွဲတွင် စစ်အုပ်စု၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား (၄)ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဝေါလေဒေသခံများကပြောသည်။
ယနေ့မနက်(၆)နာရီဝန်းကျင်တွင် စခန်းသိမ်းတိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးပူးပေါင်းတပ်ဘက်က ဒရုန်းဖြင့် ဖိအားပေးတိုက်ခိုက်ခြင်းအပေါ် လက်နက်ကြီးကုန်းမှတဆင့်...
ဝေါလေ၊ ထီးသဲလယ်စခန်းသိမ်းတိုက်ပွဲပြင်းထန်
မတ် (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ ဝေါလဒေသရှိ စစ်အုပ်စုဗျုဟာကာကင်း ထီးသဲဘလယ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် မဟာမိတ်တပ်ဖွဲ့များက မတ်လ(၃၁)ရက်မှစတင်ပြီး တိုက်ခိုက်သိမ်းပိုက်ရန်ကြိုးပမ်းလာ၍ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း ကရင်စစ်ရေးသတင်းအရင်းအမြစ်မှ သိရသည်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်အုပ်စု၏မြေပြင်တပ်များ ထိခိုက်ဆုံးရှုံးမှုများပြား၍ ဂျက်ဖိုက်တာ၊ Y12 ၊ Y8...
ဧပြီလ(၁)ရက်နေ့မှစ၍ ထိုင်းတစ်နိုင်ငံလုံး ယာဥ်စည်းကမ်း စတင်တင်းကြပ်မည်
မတ် (၃၁) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ဧပြီလ(၁)ရက်နေ့မှစတင်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို တင်းကြပ်စွာစစ်ဆေးအရေးယူသွားမည်ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ဆုန်ခရန်(သင်္ကြန်)ကာလအတွင်း ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရရှိမှု၊ လူသေဆုံးမှုလျှော့ချရန်နှင့် အန္တရာယ်ကင်းသွားလာနိုင်ရန်ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လိုက်နာရမည့်သတ်မှတ်ချက်များကို ရဲတပ်ဖွဲ့ကထုတ်ပြန်လာခြင်းဖြစ်သည်။
ဧပြီလ (၁)ရက်နေ့မှစ၍ ယာဥ်ကို အရှိန်မြှင့်မောင်းနှင်ခြင်း၊ မီးနီဖြတ်ခြင်း၊...
ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီတွင် လက်တွဲလုပ်ဆောင်ကြရန် KNU ဖိတ်ခေါ်
မတ် (၃၁)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့နှင့် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ-CRPH တို့ပါဝင်သော ဖက်ဒရယ်ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကော်မတီ-SCEF တွင် ပါဝင်လက်တွဲကြရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ကော်မတီဖွဲ့စည်းပြီး ယနေ့(မတ်လ ၃၁ရက်)မိန့်ခွန်းအတွင်း ဖိတ်ခေါ်တိုက်တွန်းသည်။
တော်လှန်ရေးအရှိန်မြှင့်ရန်နှင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး လက်တွေ့လုပ်ဆောင်ရန် ရည်ရွယ်ပြီး မတ်လ (၃၀)ရက်နေ့က...
တစစီ ကြွေလွင့်ပျက်စီးသွားသော လူငယ်တို့၏ အနာဂတ်အိပ်မက်များ
တစစီ ကြွေလွင့်ပျက်စီးသွားသော လူငယ်တို့၏ အနာဂတ်အိပ်မက်များ
နန်းဝေဖြိုးဇာ
(မတ် ၃၁ ရက်၊ ၂၀၂၆ ခုနှစ်)
“ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း ကျမလိုပဲ ကျောင်းဆက်တက်မရတော့ ဒီမှာအလုပ်လာလုပ်ကြတယ်”
ဒါကတော့ ကရင်ပြည်နယ်က စစ်ဘေးရှောင်ဘဝကနေ ထိုင်းနိုင်ငံက အိမ်အကူအလုပ်တွေဆီကို တွန်းပို့ခြင်းခံနေရတဲ့ အသက်(၂၀)အရွယ်...
မူတြော်၊ ကရင်ကျောင်းဆရာဖြစ်ကောလိပ်(KTTC) ကျောင်းအုပ် စောရှိုင်းနယ်နှင့်တွေ့ဆုံမေးမြန်းခြင်း
“လက်ရှိအချိန်ထိဆိုရင် ကျောင်းဆရာ၊ ဆရာမ မွေးထုတ်တာ အယောက် ၈၀၀ ကျော် ရှိသွားပြီ။ ” မူတြော် (KTTC) ကျောင်းအုပ် စောရှိုင်းနယ်
မူတြော်၊ ကရင်ကျောင်းဆရာဖြစ်ကောလိပ်(KTTC) ကျောင်းအုပ် စောရှိုင်းနယ်နှင့်တွေ့ဆုံမေးမြန်းခြင်း
မတ်လ ၃၁ ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ
ကော်သူးလေဒေသမှာ အရည်အချင်းရှိသည့် ကျောင်းဆရာ၊ ဆရာမများ မွေးထုတ်ပေးနိုင်ရန်...
တော်လှန်ရေးအရှိန်မြှင့်ရန်နှင့် ဖက်ဒရယ်တည်ဆောက်ရန် တပ်ပေါင်းစုဦးဆောင်ကောင်စီသစ်တစ်ရပ် ERO နှင့် NUG တို့ ဖွဲ့စည်း
မတ်လ ၃၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တော်လှန်ရေးစစ်ရေးအရှိန်အဟုန်မြှင့်တင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို လက်တွေ့အကောင်အထည်ဖော်ရန် ရည်ရွယ်၍ တိုင်းရင်းသား လက်နက်ကိုင်တော် လှန်ရေး အဖွဲ့အစည်း (ERO) ၄ ဖွဲ့နှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ ပူးပေါင်းကာ ဖက်ဒရယ် ပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီကို တရားဝင်ဖွဲ့စည်းလိုက်ကြောင်း မတ်လ...
ထိုင်းမြောက်ပိုင်းတွင် လေထုညစ်ညမ်းမှု အဆိုးရွားဆုံးအခြေအနေရောက်
မတ် (၃၀)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၏ ညစ်ညမ်းမှုထိန်းချုပ်ရေးဦးစီးဌာန (PCD) လက်အောက်ရှိ လေထုညစ်ညမ်းမှုလျှော့ချရေး ဗဟိုဌာနမှ အမှုန်အမွှားအရွယ်အစား PM 2.5 အဆင့်ထိ လေထုညစ်ညမ်းနိုင်ကြောင်း သတိပေးပြီးရက်ပိုင်းအတွင်း နိုင်ငံမြောက်ပိုင်းတွင် အဆိုးရွားဆုံးအခြေအနေသို့ရောက်ရှိလာကြောင်း သိရသည်။
ထိုင်းနိုင်ငံမြောက်ပိုင်းရှိ ခရိုင်ပေါင်း (၁၇) ခုတွင် အမှုန်အမွှား (Fine...















