Home Authors Posts by KIC News

KIC News

21996 POSTS 0 COMMENTS

ဘုရားသုံးဆူနယ်စပ် ကျောင်းဂိတ်ပိတ်သည့်အပေါ် လူထုစိုးရိမ်

မတ် (၃၀) ရက်၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်ဖြတ်ကျော်လမ်းအတွက် အဓိကအားထားရာ ဘုရားသုံးဆူမြို့ရှိ “ကျောင်းဂိတ်”ကို ထိုင်းအာဏာပိုင်များဘက်က မတ်လ (၂၉)ရက်နေ့မှစတင် ပိတ်လိုက်သည့်အတွက် ဒေသတွင်းကုန်သွယ်သွားလာရေးခက်ခဲသွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများကပြောသည်။ လူအဝင်အထွက်အပြင် ပြည်တွင်းဘက်မှ စက်သုံးဆီများသယ်ဆောင်မရသဖြင့် ဘုရားသုံးဆူမြို့တွင်းနေပြည်သူလူထုသည် ထိုင်းဘက်မှ ထိုဂိတ်ကိုဖြတ်၍ မှောင်ခိုစျေးနှင့်တင်သွင်းလာသည့် ဆီများကို ဈေးကြီးပေးဝယ်နေကြရခြင်းဖြစ်သည်။ “အထူးသဖြင့်...

မဲဆောက်တွင် ဆီဈေး ၃ ပုံ ၁ ပုံ နီးပါးတက်

မတ် (၃၀)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စက်သုံးဆီလိုသလောက်ဝယ်မရ အခြေအနေရှိသည့် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ ဆီဆိုင်ကြီးများတွင် ယနေ့ မတ်လ (၃၀)ရက်အထိ ဆီဈေးနှုန်းအရ ယခင်ထက် သုံးပုံတစ်ပုံနီးပါး ဈေးမြင့်တက်နေကြောင်း မဲဆောက်မြို့တွင်နေထိုင်သူများထံမှ သိရသည်။ ဆီအကြပ်အတည်းစတင်ဖြစ်ပွားသည့်အချိန်က ပရီမီယံဒီဇယ်ဆီ တစ်လီတာလျှင် ထိုင်းဘတ် (၄၀)ကျော်၊ ဓာတ်ဆီ (၃၀)ကျော်သာ...

ဖားအံတွင် ဒေသစာ သင်္ကြန်ထမင်းရောင်းအားကောင်း

မတ် (၃၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ နွေရာသီနှင့်လိုက်ဖက်ညီသော ဒေသစာ သင်္ကြန်ထမင်းဝယ်ယူစားသုံးသူများလာသဖြင့် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခုမတ်လအတွင်း သင်္ကြန်ထမင်း ရောင်းအားကောင်းနေကြောင်း ကိုယ်တိုင်ချက်ပြုတ်ရောင်းချသူမြို့ခံများက ပြောသည်။ သာမန်ထမင်းဖြူကိုရေအေးဖြင့်ရော၍ ငါးခြောက်ထောင်း သို့မဟုတ် ပဲထောင်းကြော်တို့ဖြင့် တွဲဖက်စားသုံးကြသည့် သင်္ကြန်ထမင်းကို သင်္ကြန်အတွက် ကြိုတင်အော်ဒါမှာယူထားကြသည်အထိ ရောင်းချနေရသည်ဟု...

ဒူးပလာယာခရိုင်တွင် ဒေသခံအများအပြား အွန်လိုင်းငွေလိမ်ခံရပြီး ကျပ်သိန်းထောင်ချီဆုံးရှုံး

မတ် (၃၀)ရက်၊ ၂၀၂၆ ခုနှစ်။‌ ကေအိုင်စီ အွန်လိုင်းရုပ်ရှင်ပုံမှန်ကြည့်ရုံဖြင့် လစဉ်ဝင်ငွေရမည်ဟု မက်လုံးပေး ငွေရင်းနှီးခိုင်းသည့် အွန်လိုင်းငွေလိမ်လုပ်ငန်း(ကျားဖြန့်)ကြောင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်ရှိ ဒေသခံအများအပြား ငွေကျပ်သိန်းမှ ထောင်ဂဏန်းအထိ ဆုံးရှုံးမှုရှိနေသည်ဟု ကျေးရွာနေလူထုက ပြောသည်။ ကျုံဒိုးမြို့နယ်၊ ထီဟူးသံ၊ ဝင်းက၊ ဖားကျကျေးရွာအပါအဝင် နို့တကောမြို့နယ်ရှိ ကျေးရွာအချို့တို့တွင် အွန်လိုင်းငွေလိမ်ခံရပြီး ခြံထုတ်ရောင်းအကြွေးဆပ်ရသည်အထိ...

မီးလောင်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဖလူးရွာရှိ နေအိမ်(၁၀)လုံးထက်မနည်း ပျက်စီး

မတ် (၂၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် ဖလူးကျေးရွာကို စစ်အုပ်စုက မတ်လ(၂၈)ရက်နေ့မှစ၍ ဖျက်အားပြင်းမီးလောင်ဗုံးများကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံပိုင်နေအိမ်(၁၀)လုံးထက်မနည်း ပျက်စီးမှုရှိနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်ထိန်းချုပ်ထားသည့် ဖလူး-မင်းလက်ပံလမ်းပိုင်းကို ထိန်းချုပ်နိုင်ရေး စစ်အုပ်စုက မြေပြင်စစ်ကြောင်းအပါအဝင် ဒရုန်းနှင့်လက်နက်ကြီးများဖြင့် ယနေ့(မတ်လ ၂၉ ရက်)မနက်ပိုင်းအထိ...

ကျုံဒိုး-ကော့ကရိတ်က စစ်အုပ်စု‌တပ်ရင်း(၄)ရင်း ဒရုန်းနှင့်ရှော့တိုက်ဒုံး တိုက်ခိုက်ခံရ

မတ် (၂၈)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆) ဒူးပလာယာခရိုင်၊ ကျုံဒိုး‌-ကော့ကရိတ်နယ်မြေရှိ စစ်အုပ်စု၏ခြေမြန်တပ်ရင်း ခမရ-၅၄၅၊ ၅၄၆ နှင့် ခြေလျှင်တပ်ရင်း ခလရ-၂၃၀၊၂၃၁ တို့ကို KNLA ပူးပေါင်းတပ်က မတ်လ(၂၆)မှ(၂၈)ရက်နေ့အထိ ဒရုန်းနှင့်ရှော့တိုက်ဒုံးများ တိုက်ခိုက်ခဲ့‌ကြောင်း သိရသည်။ မတ်လ(၂၆)ရက်နှင့် (၂၇)ရက်တို့တွင် ကျုံဒိုးမြို့အခြေစိုက် ခမရ-၅၄၅...

ဒေါနအရှေ့ခြမ်းကို မြဝတီမြို့နယ်အဖြစ် KNU အသစ်ထပ်မံဖွဲ့စည်း၊ မြို့နယ်ဥက္ကဋ္ဌအဖြစ် ပဒိုစောဖထယားနှင့် ဒုဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီး စောကိုကို(ခေါ်) စောဒါဘောတို့ကို...

မတ်လ ၂၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်ရှိ ဒေါနတောင်တန်း အရှေ့ဘက်ခြမ်း ဒေသများကို စုစည်း၍ "မြဝတီ (ရာမတီး) မြို့နယ်" အဖြစ် ယနေ့ မတ်လ (၂၈) ရက်နေ့တွင် အသစ်ထပ်မံဖွဲ့စည်းလိုက်ပြီး မြို့နယ်ဥက္ကဋ္ဌအဖြစ် ပဒိုစောဖထယားနှင့် ဒုဥက္ကဋ္ဌ ဒုဗိုလ်မှူးကြီး...

မယ်လဒုက္ခသည်စခန်းတွင် မီးလောင်မှုဖြစ်ပွားပြီး နေအိမ် (၇)လုံး ပျက်စီး

မတ်လ (၂၈) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ယနေ့(မတ်လ ၂၈ ရက်နေ့)မနက်ပိုင်းတွင် မတော်တဆမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး လူနေအိမ် (၇) လုံး ပျက်စီးသွားကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။ မယ်လဒုက္ခသည်စခန်း၊ ဇုန် C-1BB နေရာတွင် ယနေ့...

မြဝတီတောင်ဘက် ကျားဖြန့်ခြံကို စစ်အုပ်စုဒရုန်းဖြင့် တိုက်ခိုက်၊ တရုတ် ၃ ဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရ

မတ်လ ၂၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ဖလူးလေးကျေးရွာ အပြင်ဘက်ရှိ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ထိန်းချုပ်သည့် ကျွန်းတော တရုတ်ကျားဖြန့် ငွေလိမ်ခြံဝင်းကို မတ်လ ၂၆ ရက်ည စစ်အုပ်စုက ကာမီကာ ဇေအသေခံဒရုန်းဖြင့်...

ကော့ကရိတ်မြောက်ပိုင်းတိုက်ပွဲတွင် ဂျက်လေယာဥ်ဖြင့်(၂)ကြိမ် စစ်အုပ်စု ဗုံးကြဲစစ်ကူပေး

မတ် (၂၇)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြောက်ပိုင်းတွင် စစ်အုပ်စုနှင့်တော်လှန်ရေးပူးပေါင်းတပ်တို့ ယမန်နေ့ မတ်လ(၂၆)ရက်နေ့ မနက်ပိုင်းက တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာ စစ်အုပ်စုက ဂျက်လေယာဥ်ဖြင့်(၂)ကြိမ် ဗုံးကြဲစစ်ကူပေးခဲ့ကြောင်း ပူးပေါင်းတပ်သတင်းအရင်းအမြစ်မှ သိရသည်။ ကော့ကရိတ်မြောက်ဘက် နောင်ကိုင်း၊ မိဖာလဲ၊ ကြက်မောက်ခြံမှ ထီဖိုးစံ ရွာသို့ တက်လာသော စစ်အုပ်စုနှင့်...
Donate