Home Authors Posts by KIC News

KIC News

22337 POSTS 0 COMMENTS

စစ်အုပ်စုကိုပြန်တိုက်ရာမှ ဘက်ပြောင်းသွားသူ ဗိုလ်ကျော်သက်ကို DKBA က အမှတ်(၃) ကွပ်ကဲရေးမှူးအဖြစ် တရားဝင်ခန့်အပ်

ဩဂုတ် (၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၆)နှင့်အတူပူးပေါင်းပြီး စစ်အုပ်စုကိုပြန်လည်တိုက်ခိုက်ခဲ့သူ ဗိုလ်မှူးချုပ် စောကျော်သက်ကို ဒီမိုကရေစီအကျိုးပြုကရင့်‌တပ်မတော်-DKBA က အမှတ်(၃)စစ်ဒေသ ကွပ်ကဲရေးမှူးအဖြစ် ယနေ့ ဩဂုတ်(၂)ရက်နေ့တွင် တရားဝင်တာဝန်ခန့်အပ်ခဲ့ကြောင်း DKBA ထံမှ သိရသည်။ ယခင်က ကလို့ထူးဝါးစစ်ကွပ်ကဲ‌ရေးတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဗိုလ်မှူးချုပ်စောကျော်သက် အပါအဝင်...

လေးကေကော် ရဲကုန်းဒေသတွင် စစ်အုပ်စုတပ်သား ၁ ဦး တပ်ရင်းမှူးလက်နက် ယူဆောင်ပြီး KNLA ထံ လက်နက်ချ

ဩဂုတ် ၁ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက် လေးကေကော်ဒေသ၊ ရဲကုန်းအနီး၌ စစ်အုပ်စုတပ်ဖွဲ့ဝင် ၁ ဦးသည် ယနေ့ (ဩဂုတ် ၁ ရက်)တွင် တပ်ရင်းမှူးဖြစ်သူ လက်နက်ကို ယူဆောင်လာပြီး ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ထံ လာရောက်လက်နက်ချခဲ့ကြောင်း...

BGF ခေါင်းဆောင် ဖမ်းဝရမ်းထုတ်ခံရမှုအပေါ် ကျားဖြန့် အရေးစောင့်ကြည့်လေ့လာသူ စောသူးဘီးနှင့် မေးမြန်းချက်

"အနာဂတ် နိုင်ငံရေး ပြန်လည်တည်ဆောက်ချိန်မှာ ဒီလို Scam အုပ်စုတွေကို အကာအကွယ်ပေးထားတဲ့ BGF, DKBA ခေါင်းဆောင်တွေကို ဖယ်ရှားနိုင်မှပဲ ပိုမိုတိုးတက်တဲ့ တော်လှန်ရေးခရီးကို သွားနိုင်ပါလိမ့်မယ်။" BGF ခေါင်းဆောင် ဖမ်းဝရမ်းထုတ်ခံရမှုအပေါ် ကျားဖြန့် အရေးစောင့်ကြည့်လေ့လာသူ စောသူးဘီးနှင့် မေးမြန်းချက် ဩဂုတ် (၁) ရက်၊ ၂၀၂၆ ခုနှစ်။...

ရှမ်းပြည်နယ်၌ လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်၍ SWAN တာဝန်ခံ နန်းခမ်းအွန်နှင့် ဆက်သွယ်မေးမြန်းချက်

“စစ်ဓလေ့ လွှမ်းမိုးချုပ်ကိုင်မှုနဲ့ အမြစ်တွယ်နေတဲ့ ဖိုဝါဒကြီးစိုးမှုကြောင့် ဒီ လိင်နဲ့ ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ အပြစ်ပေးအရေးယူမှုကို အားနည်းစေတယ်" ရှမ်းပြည်နယ်၌ လိင်နှင့် ဂျဲန်ဒါအခြေပြု အကြမ်းဖက်ခံရမှုများနှင့် ပတ်သက်၍ SWAN တာဝန်ခံ နန်းခမ်းအွန်နှင့် ဆက်သွယ်မေးမြန်းချက် ရှမ်းပြည်နယ်ထဲတွင် အမျိုးသမီးနှင့် ကလေးငယ်များအပေါ် လိင်၊ ဂျဲန်ဒါအခြေပြု အကြမ်းဖက်ခံရမှု...

ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရရေး WLB တိုက်တွန်း

ဩဂုတ် (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသော ပဋိပက္ခများနှင့် ဆက်နွှယ်ပြီး လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (CRSV) ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်ခွင့် မရှိစေဘဲ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာရန် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) - WLB က တော်လှန်ရေးအင်အားစုများ၊ ဖက်ဒရယ်ယူနစ်များနှင့်...

လူသတ်မှုဖြင့် သေဆုံးသူ ရုရှားမောင်နှမကို မြှုပ်နှံရာအနီး ထိုင်းမိသားစု (၃) ဦး၏ ရုပ်အလောင်း ထပ်မံတွေ့ရှိ

ဩဂုတ် (၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်၊ ပတ္တရားမြို့၊ ဘန်လာမုန်၌ အသတ်ခံခဲ့ရသည့် ရုရှားမောင်နှမနှစ်ဦး၏ ရုပ်အလောင်း မြှုပ်နှံထားရာအနီးတွင် နောက်ထပ် ထိုင်းမိသားစုဝင် ၃ ဦး၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။ ပြီးခဲ့သည့် ဇူလိုင်လ(၂၆)ရက်နေ့ နံနက်အစောပိုင်းက အသက်...

မယ်ဆိုင်မြို့တွင် ဆိုင်မြစ်ရေ မြင့်တက်လာမှုကြောင့် ရေဘေးအန္တရာယ် သတိပေးတပ်လှန့်ထား

ဩဂုတ် ၁ ရက် ၊ ၂၀၂၆ခုနှစ်။ ကေအိုင်စီ မြန်မာနိုင်ငံဘက်ခြမ်း၌ မိုးရေချိန် မြင့်တက်လာခြင်းနှင့်အတူ ဆိုင်မြစ်ရေ များပြားလာနေသည့်အတွက် ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်ခရိုင်၊ မယ်ဆိုင်မြို့၌ ရေဘေးအန္တရာယ် သတိပေးတပ်လှန့်ထားကြောင်း ထိုင်း PBS သတင်းဌာနက ဖော်ပြသည်။ လက်ရှိတွင် မြစ်ရေသည် ကမ်းပါးယံအနားအထိ ရောက်ရှိနေပြီး မယ်ဆိုင်မြို့ခံများသည် ရေကြီးရေလျှံမှု...

ကျားဖြန့်အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် တာဝန်ရှိသဖြင့် DKBA နှင့် ခေါင်းဆောင်(၅)ဦးကို EU ဒဏ်ခတ်

ဇူလိုင် (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အရှေ့တောင်အာရှ အွန်လိုင်းငွေလိမ်လည်မှု(ကျားဖြန့်)လုပ်ငန်းများ လည်ပတ်မှုအပါအဝင် လူကုန်ကူးမှုနှင့် လူ့အခွင့်ရေးချိုးဖောက်မှုများတွင် တာဝန်ရှိသဖြင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA နှင့် အဖွဲ့ခေါင်းဆောင် (၅) ဦးကို ဥရောပသမဂ္ဂ(EU)က ဒဏ်ခတ်ပိတ်ဆို့အရေးယူလိုက်ကြောင်း ဇူလိုင်လ(၃၀)ရက်နေ့က တရားဝင်ကြေညာချက် ထုတ်သည်။ ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့နယ်အတွင်း ဒုစရိုက်လုပ်ငန်းများ၊ အဆောက်အအုံများ...

စစ်အုပ်စု တပ်ဖွဲ့ဝင် (၁) ဦး လက်နက်နှင့်တကွ တပ်မဟာ(၄) KNLA ထံ ဘက်ပြောင်းခိုလှုံ

ဇူလိုင် (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ မြိတ်-ထားဝယ်ခရိုင်၊ လယ်ကဆော/ဘုတ်ပြင်းမြို့နယ်တွင် ယနေ့၊ ဇူလိုင်လ ၃၁ ရက်နေ့က စစ်အုပ်စု တပ်ဖွဲ့ဝင်(၁)ဦး၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄)၊ တပ်ရင်း(၂၀၃)ထံ လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံလာကြောင်း ကေအဲန်ယူ တပ်မဟာ(၄)က ထုတ်ပြန်သည်။ ယနေ့ နံနက်...

ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် ၃၀၀ ကျော် DKBA နှင့် ပြန်လည်ပူးပေါင်း

ဇူလိုင် (၃၁) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ အာဏာသိမ်းစစ်တပ်ကို တိုက်ခိုက်နေသော ဗိုလ်မှူးချုပ်စောကျော်သက်နှင့် တပ်ဖွဲ့ဝင် အင်အား ၃၀၀ ကျော်သည် ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် (DKBA) နှင့် ပြန်လည်ပူးပေါင်းလိုက်ကြောင်း သိရသည်။ ယခင်တပ်မှူးဟောင်းတစ်ဦးဖြစ်သည့် ဗိုလ်မှူးချုပ်စောကျော်သက်အပါအဝင် တပ်ဖွဲ့ဝင်အင်အား ၃၅၀ ဦးအား တပ်ဖွဲ့ဝင်အဖြစ် ပြန်လည်လက်ခံလိုက်ပြီး အမှတ်...
Donate