KIC News
အုန်းဖြန်ဒုက္ခသည်စခန်းတွင် မယားပါသမီးကို အဓမ္မပြုကျင့်မှု ကျူးလွန်ပြီး ထွက်ပြေးသူ ပြန်လည်ဖမ်းမိ
မေလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ အုန်းဖြန်ဒုက္ခသည်စခန်းအတွင်း အသက်မပြည့်သေးသည့် မယားပါသမီးကို အဓမ္မမ ကျူးလွန်မှုဖြင့် ဖမ်းဆီးထားစဉ် အချုပ်ခန်းမှ ထွက်ပြေးလွတ်မြောက်သွားသူအား မေလ ၁၅ ရက် (ယမန်နေ့) ညပိုင်းတွင် ပြန်လည်ဖမ်းဆီးရမိကြောင်း သိရသည်။
အုန်းဖြန်ဒုက္ခသည်စခန်းတွင် နေထိုင်သူ ထွန်းဝင်း (ခေါ်)...
နယ်စပ်ဒုက္ခသည်စခန်းများတွင် ထောက်ပံ့မှုလျှော့ချခံရ၍ အမှိုက်သိမ်းဆည်းရေး အကျပ်ရိုက်နေ
မေလ ၁၅ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နိုင်ငံတကာကူညီကယ်ဆယ်ရေးကော်မတီ (International Rescue Committee-IRC) ၏ ထောက်ပံ့မှုများ လျော့နည်းလာခြင်းကြောင့် အမှိုက် သိမ်းဝန်ထမ်းများ လျှော့ချလိုက်ရကာ စခန်းတွင်း သန့်ရှင်းရေးနှင့် အမှိုက်စွန့်ပစ်မှုစနစ်များ အခက်အခဲဖြစ်ပေါ်နေကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
ယခင်က အဆိုပါ...
ဖားအံမြို့နယ် မဲ့ဘောခီးရွာတွင် စစ်အုပ်စု ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ရှောင်တစ်ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရ
မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ၊ သထုံခရိုင်၊ ဖားအံမြို့နယ်ရှိ နို့ဘယ်ဘောကျေးရွာအုပ်စု မဲ့ဘောခီးရွာကို ပြီးခဲ့သည့် မေလ ၁၂ ရက်နေ့ စစ်အုပ်စုက လေကြောင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် အမျိုးသမီးတစ်ဦး သေဆုံးပြီး ကလေးငယ်များအပါအဝင် ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း...
လေးကေစခန်းကို စစ်အုပ်စုပြန်ထိန်းချုပ်၊ စခန်းအထိုင်ချမနေရဲ၍ လေးကေရွာတွင် တပ်စွဲထားရ
မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁)/ဒူးသထူခရိုင်၊ ဘီးလင်းမြို့နယ်ရှိ KNLA ပူးပေါင်းတပ်၏ သိမ်းယူခဲ့သော လေးကေစခန်းအား ပြီးခဲ့သည့် မေလ ၁၁ ရက်နေ့တွင် စစ်အုပ်စုက ပြန်လည်ထိန်းချုပ်လိုက်သော်လည်း စခန်းအတွင်း အထိုင်ချနိုင်ခြင်းမရှိဘဲ လေးကေကျေးရွာ အတွင်း၌သာ တပ်စွဲထားရကြောင်း ...
လယ်ဒိုတွင် စစ်အုပ်စု စစ်ကြောင်းထိုး၊ ပစ်ခတ်မှုဆက်တိုက်ဖြစ်ပွားနေ၍ ဒေသခံများစစ်ရှောင်နေရ
မေ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ခလယ်လွီထူ/ညောင်လေးပင်ခရိုင်၊ လယ်ဒို/ကျောက်ကြီးမြို့နယ် စစ်တောင်းမြစ်အနောက်ဖက်ကမ်း ကျေးရွာများတွင် ပြီးခဲ့သည့်မေလ(၁၁)ရက်နေ့ကတည်းက စစ်အုပ်စုစစ်ကြောင်းထိုးဝင်လာပြီး လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပွားနေ၍ စစ်ရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။
ပဲနွယ်ကုန်းနှင့်ကျောက်တံခါးတဝိုက်ရှိ ကျေးရွာများသို့ စစ်အုပ်စုစစ်ကြောင်းထိုးဝင်လာခြင်းဖြစ်ပြီး နတ်သံကွင်းအခြေစိုက် စစ်အုပ်စုကလည်း လက်နက်ကြီးမပြတ်ပစ်ခတ်နေ၍ ဒေသခံတချို့ မြို့ပေါ်အပါအဝင် ဘေးလွတ်ရာနေရာတွင်...
ဖာပွန်သို့ စစ်ကူတက်လာသည့် စစ်အုပ်စုစစ်ကြောင်း ပိတ်မိနေ၍ ကျေးရွာများကို လက်နက်ကြီးနှင့် ဒရုန်းများဖြင့် ပစ်ခတ်
မေလ ၁၄ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့ အင်အားဖြည့်တင်းရန် တက်လာသည့် စစ်အုပ်စု စစ်ကြောင်းသည် လမ်းတွင်ပိတ်မိနေသဖြင့် လမ်းကြောင်း တစ်လျှောက်ရှိ ကျေးရွာများကို လက်နက်ကြီးနှင့် ဒရုန်းများဖြင့် နေ့စဉ်ရမ်းသမ်းပစ်ခတ်နေကြောင်း ဒေသခံနှင့် တပ်မဟာ...
SCEF နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ အစိုးရတို့ တွေ့ဆုံဆွေးနွေး
မေ (၁၄) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ-SCEF နှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်၊ ကြားကာလအစိုးရတို့ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေးကို ယမန်နေ့ မေလ(၁၃)ရက်နေ့တွင် အွန်လိုင်းမှတဆင့်ပြုလုပ်ခဲ့ကြောင်း နှစ်ဖက်အဖွဲ့မှ ထုတ်ပြန်သည်။
အစည်းအဝေးတွင် အမျိုးသားညီညွှတ်ရေးအစိုးရ-NUG၊ ပြည်ထောင်စုကိုယ်စားပြုလွှတ်တော်-CRPHနှင့် တိုင်းရင်းသားအဖွဲ့(၄)ဖွဲ့ပါဝင်သော SCEF ဘက်က တွေ့ဆုံရသည့်ရည်ရွယ်ချက်၊ အဖွဲ့၏ဆောင်ရွက်ချက်များ တင်ပြခဲ့သလို...
တိုင်း ၃ ခုနှင့် နေပြည်တော်၌ တစ်နှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှင့် ရာဇဝတ်မှု ၁,၀၀၀ ကျော်ရှိဟု PMCSG ထုတ်ပြန်
မေလ ၁၃ ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ ၂၀၂၅ ခုနှစ်၊ မတ်လမှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ တစ်နှစ်တာအတွင်း တိုင်းဒေသကြီး ၃ ခုနှင့် နေပြည်တော်ကောင်စီနယ်မြေတို့တွင် လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၁,၁၀၀...
အရပ်ဘက်သုံးလေယာဥ်များကို စစ်ဘက်တွင် အသုံးချနေမှုအပေါ် အရေးယူပေးရန် BMC တောင်းဆို
မေ (၁၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ချက်သမ္မတနိုင်ငံက အရပ်ဘက်ဆိုင်ရာအသုံးပြုရန်ရည်ရွယ်ပြီး မြန်မာသို့ပေးပို့ခဲ့သည့် Let L410 လေယာဥ်များကို စစ်အုပ်စုက လေကြောင်းစစ်ဆင်တိုက်ခိုက်မှုများတွင် အသုံးချနေမှုအပေါ် အရေးယူပေးရန် သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု-BMC က ချက်နိုင်ငံအစိုးရထံ တောင်းဆိုသည်။
BMC ၏ ယနေ့ မေလ(၁၃)ရက်နေ့ထုတ်ပြန်ချက်တွင် ချက်နိုင်ငံက အဆိုပါလေယာဥ်များအား...
ခွန်းရီမာန်ထူး၏ဈာပနသို့ KNU အပါအဝင် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များ လိုက်ပါပို့ဆောင်
မေ (၁၃)ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ဝါရင့်တော်လှန်ရေးခေါင်းဆောင် ခွန်းရီမာန်ထူး၏ဈာပနပွဲကို ယနေ့ မေလ(၁၃)ရက်နေ့တွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပပြုလုပ်ခဲ့ရာ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် တိုင်းရင်းသားတော်လှန်ရေးခေါင်းဆောင်များ လိုက်ပါပို့ဆောင်ခဲ့ကြကြောင်း သူ၏ဈာပနမှတ်တမ်းအရ သိရသည်။
အသက်(၈၂)နှစ်အရွယ်ရှိ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ-KNPP ၏ ဗဟိုအမြဲတမ်းကော်မတီဝင်ဖြစ်သူ ခွန်းရီမာန်ထူးမှာ မေလ(၁၀)ရက်နေ့ ညနေပိုင်းက လူကြီးရောဂါဖြင့်...















