KIC News
တောင်ပိုင်းတိုင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ စစ်အုပ်စုထံ လက်နက်ချသတင်း မဟုတ်မှန်ဟု VENOM စစ်ကြောင်း တုံ့ပြန်
အောက်တိုဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
တောင်ပိုင်းတိုင်းဒေသရှိ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင် (၁၀) ဦး စစ်အုပ်စု၏ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ထံသို့ လက်နက်ချ ဘက်ပြောင်းခိုလှုံပြီ ဆိုသည့်သတင်းတွင် မိမိတို့တပ်ဖွဲ့ဝင်များပါဝင်ခြင်းမရှိဟု VENOM စစ်ကြောင်း တာဝန်ရှိသူက ယနေ့၊ အောက်တိုဘာ(၁၀)ရက်တွင် တုံ့ပြန်ပြောသည်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပူးပေါင်းတိုက်ပွဲဝင်နေသည့် VENOM...
ထိုင်း-မြန်မာနယ်စပ်၊ သောင်ရင်းမြစ်အတွင်း တရုတ်လူမျိုး အမျိုးသမီး၊ အမျိုးသား အလောင်း တွေ့
အောက်တိုဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ် သောင်ရင်းမြစ်ကမ်းနားတစ်နေရာတွင် အောက်တိုဘာလ (၆) ရက်နေ့က တရုတ်လူမျိုး ဟုယူဆရသူ အမျိုးသမီးနှင့် အမျိုးသား ရုပ်အလောင်း (၂) လောင်း မျောပါလာခြင်းကို တွေ့ရှိခဲ့ရကြောင်း ထိုင်းလူမျိုးဒေသခံများ ပြောကြားချက်ကို ကိုးကား၍...
(Karen Intergenerational Leadership Conference) တွေ့ဆုံပွဲ ညီလာခံမှ ပါဝင်တက်ရောက်ခဲ့သူများ၏ စကားသံများ
တတိယအကြိမ် အလွှာစုံ ကရင်မျိုးဆက်ခေါင်းဆောင်လူငယ်များ (Karen Intergenerational Leadership Conference) တွေ့ဆုံပွဲ ညီလာခံမှ ပါဝင်တက်ခဲ့ရောက်သူများ၏ စကားသံများ
အောက်တိုဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအရေးအတွက် လက်ရှိ ဦးဆောင်နေသူ ခေါင်းဆောင်များနှင့် မျိုးဆက်သစ် ခေါင်းဆောင် များအကြား ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေရန်...
အယ်လ်နီညိုကြောင့် ရာဘာစေး အထွက်နှုန်းနည်းမည်ကို မွန်-ကရင်ဒေသရှိ ရာဘာစိုက်တောင်သူများ စိုးရိမ်
အောက်တိုဘာ (၁၀) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံတွင် အယ်လ်နီညိုဖြစ်စဥ်ရိုက်ခတ်မှုကြောင့် ယခင်နှစ်ထက် အပူချိန်ပိုမိုများလာမည်ဖြစ်၍ မွန်နှင့်ကရင်ဒေသတွင် ယခုနှစ်အတွင်း ရာဘာစေးအထွက်နှုန်း နည်းလာမည်ကို တောင်သူများက စိုးရိမ်နေကြသည်။
၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း အယ်နီညိုသက်ရောက်မှုကြောင့် အပူချိန်အမြင့်ဆုံးကြုံတွေ့ရမည့်ဒေသများတွင် မြန်မာနိုင်ငံတောင်ပိုင်းဒေသ၊ ကရင်၊ မွန်နှင့် တနင်္သာရီတိုင်းတို့ပါဝင်ကြောင်း မိုးလေဝသပညာရှင်များက တရားဝင်တွက်ချက်ခန့်မှန်းထားခြင်းရှိသည်။
လက်ရှိအချိန်သည်...
ဗိုလ်အောင်မင်း – စောမူတူးစေးဖိုးနှင့် ဘားအံဖိုရမ် (၂၀၂၆)
ဗိုလ်အောင်မင်း - စောမူတူးစေးဖိုးနှင့် ဘားအံဖိုရမ် (၂၀၂၆)
မောင်ကျော်စွာ
(၁၀-၁၀-၂၀၂၆)
စက်တင်ဘာ (၂၆၊ ၂၇)က ကရင်ပြည်နယ်၊ မြို့တော် ဘားအံမှာ “ကရင်ပြည်နယ်ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေးဖိုရမ်(၂၀၂၆)” ကျင်းပခဲ့ပါတယ်။ ဒီ ဘားအံဖိုရမ်အပေါ် တုန့်ပြန်ချက်တွေ ကျယ်ကျယ်လောင်လောင် ပေါ် ထွက်လာပါတယ်။
တုန့်ပြန်ချက်တွေထဲက အများစုဟာက ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ...
စစ်အုပ်စု တိုက်ခိုက်မှုကြောင့် စက်တင်ဘာလအတွင်း အမျိုးသမီး (၅၈) ဦး သေဆုံး
အောက်တိုဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
စက်တင်ဘာလအတွင်း စစ်အုပ်စု၏ လေကြောင်းနှင့်မြေပြင်တိုက်ခိုက်မှုများကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း အမျိုးသမီး (၅၈) ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာအမျိုးသမီးသမဂ္ဂ (BWU) က ယမန်နေ့၊ အောက်တိုဘာ(၈)ရက်နေ့တွင် ထုတ်ပြန်သည်။
စက်တင်ဘာလတစ်လအတွင်း BWU မှ စာရင်းအချက်အလက် ကောက်ယူမှုများအရ...
သရက်ချောင်းမြို့နယ်က အရပ်သား (၁) ဦးကို စစ်အုပ်စု နှိပ်စက်သတ်ဖြတ်
အောက်တိုဘာ (၉)ရက်၊ ၂၀၂၆ ခုနစ်၊ ကေအိုင်စီ။
ကေအဲန်ယူ–ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ ကစယ်ဒို (သရက်ချောင်း) မြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်နေ အရပ်သား(၁)ဦးကို ပြီးခဲ့သည့် အောက်တိုဘာလ(၆)ရက်နေ့က စစ်အုပ်စုမှ ဖမ်းဆီး နှိပ်စက်ပြီးမှ သတ်ဖြတ်ခဲ့ကြောင်း ကေအဲန်ယူက ယနေ့၊ အောက်တိုဘာလ (၉) ရက်တွင် ထုတ်ပြန်သည်။
စက်တင်ဘာလအတွင်း...
စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများရပ်တန့်ရေး လေယာဉ်ဆီရရှိမှု တားဆီးရန် BMC တောင်းဆို
အောက်တိုဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
အရပ်သားပြည်သူများအပေါ် လေကြောင်းတိုက်ခိုက်မှုများ ရပ်တန့်နိုင်ရေးအတွက် စစ်အုပ်စုထံ လေယာဉ်ဆီရောက်ရှိနေမှုကို တားဆီးပေးရန် နိုင်ငံတကာထံ သွေးစွန်းငွေဖြတ်တောက်ရေးလှုပ်ရှားမှု-BMC က ယမန်နေ့၊ အောက်တိုဘာလ (၈)ရက်တွင် တောင်းဆိုသည်။
စစ်အုပ်စုက အရပ်သားများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခြင်းကို ရပ်တန့်ရန် ၎င်းတို့ထံ လေယာဉ်ဆီ...
မြန်မာနိုင်ငံတွင် လူဦးရေ (၃၇)သန်းကျော် ဘက်ပေါင်းစုံဆင်းရဲနွမ်းပါးမှုဖြင့် ရင်ဆိုင်နေရကြောင်း UNDP ထုတ်ပြန်
အောက်တိုဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံ၏လူဦးရေ သုံးပုံ နှစ်ပုံ (၃၇.၅)သန်းခန့်သည် ဝင်ငွေအပါအဝင် ကျန်းမာရေး၊ ပညာရေးနှင့်လူနေမှု အဆင့်အတန်း ကဏ္ဍ(၃)ခုလုံးတွင် ဆင်းရဲနွမ်းပါးမှုဖြင့် ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဥ် (UNDP) က အောက်တိုဘာ(၈)ရက်နေ့တွင် ထုတ်ပြန်သည့် " မြန်မာနိုင်ငံရှိ ဘက်စုံရှုထောင့်စုံ...
ခလယ်လွီထူခရိုင်တွင် ဩဂုတ်တစ်လလုံး ပစ်ခတ်မှုများဖြစ်ပွားပြီး အမျိုးသမီး (၆) ဦးသေဆုံးခဲ့
အောက်တိုဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးအသားအစည်းအရုံး၊ တပ်မဟာ-၃၊ ခလယ်လွီထူ(ညောင်လေးပင်)ခရိုင်ထဲတွင် ပြီးခဲ့သည့် ဩဂုတ်တစ်လလုံး စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အရပ်သားအမျိုးသမီး(၆) ဦးသေဆုံးခဲ့သည်ဟု ခရိုင်တာဝန်ရှိသူများက မှတ်တမ်းတင်ထားသည်။
ဆောထိ(ရွှေကျင်)၊ လယ်ဒို(ကျောက်ကြီး) နှင့် မူး(မုန်း) မြို့နယ် (၃) ခုစလုံးတွင် စစ်အုပ်စုက...














