Home သတင်း ရိက္ခာကိစ္စ ဆန္ဒပြသည့် ဒုက္ခသည်ဆရာ၊ဆရာမများအတွက် ဆန်အပြည့်အဝ မ‌ပေးနိုင်‌သေး

ရိက္ခာကိစ္စ ဆန္ဒပြသည့် ဒုက္ခသည်ဆရာ၊ဆရာမများအတွက် ဆန်အပြည့်အဝ မ‌ပေးနိုင်‌သေး

2268

ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ် နို့ဖိုးဒုက္ခသည်စခန်းတွင်းရှိ စာသင်‌ကျောင်းများမှ ‌ကျောင်းဆရာ၊ဆရာမများက ဆန်ရိက္ခာ‌လျှော့ချမှုအ‌ပေါ် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး‌နောက် ၎င်းဒုက္ခသည်စခန်း၏ တာဝန်ရှိသူများက ၎င်းဆရာ၊ဆရာမများအား နှစ်လစာ ဆန် ၄၂အိတ်ကို ‌ပေး‌ဝေ‌ဖြေရှင်းခဲ့‌သော်လည်း ပုံမှန်အတိုင်း ဖြည့်စွက်‌ပေးနိုင်ခြင်း မရှိ‌သေး‌ကြောင်း သိရသည်။

နယ်စပ်တစ်‌လျှောက် ဒုက္ခသည်စခန်းများအတွက် ရိက္ခာကူညီ‌ပေး‌နေ‌သော TBC က နိုဝင်ဘာလမှစ၍ ဆန်‌ပေး‌ဝေမှု ‌လျော့ချ လိုက်သည့်အ‌ပေါ် ဆရာ၊ဆရာမများမှာ စားဝတ်‌နေ‌ရေး ခက်ခဲလာသဖြင့် ပုံမှန် ‌ထောက်ပံ့မှုပြန်ရရန် ဇန်နဝါရီလ ၆ရက်‌နေ့က အလုပ်မဆင်းဘဲ ဆန္ဒပြ‌တောင်းဆိုခဲ့ကြ‌ကြောင်း အမည်မ‌ဖော်လိုသူ အထက်တန်းလွန်‌ကျောင်းဆရာတစ်ဦးက ‌ပြောသည်။

“အရင်က ဆန် ၁၂ကီလို ‌ထောက်ပံ့‌ပေးတာက‌နေ ၈ကီလိုပဲ ‌ထောက်ပံ့မှု‌ပေးပါ‌တော့တယ်။ အဲဒါ‌ကြောင့် ကျ‌နော်တို့အ‌နေနဲ့ စား ဝတ်‌နေ‌ရေး အခက်အခဲဖြစ်တယ်။ ကျ‌နော်တို့အတွက် အဓိကလိုအပ်တာက ဆန်ပါပဲ။ အဲဒီအတွက် ပုံမှန်အတိုင်း ဆန်ကို ၁၂ ကီလို ပြန်လည်‌ထောက်ပံ့‌ပေးဖို့ကို ‌တောင်းဆိုတာဖြစ်ပါတယ်”ဟု အဆိုပါ‌ကျောင်းဆရာက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဒုက္ခသည်စခန်းများတွင် မှုလတန်းမှ အထက်တန်းအထိ ဆရာတစ်ဦးလျှင် ယခင်က ပုံမှန် ‌ထောက်ပံ့မှုအဖြစ် ဘတ် ၅၀ဝ မှ ၈၀ဝအထိ ‌ထောက်ပံ့မှု‌ပေးထားသည့်အပြင် ဆီ၊ ဆား စသည့် အခြားကုန်ကြမ်းရိက္ခာများကိုလည်း ကူညီ‌ထောက်ပံ့‌ပေးခဲ့သည်။

သို့‌သော် ‌ထောက်ပံ့‌ငွေများ ‌လျော့နည်းလာကာ ယခုလို ဆန်‌ပေး‌ဝေမှုပါ ‌လျော့နည်းလာမှုများ‌ကြောင့် ‌ကျောင်းသူ၊‌ကျောင်းသား များနှင့် ဆရာအချို့မှာ ‌ကျောင်းသို့လာ‌ရောက်ခြင်း မရှိ‌တော့ဘဲ စားဝတ်‌နေ‌ရေးအတွက် စခန်းအပြင်ထွက်ကာ အလုပ်လုပ်‌နေကြ ရ၍ ‌ကျောင်းများပိတ်ထားရသလို ဖြစ်‌နေ‌ကြောင်း နို့ဖိုးစခန်း‌ကျောင်းပညာ‌ရေး‌ကော်မတီမှ ပညာ‌ရေးမှူး ဆရာ‌စောတာ‌သေညားက ‌ပြောသည်။
???????????????????????????????

အဆိုပါ ဖြစ်ရပ်များ‌ကြောင့် ကရင်ဒုက္ခသည်‌ကော်မတီ (Karen Refugee Committee- KRC)မှ တာဝန်ရှိသူများ၊ စခန်းတာဝန်ရှိ သူများ၊ စခန်းအတွင်းရှိ ‌ကျောင်း‌ကော်မတီဝင်များ၊ ဆရာ၊ဆရာမများ၊ (Karen Refugee Committee Education Entity- KRC EE)မှ တာဝန်ရှိသူများနှင့် (The Border Consortium-TBC) မှ တာဝန်ရှိသူများက ဇန်နဝါရီ ၁၄ရက်‌နေ့တွင် ‌ဆွေး‌နွေးမှုများ ပြု လုပ်ခဲ့ကြပြီး‌နောက် ဆန် ၄၂အိတ်ကို ‌ပေး‌ဝေခဲ့သည့်အတွက် ယမန်‌နေ့က ‌ကျောင်းအားလုံးနီးပါး ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

KRC အတွင်း‌ရေးမှူး ‌စောဘွယ်‌စေးက “ဆရာ၊ဆရာမ‌တွေ တင်ပြလာတဲ့ အခက်အခဲ‌ပေါ်မှာ ကျ‌နော်တို့လည်း နားလည်ပါတယ်။ အကူအညီ‌ပေးတဲ့ အဖွဲ့အစည်း‌တွေ ‌လျော့လာအ‌ပေါ်မှာ TBC အ‌နေနဲ့ ‌နောက်လာမယ့်နှစ်‌တွေမှာ သတ်မှတ်ထားတဲ့နှုန်းအတိုင်း ဖြည့်ဆည်းနိုင်ဖို့ကို အာမခံလို့ မရ‌သေးပါဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် လာမည့်နှစ်များတွင်လည်း ပုံမှန် ‌ထောက်ပံ့မှုအတိုင်း ‌ထောက်ပံ့‌ပေး‌စေလို‌ကြောင်းနှင့် ပညာ‌ရေး အကူအညီ‌ပေး‌နေ ‌သော နိုင်ငံတကာအဖွဲ့အစည်းများအ‌နေဖြင့်လည်း ဆရာ၊ဆရာမများကို စာနာနားလည်‌ပေး‌စေလို‌ကြောင်း ‌ကျောင်းဆရာ၊ ဆရာ မများက ‌ပြောဆို‌နေကြသည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်‌တောင်ပိုင်း၊ နို့ဖိုးဒုက္ခသည်စခန်းရှိ မှုလတန်းမှ အထက်တန်းလွန်ပညာ‌ရေးအထိ စာသင်‌ကျောင်း‌ပေါင်း ၂၃ ‌ကျောင်းတွင် ဆရာ၊ ဆရာမ ၂၆၅ဦးနှင့် ‌ကျောင်းသူ‌ကျောင်းသား‌ပေါင်း ၃၀၀၀‌ကျော်ရှိပြီး ယခုကဲ့သို့ ဆရာ၊ဆရာမများ ‌တောင်း ဆိုဆန္ဒပြမှု ဖြစ်ပွားခြင်းမရှိခဲ့ခြင်း မရှိ‌ကြောင်း သိရသည်။