KIC News
အွန်လိုင်းလိမ်လည်မှုနှင့် သတ္တုတွင်းပြဿနာများ ကိုင်တွယ်ရန် ကော်သူးလေ တရားမျှတမှုဖိုရမ်တွင် ဘုံသဘောတူညီမှုရရှိ
ဇွန် ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကော်သူးလေဒေသအတွင်း လက်ရှိရင်ဆိုင်ကြုံတွေ့နေရသည့် အွန်လိုင်းငွေလိမ်လည်မှုကိစ္စရပ်များနှင့် ဒေသတွင်း သတ္တုတွင်းပြဿနာများကို ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ဇွန်လ (၁) ရက်နေ့မှ (၃) ရက်နေ့အထိ ကျင်းပခဲ့သည့် ပထမဦးဆုံးအကြိမ် ကော်သူးလေ တရားမျှတမှုဖိုရမ်တွင် ဆွေးနွေးကာ ဘုံသဘောတူညီချက် ရရှိခဲ့ကြကြောင်း ဖိုရမ်ထုတ်ပြန်ချက်အရ...
ကန်ချနဘူရီတွင် ဖုန်းကိစ္စစကားများရာမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးက ညီမငယ်ကို သတ်ဖြတ်မှုဖြစ်ပွား
ဇွန်လ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်၊ ဆန်ခလဘူရီမြို့နယ်တွင် ဖုန်းအသုံးပြုသည့်ကိစ္စနှင့်ပတ်သက်၍ စကားများရန်ဖြစ်ရာမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးက ၇ နှစ်အရွယ်ရှိ ၎င်း၏ညီမငယ်ကို သတ်ဖြတ်ခဲ့သည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ဘန်ကောက်ပို့စ် ထိုင်းသတင်းဌာနတွင် ယနေ့ ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်တွင်...
ဖားအံမြို့နယ် သံလွင်မြစ်အတွင်း စစ်အုပ်စုမှ လက်နက်ကြီးအစမ်းပစ်ခတ်မည်
ဇွန်လ ၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ သံလွင်မြစ်အတွင်း စစ်အုပ်စု၏ မောရဝတီရေတပ်ဌာနချုပ်မှ လာမည့် ဇွန်လ ၁၀ ရက်နေ့တွင် လက်နက်ကြီးအစမ်းပစ်ခတ်မှု ပြုလုပ်မည်ဖြစ်၍ ဒေသခံပြည်သူများ သတိပြု ကြရန် နှိုးဆော်ထားကြောင်း သိရသည်။
သံလွင်မြစ်အတွင်း မောရဝတီရေတပ်စခန်းဌာနချုပ်၊ အမှတ် (၄၆)...
မိုးရာသီဖြစ်သော်လည်း ဖားအံမြို့သို့ လာရောက်လည်ပတ်သူများပြားပြီး ဟိုတယ် အခန်းများ ကြိုတင်ဘိုကင်ပြည့်နေ
ဇွန်လ ၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ယခု မိုးရာသီကာလဖြစ်သော်လည်း အများ ပြည်သူရုံးပိတ်ရက် ရှည်များသာမက ကြားရက်များတွင် အနယ်နယ် အရပ်ရပ်မှ မြို့သို့ လာရောက်လည်ပတ်သူ များပြားပြီး ဟိုတယ်အခန်း ကြိုတင်မှာယူမှုများလည်း ပြည့်သည်အထိ ရှိခဲ့ကြောင်း ဖားအံမြို့နေပြည်သူများထံမှ သိရသည်။
ပြီးခဲ့သည့်...
KNU ဖားအံခရိုင် အမှတ် (၁) ကော်သူးလေ အထက်တန်းကျောင်း တစ်နှစ်တာပညာသင်နှစ်အတွက် ကျောင်းဆင်းပွဲ ကျင်းပ
ဇွန်လ ၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-KNU၊ တပ်မဟာ (၇)၊ ဖားအံခရိုင် အမှတ် (၁) ကော်သူးလေ အထက်တန်းကျောင်း၏ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်အတွက် အထက်တန်း (Grade-12) ပညာအောင်မြင် သွား သည့် ကျောင်းသူ/သားများအား အောင်လက်မှတ်ပေးအပ်သည့် ကျောင်းဆင်းပွဲ...
ဒုံရင်း အထက ကျောင်းသူ(၁)ဦး ကျောင်းဆင်းချိန် ယာဥ်တိုက်ခံရပြီး သေဆုံး
ဇွန် (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ဒုံရင်းတိုက်နယ်ရှိ ဒုံရင်းအထက ကျောင်းတွင် တက်ရောက်သင်ယူနေသည့် ကျောင်းသူ(၁)ဦးမှာ ဇွန်လ(၄)ရက်နေ့ ညနေပိုင်း ကျောင်းဆင်းအိမ်ပြန်စဥ် ကားလမ်းဖြတ်ကူးရာတွင် ယာဥ်တိုက်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
၂၀၂၆-၂၀၂၇ပညာသင်နှစ်အတွက် စာသင်ကျောင်းများ စတင်ဖွင့်လှစ်သည့် ပထမအပတ်...
ကရင်နီ၊ ဒီးမော့ဆိုတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် သင်းအုပ်ဆရာ(၁)ဦး သေဆုံး
ဇွန် (၅)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်းသို့ ယမန်နေ့ ဇွန်လ(၄)ရက်နေ့ ညနေပိုင်းက စစ်အုပ်စုလေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် နှစ်ခြင်း ခရစ်ယာန် သင်းအုပ်ဆရာ(၁)ဦးသေဆုံးခဲ့ကြောင်း ဒေသခံများကပြောသည်။
ယမန်နေ့ ညနေ ၅ နာရီမှ ၆ နာရီကြားတွင် ဒေသခံပြည်သူများနေထိုင်ရာ နေရာကို လေယာဥ်ဗုံးကြဲတိုက်ခိုက်သွားခြင်းဖြစ်ပြီး စစ်ဘေးရှောင်ရင်း ဘုရားအမှုတော်ဆောင်နေသည့်...
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့ ပူးပေါင်းဆောင်ရွက်ရန် အသင့်ရှိကြောင်း KNU နှင့် IEC ပူးတွဲစာထုတ်
ဇွန် (၅)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးနှင့် စိန်ခေါ်မှုများကို လက်တွေ့ကျကျဖြေရှင်းနိုင်ရေး သက်ဆိုင်ရာ လူပုဂ္ဂိုလ်၊ အဖွဲ့များနှင့်ပူးပေါင်းဆောင်ရွက်သွားရန် အဆင်သင့်ရှိနေကြောင်း ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC က ပူးတွဲစာထုတ်သည်။
ယနေ့ ဇွန်လ(၅)ရက်တွင် ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့တွင် တိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့က သဘာဝသဃံဇာတများ၊ ဂေဟစနစ်နှင့် မြစ်ချောင်းများကို...
မုတ်သုံလေ အားကောင်းမှုကြောင့် ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်ပြီး ရေကြီးရေလျှံနိုင်ဟု သတိပေး
ဇွန်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အားကောင်းသည့် အနောက်တောင်မုတ်သုံလေ တိုက်ခတ်နေမှုကြောင့် ဘန်ကောက်အပါအဝင် ထိုင်းနိုင်ငံတစ်ဝန်း၌ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နိုင်ကြောင်း ထိုင်းမိုးလေဝသနှင့် ဇလဗေဒဌာနက သတိပေးထုတ်ပြန်ထားသည်ဟု The Nation Thailand သတင်းဌာနက ဖော်ပြသည်။
အက်ဒမန်ပင်လယ်နှင့် ထိုင်းပင်လယ်ကွေ့အထက်ပိုင်းတွင် ဖြစ်ပေါ်နေသည့်...
လူသောတွင် စစ်အုပ်စု ဒရုန်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား ၂ ဦး ဒဏ်ရာရပြီး ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး
ဇွန်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံ၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅) နယ်မြေ၊ လူသောမြို့နယ်တွင် ပြီးခဲ့သည့် အပတ်အတွင်း စစ်အုပ်စု၏ ဒရုန်းဗုံးကြဲမှုနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ(၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရပြီး လူနေအိမ်နှင့် ဘာသာရေး အဆောက်အအုံများလည်း ပျက်စီးခဲ့ကြောင်း ဒေသခံ သတင်းအရင်းအမြစ်ထံမှ...














