KIC News
ရာသီဥတုကြောင့် သံတောင်ကြီးနှင့် ကော့ကရိတ်တွင် ဒူးရင်းသီးအထွက်နှုန်းကျ
မေ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ နေအပူအရှိန်ပြင်းပြီး အချိန်အခါမဟုတ် လေပြင်းတိုက်ခတ်မှုကြောင့် ဒူးရင်းပင်များပျက်စီးသလို ဒူးရင်းသီးအထွက်နှုန်း ကျဆင်းသွားကြောင်း စိုက်ပျိုးသူများက ပြောသည်။
သံတောင်ကြီးမြို့နယ်၊ သံတောင်(၁၃)မိုင်တွင် ပြီးခဲ့သည့်ဧပြီလကုန်ပိုင်းက လေပြင်းတိုက်ခတ်မှုကြောင့် နှစ်ရှည်ဒူးရင်းပင်ကြီးများ ကျိုးကျပျက်စီးသွားသည်။ ကော့ကရိတ်မြို့နယ်တွင်လည်း...
KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို ဗုံးထိမှန်သေဆုံးတယ်ဆိုတဲ့သတင်းအမှား
KNU တပ်မဟာ ၅ ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို ဗုံးထိမှန်သေဆုံးတယ်ဆိုတဲ့သတင်းအမှား
Fact Check / Dawei Watch၊ KIC ၊ The Red Flag
ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ တပ်မဟာ ၅ မူတြော် (ဖာပွန်) ခရိုင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ...
စစ်ကြောင်းထိုးသတိပေး၍ သံတောင်ကြီးစစ်ရှောင်များ နှစ်ပတ်ကျော်ကြာ နေရပ်ပြန်ခွင့်မရ
မေ (၁၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်မြောက်ပိုင်းတွင် လေကြောင်းရန်ကြောင့် ပြီးခဲ့သည့်ဧပြီနောက်ဆုံးအပတ်ကတည်းက နေရပ်စွန့်ခွာလာရသည့် စစ်ဘေးရှောင်များမှာ စစ်အုပ်စု စစ်ကြောင်းထိုးသတိပေးမှုရှိနေ၍ ယနေ့အချိန်ထိ အိမ်ပြန်ခွင့်မရသေးကြောင်း နယ်မြေတာဝန်ရှိသူထံမှ သိရသည်။
ဧပြီ(၂၄)ရက်ကစပြီး သံတောင်ကြီးမြောက်ပိုင်းဒေသတွင်ဖြစ်ပွားခဲ့သော စစ်အုပ်စု လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ဘုံတောင်၊ သာစည်၊ ငွေတောင်၊ ဗဟန်း၊...
ကော့ကရိတ်မြို့ပေါ်က နေအိမ်များ ရက်ပိုင်းအတွင်း ပြန်လည်ဆောက်လုပ်ရမည့်သတင်းကြောင့် မြို့ခံများအခက်ကြုံ
မေ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်ရှိ မီးလောင်ပျက်စီးထားသည့်နေအိမ်များအား ယခုမေလ၊ ရက်ပိုင်းအတွင်း ပြန်လည်တည်ဆောက်နေထိုင်ရန် ပြည်နယ်စစ်အုပ်စု၏ညွှန်ကြားချက် သတင်းထွက်ပေါ်လာ၍ အထောက်အထားနှင့်ငွေကြေးအခက်အခဲ ရှိနေသည့် မြို့ခံများ အခက်ကြုံနေရကြောင်း သိရသည်။
ပြီးခဲ့သည့် မေလ(၂)ရက်နေ့က စစ်အုပ်စုလက်အောက်ရှိ မြို့နယ်အုပ်ချုပ်ရေးပိုင်းမှ ကော့ကရိတ်မြို့၊ ရပ်ကွက်နေထိုင်သူများကို စည်းဝေးခေါ်ယူပြီးနောက်ပိုင်း...
ဒူးသထူခရိုင်ရှိ တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်(၅)ဦး၊ စစ်အုပ်စုတပ်ဖွဲ့ဝင်(၂၆)ဦး သေဆုံးခဲ့
မေ (၁၀)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးသထူ/သထုံခရိုင်၊ တပ်မဟာ(၁)နယ်မြေ၌ စစ်အုပ်စုနှင့်ကရင်လက်နက်ကိုင်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဧပြီလတစ်လလုံးဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း တော်လှန်ရေးတပ်ဖွဲ့ဝင်(၅)ဦးသေဆုံးပြီး စစ်အုပ်စုဘက်မှ(၂၆)ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူစာရင်းအရ သိရသည်။
ပြီးခဲ့သည့် ဧပြီ(၂)ရက်နေ့မှ (၃၀)ရက်နေ့အတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA, ကရင်အမျိုးသားကာကွယ်ရေးတပ်-KNDO ပါဝင်သော ပူးပေါင်းတပ်ဖွဲ့များက စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်မှု၊ ပျောက်ကြားစနစ်ဖြင့်တိုက်ခိုက်မှု၊...
ကျုံဒိုးတွင် လက်နက်ခဲယမ်းနှင့်လူအင်အား ဖြည့်တင်းမှု စစ်အုပ်စု ဆက်တိုက်လုပ်ဆောင်
မေ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်ဘက်သို့ ပြီးခဲ့သည့် မေလ(၅)ရက်နေ့မှ (၈)ရက်နေ့အထိ စစ်အုပ်စုက ၎င်းတို့တပ်ဖွဲ့ဝင်များနှင့် လက်နက်ခဲယမ်းအများအပြားကို နေ့စဥ်ပို့ဆောင်မှုရှိခဲ့သည်ဟု ကျုံဒိုးဒေသခံများပြောပြချက်အရ သိရသည်။
ကျုံဒိုး မြို့ ပေါ်ရှိ စစ်အုပ်စုခြေမြန်တပ်ရင်း ခမရ-၅၄၅၊ ၅၄၆ သို့...
ဧပြီတစ်လအတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီးလင်းက နေအိမ်(၂၇)လုံးထက်မနည်း ပျက်စီး
မေ (၉)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ တပ်မဟာ(၁)၊ ဒူးသထူ/သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ ကျေးရွာများတွင် ပြီးခဲ့သည့်ဧပြီ တစ်လအတွင်း စစ်အုပ်စု၏လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံနေအိမ်(၂၇)လုံးထက်မနည်း အပျက်အစီးရှိကြောင်း ကေအဲန်ယူက ယမန်နေ့တွင် ထုတ်ပြန်သည်။
ပြီးခဲ့သည့် ဧပြီ(၁၉)ရက်နေ့မှ (၂၅)ရက်နေ့အထိ ဝင်းတာပန်နှင့်မြစ်ကျိုးကျေးရွာအုပ်စုသို့ စစ်အုပ်စုက Y12၊ ဂျက်ဖိုက်တာ၊...
မင်းအောင်လှိုင်ရဲ့ လိမ်ညာလှည့်စားမှုနဲ့ အကြမ်းဖက်မှု ရက်ပေါင်း ၁၀၀
မင်းအောင်လှိုင်ရဲ့ လိမ်ညာလှည့်စားမှုနဲ့ အကြမ်းဖက်မှု ရက်ပေါင်း ၁၀၀
မောင်ကျော်စွာ
(၂၀၂၆ ခုနှစ်၊ မေလ ၉ ရက်)
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ ၁ ရက်နေ့ “မဲ မသမာမှု” ဆိုတဲ့ လုပ်ကြံအကြောင်းပြချက်နဲ့ အာဏာသိမ်းပိုက်မှုက သူ့ကိုယ်သူ “သမ္မတအရာ” သူ့စိတ်ကြိုက်အပ်နှင်းပြီးတဲ့...
ကမမောင်းတွင် စစ်အုပ်စု အင်အား ထောင်ချီ ဖြည့်တင်းလာပြီး ဖာပွန်ဘက်သို့ စစ်ကြောင်းထိုးရန် ပြင်ဆင်နေ
မေလ ၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖာပွန် (မူတြော်) ခရိုင်အတွင်းရှိ ကမမောင်းမြို့တွင် ယခုရက်ပိုင်းအတွင်း စစ်အုပ်စုဘက်မှ စစ်အင်အား ထောင်နှင့်ချီ၍ ဖြည့်တင်းလာပြီး ဖာပွန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေးအတွက် စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်း နယ်မြေခံ သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ သိရသည်။
ပြီးခဲ့သည့် မေလ...
ဒေသတွင်း မူးယစ်ဆေးဝါးနှင့် လောင်းကစားကိစ္စများကို အရေးယူပေးသွားမည်ဟု DKBA စစ်ဦးစီးချုပ်ပြော
မေလ ၈ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA နယ်မြေအတွင်းရှိ ဒေသခံလူထုများ ကြုံတွေ့နေရသည့် မူးယစ်ဆေးဝါးနှင့် လောင်းကစားပြဿနာများကို အတတ်နိုင်ဆုံး အရေးယူဖြေရှင်းပေးသွားမည်ဟု DKBA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောရွှေဝက ပြောဆိုသည်။
ယမန်နေ့ (မေလ ၇ ရက်နေ့) တွင် DKBA...















