Home Authors Posts by KIC News

KIC News

21995 POSTS 0 COMMENTS

သင်္ကြန်ပွဲအကြောင်းပြ၍ လုပ်ငန်းရှင်နှင့် ပြည်သူများထံမှ ငွေကြေးအဆမတန် ကောက်ခံနေမှုအပေါ် ဒေသခံများ ဝေဖန်

ဧပြီလ ၂ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာ့ရိုးရာ အတာသင်္ကြန်ပွဲတော် ကျင်းပရန်အတွက်ဟုဆိုကာ ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဒေသခံ လုပ်ငန်းရှင်များနှင့် ပြည်သူများထံမှ ငွေကြေး အဆမတန် ကောက်ခံမှု ပြုလုပ်နေသည်ဟု မြို့ခံများ ဝေဖန်ပြောဆိုနေကြသည်။ လာမည့် ဧပြီလ (၁၃)ရက်နေ့တွင် ကျရောက်မည့်...

ဖားအံမြို့တွင် စက်သုံးဆီမရ၍ ဆိုင်ကယ်မီးရှို့မှုဖြစ်ပွား

ဧပြီ (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ပြီးခဲ့သည့် မတ်လ (၃၁) ရက်‌နေ့က စက်သုံးဆီရရန်အချိန်ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းပြီးမှ ဆီကုန်သွားသဖြင့် မိမိဆိုင်ကယ်မိမိ မီးရှို့ဖျက်ဆီးလိုက်သည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း မြို့ခံသတင်းအရင်းအမြစ်မှ သိရသည်။ ဖားအံမြို့၊ လှာကဒေါင်မွေးမြူရေးဇုံတွင် စက်သုံးဆီဝယ်ယူရန် မွန်းလွဲပိုင်းအပူချိန်ပြင်းထန်သည့်အချိန် တန်းစီစောင့်ဆိုင်းပြီးမှ ဆီမရ၍နေအိမ်ပြန်လာရသော...

ဘီးလင်း၊ လေးကေရွာ ပေါင် (၅၀၀) ဗုံး ကြဲချခံရမှု အရပ်သား(၁)ဦး ဒဏ်ရာရပြီး နေအိမ် (၁၂) လုံးပျက်စီး

ဧပြီ (၂)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁) သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ ပယာရောကျေးရွာအုပ်စု၊ လေးကေကျေးရွာကို ယမန်နေ့(ဧပြီလ ၁ ရက်)က စစ်အုပ်စုမှ ပေါင်(၅၀၀)ဗုံး ကြဲချတိုက်ခိုက်မှုကြောင့် ဒေသခံအမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာရှိပြီး နေအိမ် (၁၂) လုံး ပျက်စီးသွားကြောင်း ကေအဲန်ယူ သထုံခရိုင်ထံမှ...

အာရှလမ်းမကြီးပေါ် အရပ်သားကားများသွားလာရန် စစ်အုပ်စုဖိအားပေး

ဧပြီ (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ယနေ့(ဧပြီ ၂ ရက်နေ့)တွင် စစ်အုပ်စုက အသွားအလာပိတ်ထားခြင်းဖြင့် နယ်မြေလုံခြုံရေးစိတ်မချရသေးသည့် အာရှလမ်းမကြီးအား အရပ်သားကားများအသုံးပြုရန် ဖိအားပေးနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံ စုံစမ်းချက်အရ သိရသည်။ ယနေ့မနက်ပိုင်းက တံတားဦးကျေးရွာ၊ ဖားအံ-ကော့ကရိတ်လမ်းမပေါ်၌ ပြည်နယ်စစ်အုပ်ဦးဆောင်ကာ အာရှလမ်းဖွင့်ပွဲ...

အာရှလမ်းဖွင့်ပွဲလုပ်ရန် ပြည်နယ်စစ်အုပ်စု လုံခြုံရေးယူ၍ အင်အားပြင်

ဧပြီ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့် ဖွင့်ပွဲအခမ်းအနားပြုလုပ်ရန် ဖားအံမြို့နယ်၊ လွန်းညရေပြာအိုင်အနီးရှိ တံတားဦးကျေးရွာတွင် စစ်အုပ်စုတပ်ဖွဲ့ဝင်များ လုံခြုံရေးယူ၍ အင်အားပြင်နေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များအရ သိရသည်။ ယမန်နေ့ (မတ်လ ၃၁ ရက်)က ကော့ကရိတ်-ဖားအံလမ်းပေါ်တည်ရှိသည့် တံတားဦးကျေးရွာတွင် အာရှလမ်းဖွင့်ပွဲပြုလုပ်မည်ဖြစ်ကြောင်း ကရင်ပြည်နယ်အစိုးရအဖွဲ့၏...

လောင်စာဆီ စျေးနှုန်း စံချိန်တင် မြင့်တက်လာမှုကြောင့် လယ်သမားများ အခက်ကြုံလာရ

ဧပြီ (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ လယ်ယာစပါး အဓိက စိုက်ပျိုးလုပ်ကိုင်သည့် ဧရာဝတီတိုင်းဒေသတွင် လောင်စာဆီ ရှားပါးမှု နှင့် စျေးနှုန်း အဆမတန်ကြီးမြင့်မှုကို ကြုံတွေ့နေရပြီး စိုက်ပျိုးလုပ်ကိုင်ရေးအတွက် အခက်ကြုံလာကြရသည်ဟု လယ်သမား များကပြောသည်။ လက်ရှိ ဓာတ်ဆီစျေးနှုန်းအရ တစ်လီတာကို ကျပ်ငွေ ၁၇,၀၀၀...

ဖားအံတွင် သင်္ကြန်ပွဲတော် စည်ကားစွာကျင်းပရန် ပြည်နယ်စစ်အုပ်စု စီစဥ်

ဧပြီ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်အတွက် ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စည်ကားသိုက်မြိုက်စွာရေကစားနိုင်ရန် ပြီးခဲ့သည့်မတ်လကတည်းက ပြည်နယ်စစ်အုပ်စုမှ စီစဥ်နေကြောင်း မြို့ခံများပြောပြချက်အရ သိရသည်။ ဖားအံမြို့ ကမ်းနားလမ်းတစ်လျှောက်မှ မြသီတာဆေးရုံရှေ့အထိ လမ်းလျှောက်ရေကစားနိုင်သော လမ်းလျှောက်သင်္ကြန်၊ ဖားအံ ညဈေးတန်းအနီး သံလွင်မြစ်ကမ်းနံဘေးတွင်ကျင်းပမည့် နန်းဖော့အွာသဲသောင်ပြင်သင်္ကြန်နှင့် ချစ်သူလမ်းကြား၊ ကွယ်ကဘောင်ဟိုတယ်အနီးရှိ...

လယ်ဒိုတွင် စစ်အုပ်စုစခန်းတိုက်ခိုက်ခံရပြီး (၅)ဦးသေဆုံး၊ စစ်မှုထမ်းတပ်သား(၁)ဦး လက်နက်ချ

ဧပြီ (၁)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ ကျောက်ကြီး(လယ်ဒို)မြို့နယ်ရှိ စစ်အုပ်စု၏ဂိတ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့်ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်မှုကြောင့် စစ်အုပ်စုတပ်ဖွဲ့ဝင်(၅)ဦးသေဆုံးခဲ့ပြီး စစ်မှုထမ်းဖမ်းဆီးခံရသူ တပ်ဖွဲ့ဝင်(၁)ဦး KNLA ထံ လက်နက်ချလာကြောင်း ကေအဲန်ယူက ယနေ့(ဧပြီ ၁ ရက်)တွင် ထုတ်ပြန်သည်။ ယမန်နေ့ မတ်လ(၃၁)ရက်နေ့က သာယာကုန်းရွာနှင့်ခြံကြီးကြား...

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP မှ ဦးအောင်ဆန်းမြင့်နှင့် ဆက်သွယ်မေးမြန်းခြင်း။

“ဖက်ဒရယ်တည်ဆောက်မှာဖြစ်တဲ့အတွက် ဖက်ဒရယ် ယူနစ်ကိုယ်စားပြုမှုကတော့ ပိုပြီးအရေးကြီးတယ်။ အဲ့ဒီလိုကိုယ်စားပြုမှုရှိတဲ့အစုအဖွဲ့တွေကတော့ အားလုံးပါဝင်ဖို့ရှိပါလိမ့်မယ်။” ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP မှ ဦးအောင်ဆန်းမြင့်နှင့် ဆက်သွယ်မေးမြန်းခြင်း။ ဧပြီ ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP၊ ချင်းအမျိုးသားတပ်ဦး-CNF၊ ကချင်လွတ်လပ်ရေးအဖွဲ့-KIO/KIA၊ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နှင့် ပြည်ထောင်စုကိုယ်စားပြုလွှတ်တော်-CRPH တို့ ပါဝင်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ် ထွန်းရေး...

မက္ကသာတွင် မောင်းသူမဲ့လေယာဉ်ဗုံးကြဲ၍ အမျိုးသမီး (၂)ဦးသေဆုံး၊ ကလေး(၁)ဦးဒဏ်ရာရ

ဧပြီ (၁)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူမြို့အနီးရှိ မက္ကသာ၊ မော်ဖာထောကျေးရွာတွင် မတ်လ (၃၁)ရက်နေ့က စစ်အုပ်စုမှ မောင်းသူမဲ့လေယာဉ်ဖြင့်ဗုံးကြဲ၍ အမျိုးသမီး(၂)ဦးသေဆုံးပြီး အသက်(၅)နှစ်အရွယ်ကလေးတစ်ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ပြည်သူလူထုနေထိုင်သည့် ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်အုပ်စုမှ လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးအဝေးထိန်း မောင်းသူမဲ့လေယာဉ်ဖြင့် ဗုံး(၂)လုံးကြဲသွားသည်ဟု...
Donate