Home Authors Posts by KIC News

KIC News

22311 POSTS 0 COMMENTS

စူပါအယ်နီညိုကြောင့် မြဝတီတောင်ပိုင်းရှိ စစ်ရှောင်စခန်းများတွင် သောက်သုံးရေနှင့် ကျန်းမာရေးပြဿနာ စိုးရိမ်ရ

အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ စူပါအယ်နီညို ရာသီဥတုဖြစ်စဉ်ကြောင့် ရှေ့ဆက် အပူချိန်ပိုမိုမြင့်တက်လာနိုင်သဖြင့် ထိုင်း-မြန်မာနယ်စပ်၊ မြဝတီမြို့တောင်ပိုင်းရှိ စစ်ဘေးရှောင်စခန်းများတွင် သောက်သုံးရေရှားပါးမှုနှင့် အပူဒဏ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကျန်းမာရေးပြဿနာများအတွက် စိုးရိမ်နေရကြောင်း စစ်ရှောင်တာဝန်ရှိသူများထံမှ သိရသည်။ လက်ရှိနေ့အပူချိန်အရ စစ်ဘေးရှောင်များသည် တာလပတ်မိုးထားသည့် ယာယီတဲအိမ်များ၌ နေထိုင်ကြရသဖြင့် အပူဒဏ်ကို...

စစ်အုပ်စု ထိန်းချုပ်ထားသည့် ကရင်နီ၊ လွိုင်ကော်မြို့တွင် စားသုံးဆီဝယ်ယူမှု ကန့်သတ်ခံရ

အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်နီပြည်နယ်၏ မြို့တော် လွိုင်ကော်ကို စစ်အုပ်စုဝင်ရောက်ထိန်းချုပ်လိုက်ပြီး စက်တင်ဘာလထဲတွင် မြို့ခံများ၏ စားသုံးဆီဝယ်ယူသုံးစွဲမှုကို ရပ်ကွက်အလိုက်အလှည့်ကျစနစ်ဖြင့် ကန့်သတ်အမိန့်ထုတ်၍ တင်းတင်းကျပ်ကျပ် စစ်ဆေးနေကြောင်း လွိုင်ကော်မြို့ခံအချို့က ဆိုသည်။ ကရင်နီတော်လှန်ရေးတပ်ဖွဲ့များထံမှ အင်အားအများအပြားသုံးပြီး ပြန်လည်ရယူထားသည့် လွိုင်ကော်မြို့ကို ၂၀၂၅ ခုနှစ်ကတည်းက...

ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းကို လက်မလွှတ်ရရေး စစ်အုပ်စုက မြို့ပတ်ဝန်းကျင် လက်နက်ကြီးပစ်၍ အင်အားများတိုးချ

အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေထဲရှိ ကျုံးဒိုး-ကော့ကရိတ်လမ်းပိုင်းကို လက်မလွှတ်ရရေး စစ်အုပ်စုတပ်ရင်းများမှ ကျုံဒိုးမြို့ဝန်းကျင်ရှိကျေးရွာများသို့ လက်နက်ကြီးပစ်ခတ်ပြီး အင်အားများတိုးမြှင့်ချထားကြောင်း ကျုံဒိုးစစ်အုပ်စုနှင့်နီးစပ်သည့် သတင်းအရင်းအမြစ်မှ သိရသည်။ အချက်အချာကျပြီးအရေးပါသည့် အဆိုပါလမ်းပိုင်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ်တပ်များ တိုက်ခိုက်မည့်သတင်းထွက်ပေါ်နေချိန် ယခုအောက်တိုဘာ ဒုတိယအပတ်ထဲတွင် စစ်အုပ်စု၏...

ကရင်ပြည်နယ်ငြိမ်းချမ်းရေးခေါင်းစဥ်တပ် စစ်အုပ်စုလုပ်ဆောင်မှု စစ်မှန်သည့်ငြိမ်းချမ်းရေး မရနိုင်ဟု ကေအဲန်ယူပြော

‌အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ ကရင်ပြည်နယ်စစ်အုပ်စုအဖွဲ့ဦးဆောင်ကာ ဒေသအတွင်းငြိမ်းချမ်းရေးအတွက် ခေါင်းစဉ်တပ် လုပ်ဆောင်နေသော်လည်း ၎င်းတို့၏နိုင်ငံရေးထွက်ပေါက်သာဖြစ်ပြီး စစ်မှန်သည့်ငြိမ်းချမ်းရေးမရနိုင်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောသည်။ ပြီးခဲ့သည့်လပိုင်းတွင် စစ်အုပ်စုသည် ၎င်းတို့နဲ့ အပစ်ရပ်ထားသည့် ကရင်လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ကရင်ဘာသာရေးခေါင်းဆောင်များနှင့် ငြိမ်းချမ်းရေးကိုအမည်ခံ တွေ့ဆုံ၍ ၎င်းတို့အတွက်ပြန်လည်အသုံးချရန်...

ရာဇဝတ်သား စစ်အုပ်စုကို အမေရိကန်အစိုးရ အလျှော့မပေးသင့်ဟု JFM ထောက်ပြ

အောက်တိုဘာ (၁၂) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ လူမျိုးတုံးသတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများမှ အပြစ်ပေးအရေးယူခံရခြင်းမရှိဘဲ လွတ်မြောက်နေသည့်မြန်မာစစ်အုပ်စုကို အလျှော့ပေးမဆက်ဆံသင့်ဟု အမေရိကန်အစိုးရကို Justice for Myanmar-JFM က ယမန်နေ့ အောက်တိုဘာ(၁၁)ရက်တွင် ထောက်ပြပြောဆိုသည်။ စစ်အုပ်စုကို စစ်လက်နက်အထောက်အပံ့များ ပေးနေသည့် လုပ်ငန်းရှင်များကို အမေရိကန်၏...

တောင်ပိုင်းတိုင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ စစ်အုပ်စုထံ လက်နက်ချသတင်း မဟုတ်မှန်ဟု VENOM စစ်ကြောင်း တုံ့ပြန်

အောက်တိုဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ တောင်ပိုင်းတိုင်းဒေသရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင် (၁၀) ဦး စစ်အုပ်စု၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံသို့ လက်နက်ချ ဘက်ပြောင်းခိုလှုံပြီ ဆိုသည့်သတင်းတွင် မိမိတို့တပ်ဖွဲ့ဝင်များပါဝင်ခြင်းမရှိဟု VENOM စစ်ကြောင်း တာဝန်ရှိသူက ယနေ့၊ အောက်တိုဘာ(၁၀)ရက်တွင် တုံ့ပြန်ပြောသည်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် VENOM...
Donate