Home Authors Posts by KIC News

KIC News

22136 POSTS 0 COMMENTS

မောတောင်တွင် စစ်တပ်ဖမ်းဆီးနှိပ်စက်ခံရသည့် အရပ်သား ၄ ဦးအနက် ၁ ဦး လွတ်မြောက်၊ ၃ ဦး ဖမ်းဆီးခံထားရဆဲ

ဇွန်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ်ခရိုင်၊ တနင်္သာရီမြို့နယ်ရှိ မောတောင်မြို့တွင် အာဏာသိမ်းစစ်တပ်က ဖမ်းဆီးနှိပ်စက်ထားသည့် ဒေသခံ ကျေးရွာသား (၄)ဦးအနက် တစ်ဦးသာ ထွက်ပြေးလွတ်မြောက်လာနိုင်ခဲ့ပြီး ကျန်ရှိသည့် သုံးဦးမှာ ပြန် လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကေအဲန်ယူ ထံမှ သိရသည်။ စစ်အုပ်စုတပ်က...

MPT နှင့် ပူးပေါင်းဆောင်ရွက်မှု ရပ်ဆိုင်ပြီး မြန်မာမှထွက်ခွာရန် ဂျပန်ကုမ္ပဏီနှစ်ခုကို အရပ်ဘက် အဖွဲ့အစည်းများ တောင်းဆို

ဇွန် ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဂျပန်နိုင်ငံအခြေစိုက် KDDI Corporation နှင့် Sumitomo Corporation တို့အနေဖြင့် အာဏာသိမ်း စစ်တပ် ထိန်းချုပ်မှုအောက်ရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) နှင့် ပူးပေါင်းဆောင်ရွက်နေမှုကို ချက်ချင်းရပ်ဆိုင်းပြီး မြန်မာနိုင်ငံမှ တာဝန်ယူမှုရှိစွာ ထွက်ခွာရန် Justice...

ကျူးကျော်သူအဖြစ်မှ အသက်နှင့်လဲ၍ သစ္စာစောင့်သိခဲ့သူ ဗိုလ်မှူးဆီးဂရင်း

ကျူးကျော်သူအဖြစ်မှ အသက်နှင့်လဲ၍ သစ္စာစောင့်သိခဲ့သူ ဗိုလ်မှူးဆီးဂရင်း ခါကာဘို ရေးသားသည်။ (၄-၆-၂၀၂၆) သမိုင်းဟာ ရန်နဲ့မိတ်ကို ခွဲခြားတတ်ပေမယ့် တစ်ခါတစ်ရံမှာတော့ စစ်ပွဲနဲ့အတူ ရောက်လာခဲ့သူတစ်ဦးကပင် မိမိတို့ အသက်ထက် အဖိုးတန်တဲ့ မိတ်ဆွေစစ်တစ်ဦး ဖြစ်လာတတ်ပါတယ်။ သူ့ရဲ့ ချစ်ခြင်းမေတ္တာနဲ့ စွန့်လွှတ်အနစ်နာခံမှုတွေကြောင့် သမိုင်းက သူ့ကို ကျူးကျော်သူလို့ မသတ်မှတ်‌တော့ဘဲ သူရဲ...

ဖရူဆိုတွင် စစ်အုပ်စုတပ်က နေအိမ် ၈၀ ကျော်ခန့် မီးရှို့ဖျက်ဆီးဟု KNDF ထုတ်ပြန်

ဇွန်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်နီ (ကယား) ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း စစ်ကြောင်းထိုး လှုပ်ရှားနေသည့် စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မတ်လမှ မေလအထိ ၃ လအတွင်း ဒေသခံ ကျေးရွာ ၃ ရွာရှိ အရပ်သား ပြည်သူတို့၏ နေအိမ်...

ဒုက္ခသည်များကို ယာယီအလုပ်လုပ်ကိုင်ခွင့်ပေးပြီး လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းရန် မလေးရှားအစိုးရ စီစဉ်နေ

ဇွန်လ ၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မလေးရှားနိုင်ငံသို့ ရောက်ရှိနေသော ဒုက္ခသည်ဦးရေ ၂ သိန်းကျော်ကို သင့်တော်ရာ ယာယီ အလုပ်လုပ်ကိုင်ခွင့်ပြုခြင်းဖြင့် နိုင်ငံအတွင်း ကြုံတွေ့နေရသည့် လုပ်သားရှားပါးမှုပြဿနာကို ဖြေရှင်းရန် မလေးရှားအစိုးရက ပြင်ဆင်နေသည်ဟု စင်ကပူနိုင်ငံ အခြေစိုက် CNA သတင်းဌာနက...

သံလွင်အပါအဝင် မြစ်များကို ကာကွယ်ရေး ငြိမ်းချမ်းရေး လမ်းလျှောက်ခရီး ငါးရက်မြောက်နေ့သို့ ရောက်

ဇွန် (၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ သံလွင်မြစ်အပါအဝင်၊ မဲခေါင်၊ ကောက်၊ စိုင်၊ ရွက်မြစ် များကို ကာကွယ်ရေး သံဃာတော်များဦးဆောင်ကာ သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူများ၊ ပညာရှင်များ၊ အရပ်ဖက်အဖွဲ့နှင့်လူထု လိုက်ပါလာသည့် ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဥ်မှာ ယနေ့ ဇွန်လ(၄)ရက်တွင် ငါးရက်မြောက်နေ့သို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း ကရင်မြစ်ချောင်းများစောင့်ကြည့်ရေးအဖွဲ့-KRW...

SCEF နှင့် ကနေဒါနိုင်ငံအစိုးရအဖွဲ့တို့ တွေ့ဆုံဆွေးနွေး

ဇွန် (၃)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကနေဒါနိုင်ငံသို့ရောက်ရှိနေသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF ကိုယ်စားလှယ်အဖွဲ့က ကနေဒါနိုင်ငံအစိုးရ၊ လွှတ်တော်အဖွဲ့၊ အရပ်ဖက်အဖွဲ့များ၊ ပညာရှင်များ၊ ပြည်ပရောက်မြန်မာနွယ်ဖွားများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ယနေ့ ဇွန်လ(၃)ရက်နေ့တွင် ထုတ်ပြန်သည်။ တိုင်းရင်းသားလက်နက်ကိုင်(၄)ဖွဲ့ပူးပေါင်းပါဝင်မှုဖြင့် ဖွဲ့စည်းထားသည့် SCEF ကိုယ်စားလှယ်အဖွဲ့၏ ကနေဒါနိုင်ငံခရီးစဥ်အတွင်း အိုတာဝါမြို့၌ နိုင်ငံအစိုးရ၊ လွှတ်တော်အဖွဲ့ဖြင့်...

မြဝတီအာရှလမ်းပေါ် ကုန်တင်ယာဥ်တိမ်းမှောက်မှုဖြစ်ပွားပြီး ယာဉ်မောင်းသေဆုံး

ဇွန် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးပေါ်တွင် ယမန်နေ့ ဇွန်လ(၂)ရက် ညနေပိုင်းက ကုန်ပစ္စည်းများတင်ဆောင်လာသည့် ၂၂ ဘီးတွဲ မော်တော်ယာဥ်တစ်စီး လမ်းဘေးချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး ယာဉ်မောင်းအမျိုးသား(၁)ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံလူမှုကူညီရေးအဖွဲ့များထံမှ သိရသည်။ ယမန်နေ့ညနေ ၄ နာရီ...

တနင်္သာရီမြို့နယ်တွင် စစ်အုပ်စုတပ်က စစ်ကြောင်းထိုးပြီး စာသင်ကျောင်း၊ ဘုရားကျောင်းနှင့် နေအိမ်များကို မီးရှို့ဖျက်ဆီး

ဇွန်လ ၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ တနောသရီ (တနင်္သာရီ) မြို့နယ်ရှိ တကောဖောလူကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်အုပ်စုတပ်သည် ရွာရှိစာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံများနှင့် ပြည်သူ့နေအိမ်များကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း ကေအဲန်ယူက ယနေ့ သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် မေလ ၁၉...

ကရင်နီမှာ တစ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုကြောင့် အရပ်သား(၂) ဦးသေဆုံးပြီး (၁၀) ဦးဒဏ်ရာရ

ဇွန် (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်နီပြည်နယ်တွင် ပြီးခဲ့သည့် မေလတစ်လတာအတွင်း စစ်အုပ်စုက အရပ်သားပြည်သူများအပေါ်ကျုးလွန်သည့် လူ့အခွင့်အရေးချိုးဖောက်မှုကြောင့် (၂) ဦး သေဆုံးပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ(KnHRG)၏ မေလ(၂)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။ KnHRG ၏ မှတ်တမ်းအရ ပြီးခဲ့သည့်လအတွင်း...
Donate