KIC News
သုံးဆယ်သုံးဆူကျေးရွာရှိ ဘုန်းတော်ကြီးဆွမ်းစားကျောင်း မီးလောင်ပျက်စီး
ဇန်နဝါရီ ၂ဝ ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်း ဆံတော်ရှင်ဘုရားစေတီများ တည်ရှိရာ အထင်ကရနေရာ ဖြစ်သော သုံးဆယ်သုံးဆူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ဇန်နဝါရီ ၁၆ ရက်နေ့က မီးမတော်တဆမှုကြောင့် ဆွမ်းစားကျောင်းဆောင်ကြီး တစ်ဆောင် မီးလောင်ပျက်စီးသွားခဲ့သည်။
အဆိုပါ ဘုန်းတော်ကြီးရှိ သံဃာငယ် ကိုရင်များ၏ အကြော်ကြော်ရာမှ ဆီပူထွက်ပြီး...
ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံအတွက် ဦးဆောင်ကော်မတီ ဖွဲ့စည်း
ဇန်နဝါရီ ၁၉ရက်၊ ၂၀၁၄ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) နယ်မြေ၌ ကျင်းပမည့် ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံအတွက် ဦးဆောင်မည့် ၁၆ဦးပါဝင်သော ကော်မတီအဖွဲ့တစ်ဖွဲ့ကို ယနေ့ည (၇)နာရီခွဲအချိန်တွင် ဖွဲ့စည်းလိုက်သည်။
အဆိုပါ ကျင်းပရေးကော်မတီ၌ ဥက္ကဋ္ဌအဖြစ် နော်စီဖိုးရာစိန်၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ၊ အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ဂွမ်...
သန်းခေါင်စာရင်း ကောက်ယူရာတွင် မွန်ကရင် သတ်မှတ်ချက်ပယ်ဖျက်ပေးရန် တောင်းဆို
ဇန်နဝါရီ ၁၈ ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း
သန်းခေါင်စာရင်း ကောက်ယူရာတွင် အစိုးရအဆိုပြုထားသည့် ကရင်မျိုးနွယ်စုထဲတွင် မွန်ကရင် (စာဖြူ) သတ်မှတ်ချက် ပယ်ဖျက်ပေးရန် ဧရာဝတီတိုင်းဒေသကြီးရှိ ကရင်အမျိုးသားများက ကြေငြာချက်ထုတ်ပြန် တောင်းဆိုလိုက်သည်။
ဇန်နဝါရီ ၁၆ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ပိုးကရင်နှစ်ခြင်း အသင်းတော်ဝန်းအတွင်း ကရင်...
အင်တာဗျူးကဏ္ဍ
ကရင်အမျိုးသမီး စာရေးဆရာမ နမ့်မြတ်နိုးသွယ်နှင့် ကရင်သတင်းဌာန ဆက်သွယ်မေးမြန်းခြင်း
မေး ။ ။ ဆရာမခင်ဗျာ၊ ပထမဦးဆုံးအနေနဲ့ စာပေလောကကို ဝင်ရောက်ခဲ့ပုံနဲ ့ဖြတ်သန်းခဲ့တာလေးကို ရှင်းပြပေးပါ။
ဖြေ ။ ။ မဂင်္လာပါရှင်....ဝေါင်မုတ်မုတ်။
ပထမမေးခွန်းကို မဖြေခင် ကျမပြောချင်တဲ့ စကားပြောနေကျ စကားစုလေးကို ပြောပါရစေနော်။ အဲ့ဒါက ဘာလို့လဲဆိုရင် မြတ် နိုးသွယ်ဆိုတဲ့ ပိုးကရင်...
ဖလုံ-စဝေါ်ပါတီနှင့် လူထု ပိုမိုထိတွေ့နိုင်ရန် လိုလားနေ
ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် တောင်ကလေး(ဖလုံပညာ့တဝေါင့်)တွင် ကျင်းပပြုလုပ်သည့် ဖလုံ -စဝေါ်ဒီမိုကရက်တစ်ပါတီ မျက်နှာစုံညီပွဲတွင် ပါတီအနေဖြင့် ရှေ့လုပ်ငန်းစဉ်များအတွက် ပြည်သူလူထုကို ထိတွေ့မှုများ ပိုမိုပြုလုပ်စေလိုကြောင်းနှင့် ၂၀၁ဝ ရွေးကောက်ပွဲလွန်ပြီးနောက်ပိုင်းတွင် ပါတီနှင့်လူထုအကြား အလှမ်းဝေးသွားနေသည်ဟု ကရင်လူထုအတွင်း ပြောဆို နေကြသည်။
၎င်းပါတီသည် ကရင်လူထုတွေအတွက် ရှေ့ဆောင်လမ်းပြနိုင်မည့်...
ကျောက်မိုင်းဖောက်လုပ်ရေး ဆုံးရှုံးမှုအတွက် စစ်ထောက်ချုပ်ရုံးမှ ဒေသခံများကို ကွင်းဆင်းမေးမြန်းခဲ့
ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း၊ နန်းချောင်ဖော့
ကရင်ပြည်နယ် ဖားအံမြို့နယ်ရှိ သံတိုင်တောင်ကျောက်မိုင်း ဖောက်လုပ်မှုကြောင့် ထိခိုက်နစ်နာမှုများကို မီဒီယာတွင် ထုတ်ဖော် ပြောဆိုသည့်ကိစ္စနှင့် ပတ်သက်၍ စစ်ထောက်ချုပ်ရုံးမှ ဒေသခံများကို ဇန်နဝါရီလ ၁၂ရက်နေ့က စစ်ဆေးမေးမြန်း သတိပေးမှု များ လာရောက်ပြုလုပ်ခဲ့သည်။
ကိုယ်တိုင် စစ်ဆေးခံရသူ မြိုင်ကလေးရွာမှ ဒေသခံ...
ရိက္ခာကိစ္စ ဆန္ဒပြသည့် ဒုက္ခသည်ဆရာ၊ဆရာမများအတွက် ဆန်အပြည့်အဝ မပေးနိုင်သေး
ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းတွင်းရှိ စာသင်ကျောင်းများမှ ကျောင်းဆရာ၊ဆရာမများက ဆန်ရိက္ခာလျှော့ချမှုအပေါ် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီးနောက် ၎င်းဒုက္ခသည်စခန်း၏ တာဝန်ရှိသူများက ၎င်းဆရာ၊ဆရာမများအား နှစ်လစာ ဆန် ၄၂အိတ်ကို ပေးဝေဖြေရှင်းခဲ့သော်လည်း ပုံမှန်အတိုင်း ဖြည့်စွက်ပေးနိုင်ခြင်း မရှိသေးကြောင်း သိရသည်။
နယ်စပ်တစ်လျှောက် ဒုက္ခသည်စခန်းများအတွက် ရိက္ခာကူညီပေးနေသော TBC က...
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ၂၀၀ကျော် လျော်ကြေးငွေထက်ဝက် ပြန်လည်ရရှိ
ဇန်နဝါရီ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ Wonderful Co,ltd အထည်ချုပ်စက်ရုံမှ မြန်မာရွှေ့ပြောင်းအလုပ်သမား ၂၁ဝဦးသည် စက်ရုံပိတ် လိုက်သဖြင့် ထိုင်းဥပဒေအရ လျော်ကြေးငွေ ရသင့်ရာ မဲဆောက်မြို့ ထိုင်းအလုပ်သမားကာကွယ်ရေးရုံး၏ ဆုံးဖြတ်ချက်ဖြင့် ဇန်နဝါရီလ ၁၃ရက်နေ့တွင် အလုပ်ရှင်ထံမှ ဘတ်သိန်း ၃ဝအနက်...
သန်းခေါင်စာရင်းကောက်ယူရေး အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်ရန် ကေအဲန်ယူ လက်ခံ
ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူရေးတွင် ကေအဲန်ယူက အစိုးရနှင့်ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း ကေအဲန်ယူ ပြည် ထဲရေးဌာနတာဝန်ခံပဒိုစောအားတိုးက ကေအိုင်စီသို့ ယနေ့ ပြောဆို လိုက်သည်။
ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ဇန်နဝါရီ ၁၄ရက်နေ့တွင် ပြည်နယ်အတွင်းရှိ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများနှင့်...
ကရင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် စောရှားထွန့်ဖောင် ဈာပနပြီးစီး
ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မဲဆန္ဒနယ် အမှတ် (၂)ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ လက်ရှိ ကရင်ဒီမိုကရက် တစ်ပါတီ ဥက္ကဌ စောရှားထွန့်ဖောင်သည် ဇန်နဝါရီလ ၁၁ရက်နေ့ညနေက နေအိမ်တွင် ကွယ်လွန်သွားခဲ့ပြီး ၎င်း၏ ဈာပနအစီ အစဉ်ကို ဇန်နဝါရီ ၁၂ရက်နေ့က ပြုလုပ်ပြီးစီးသွားပြီဖြစ်သည်။
“သူ...














