Home Authors Posts by KIC News

KIC News

22136 POSTS 0 COMMENTS

မဲဆောက်တွင် တရားမဝင် တရုတ်နိုင်ငံသားများ သယ်ဆောင်သည့် ကား ၂ စီးကို ရဲတပ်ဖွဲ့ လိုက်လံဖမ်းဆီးရာ ၁ စီးဖမ်းမိ၊...

ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တွင် ယမန်နေ့ (ဇွန်လ ၁၆ရက်)က တရားမဝင် တရုတ်နိုင်ငံသားများကို သယ်ဆောင်လာသည့် မော်တော်ယာဉ် ၂ စီးကို မဲဆောက်နယ်မြေခံ ကင်းလှည့်ရဲတပ်ဖွဲ့က ခြေရာခံ လိုက်လံဖမ်းဆီးခဲ့ရာ ၁ စီးကို ဖမ်းဆီးရမိပြီး ကျန်...

တရုတ်အစိုးရနှင့်တရုတ်ကုမ္ပဏီများကို စစ်အုပ်စုကြံရာပါအဖြစ် JFM ရှုတ်ချ

ဇွန် (၁၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာစစ်အုပ်စုကကျူးလွန်သည့် နိုင်ငံတကာရာဇဝတ်မှုများတွင် တရုတ်အစိုးရနှင့်တရုတ်ကုမ္ပဏီများက ကြံရာပါအဖြစ် ပါဝင်ပတ်သက်နေမှုအပေါ် ကျူးလွန်သူသာမက အားပေးကူညီသူများလည်း တာဝန်ခံရမည်ဖြစ်ကြောင်း Justice for Myanmar-JFM က ယမန်နေ့ ဇွန်လ(၁၆)ရက်နေ့တွင် ရှုတ်ချပြောဆိုသည်။ စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်ဖက်အဆောက်အအုံများ၊ အရပ်သားပြည်သူများကို တိုက်ခိုက်ခြင်း၊...

အွန်လိုင်းလေ့လာဆန်းစစ်ချက်တွင် ပါဝင်ရန် ဖိတ်ခေါ်ခြင်း

ဇွန်လ ၁၇ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ “တိုင်းရင်းသားပြည်သူလူထုအတွင်း မှန်ကန်သော သတင်းအချက်အလက်များ လက်လှမ်းမီရရှိမှုနှင့် အကျိုးသက်ရောက်မှုများအပေါ် တွင် တိုင်းရင်းသားဘာသာစကားနှင့် ထုတ်လွှင့်သော သတင်း မီဒီယာထုတ်ကုန်များ၏ အကျိုးသက်ရောက်မှုများ” ဆိုင်ရာ အွန်လိုင်း လေ့လာဆန်းစစ်ချက် အတွက် ပါဝင်ဖြေဆိုပေးရန် ဖိတ်ခေါ်ခြင်း မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားပြည်သူလူထုအတွက် တိုင်းရင်းသားတို့၏...

ဗြိတိန်တွင် အသက် ၁၆ နှစ်အောက် ကလေးငယ်များ ဆိုရှယ်မီဒီယာအသုံးပြုမှုကို ကန့်သတ်မည်

ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ဗြိတိန်နိုင်ငံတွင် အသက် ၁၆ နှစ်အောက် ကလေးငယ်များ ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကို ကန့်သတ် သွားမည်ဟု ဝန်ကြီးချုပ် ကီယာစတာမာ (Keir Starmer) က ပြောဆိုလိုက်သည်ဟု AP သတင်းဌာနတွင် ယနေ့ ဖော်ပြထားသည်။ ၎င်း၏...

စစ်တောင်းမြစ်ဝှမ်းတိုက်ပွဲအတွင်း စစ်အုပ်စု Y12 လေယာဥ်သုံး ဗုံးအလုံး(၂၀)ကျော် ကြဲချတိုက်ခိုက်

ဇွန် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အုပ်စုနှင့်တော်လှန်ရေးအင်အားစုတို့ နှစ်ဖက်တိုက်ပွဲဖြစ်ပွားလျက်ရှိသော ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့အရှေ့ဘက် စစ်တောင်းမြစ်ဝှမ်းဒေသသို့ ယမန်နေ့ ဇွန်လ(၁၅)ရက်နေ့ ညပိုင်းက စစ်အုပ်စု Y12 လေယာဥ်ဖြင့် ဗုံးအလုံး(၂၀)ကျော် ကြဲချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ပိတောက်ကုန်း၊ ကျွန်းကုန်းနှင့် ဆယ်ဝတောရွာတစ်ဝိုက်တွင် ယမန်နေ့ ည(၇)နာရီမှ...

ချင်းမိုင်လေဆိပ်တွင် ကော်သူးလေ မှတ်ပုံတင်ကတ် ၁,၂၀၀ ကျော် ထိုင်းအကောက်ခွန်ဌာန သိမ်းဆည်းရမိ

ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် အမေရိကန်ပြည်ထောင်စုမှ သယ်ဆောင် လာသည့် "ကော်သူးလေ မှတ်ပုံတင် (ID) ကတ်" ဟု ရေးသားထားသော ပလပ်စတစ်ကတ်ပြား ၁,၂၀၀ ကျော်နှင့် တရားမဝင် စာရွက်စာတမ်းများကို ဖမ်းဆီးသိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းအကောက်ခွန်ဌာနက ထုတ်ပြန်ထားသည်။...

မီဒီယာလုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှုများမှ ကာကွယ်ပေးရေး IPCM နှင့် MWiM တို့ နားလည်မှုစာချွန်လွှာ ရေးထိုး

ဇွန် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မီဒီယာလုပ်ငန်းခွင်အတွင်း လိင်ပိုင်းဆိုင်ရာနှောင့်ယှက်ခံရမှုများမှ ကာကွယ်ရန်၊ အသိပညာပေးရန်နှင့် တုံ့ပြန်ရေးယန္တရားတစ်ရပ် အကောင်အထည်ဖော်ရန် လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ-IPCM နှင့် Myanmar Women in Media-MWiM တို့ပူးပေါင်းပြီး မေလ(၃၀)ရက်က နားလည်မှုစာချွန်လွှာ(MOU)ရေးထိုးခဲ့ကြကြောင်း သိရသည်။ အထူးသဖြင့် နိုင်ငံတွင်းသတင်းလွတ်လပ်ခွင့်ဖိနှိပ်ခံရမှုများကြောင့် နိုင်ငံပြင်ပတွင်အခြေစိုက်နေရသည့် Exile...

စစ်အုပ်စုက ဘုရားသုံးဆူမြို့ကို ပြန်စိုးမိုးရန် ကြိုးပမ်းမှုကြောင့် လေကြောင်းရန် စိုးရိမ်သဖြင့် ဒေသခံအချို့ ညအိပ်တိမ်းရှောင်နေရ

ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်း-မြန်မာနယ်စပ်မြို့တစ်မြို့ဖြစ်သည့် ဘုရားသုံးဆူမြို့ကို စစ်အုပ်စုဘက်က ပြန်လည်စိုးမိုးရန် ကြိုးပမ်းလာသဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မည်ကို စိုးရိမ်ပြီး ဒေသခံအချို့မှာ ဘေးလွတ်ရာသို့ ညအိပ်တိမ်းရှောင်နေကြရကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ သိရသည်။ စစ်အုပ်စုသည် ဘုရားသုံးဆူနယ်စပ်မြို့ကို ပြန်လည်ရရှိရေးအတွက် လက်ရှိ မြို့လုံခြုံရေးနှင့် အုပ်ချုပ်ရေးပိုင်းကို တာဝန်ယူထားသည့်...

စစ်အုပ်စုကိုအစိုးရအဖြစ် အသိမှတ်မပြုဘဲ ဆက်နွယ်မှုများဖြတ်တောက်ရန် ND-Burma တိုက်တွန်း

ဇွန် (၁၆) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စစ်အုပ်စုခေါင်းဆောင်များကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ်မပြုရန်နှင့် အဆက်အသွယ်ဖြတ်တောက်ရန် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ(ND-Burma) က “အာဏာရှင်များကြီးစိုးရာအရပ်တွင် ဒီမိုကရေစီမရှင်သန်နိုင်” အမည်ရှိ အစီရင်ခံစာအတွင်း နိုင်ငံတကာနှင့် ဒေသတွင်းခေါင်းဆောင်များကို တိုက်တွန်းသည်။ အတုအယောင်ရွေးကောက်ပွဲအပြီး စစ်အုပ်စု၏လူ့အခွင့်အရေးချိုးဖောက်မှုများကို မှတ်တမ်းတင်ထားသော ယနေ့ ဇွန်လ(၁၆)ရက်နေ့ထုတ် ND-Burma ၏...

ထိုင်းမင်းသမီးကြီး ကွယ်လွန်မှုအပေါ် ဝမ်းနည်းကြောင်း KNU သဝဏ်လွှာပေးပို့

ဇွန်လ ၁၆ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းတော်ဝင်မင်းသမီးကြီး ဘဂျရာကီတီယာဘာ နရင်ဒီရာသေဗျဝဒီ ကွယ်လွန်အနိစ္စ ရောက်ခြင်း အတွက် ထိုင်းဘုရင်မင်းမြတ်၊ တော်ဝင်မိသားစုနှင့် ထိုင်းပြည်သူလူထုတို့နှင့်အတူ ထပ်တူထပ်မျှ အနက်ရှိုင်းဆုံး ဝမ်းနည်းကြေကွဲရပါကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ဒူးပလာယာခရိုင်က ယနေ့ ဇွန်လ ၁၆ ရက်နေ့စွဲဖြင့် ဝမ်းနည်းကြောင်း...
Donate