Home သတင်း ‌ကျောက်မိုင်း‌ဖောက်လုပ်‌ရေး ဆုံးရှုံးမှုအတွက် စစ်‌ထောက်ချုပ်ရုံးမှ ‌ဒေသခံများကို ကွင်းဆင်း‌မေးမြန်းခဲ့

‌ကျောက်မိုင်း‌ဖောက်လုပ်‌ရေး ဆုံးရှုံးမှုအတွက် စစ်‌ထောက်ချုပ်ရုံးမှ ‌ဒေသခံများကို ကွင်းဆင်း‌မေးမြန်းခဲ့

1573

ဇန်နဝါရီ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ ‌စောညွှန့်‌သောင်း၊ နန်း‌ချောင်‌ဖော့

ကရင်ပြည်နယ် ဖားအံမြို့နယ်ရှိ သံတိုင်‌တောင်‌ကျောက်မိုင်း ‌ဖောက်လုပ်မှု‌ကြောင့် ထိခိုက်နစ်နာမှုများကို မီဒီယာတွင် ထုတ်‌ဖော် ‌ပြောဆိုသည့်ကိစ္စနှင့် ပတ်သက်၍ စစ်‌ထောက်ချုပ်ရုံးမှ ‌ဒေသခံများကို ဇန်နဝါရီလ ၁၂ရက်‌နေ့က စစ်‌ဆေး‌မေးမြန်း သတိ‌ပေးမှု များ လာ‌ရောက်ပြုလုပ်ခဲ့သည်။

ကိုယ်တိုင် စစ်‌ဆေးခံရသူ မြိုင်က‌လေးရွာမှ ‌ဒေသခံ ‌စော‌ကျော်ထက်ခိုင်က “ဒီကိစ္စနဲ့ ပတ်သက်ပြီး မီဒီယာ‌တွေကို မ‌ပေးသိဖို့ ကျ‌နော့်ကို ကတိ‌ပေးပါတဲ့။ သူ့‌ရှေ့မှာ ကျ‌နော်လည်း လန့်ပြီး‌တော့ အဲဒီကတိကို ‌ပေးလိုက်မိတယ်။”ဟု ‌ကေအိုင်စီသို့ ပြန်လည် ‌ပြောပြသည်။

စစ်‌ထောက်ချုပ်ရုံးမှ နည်းပြဗိုလ်မှူးကြီးစံမြင့်အဖွဲ့သည် ‌ဒေသခံများထံသို့ လာ‌ရောက်ကာ အဆိုပါ‌ကျောက်မိုင်း‌ဖောက်လုပ်မှု အ‌ခြေအ‌နေများကို မီဒီယာများအား အသိမ‌ပေးရန် ကတိ‌တောင်းခဲ့သည့်အပြင် မီဒီယာ၊ ပါတီများတွင် လုပ်ကိုင်ခြင်းရှိမရှိနှင့် ယင်းသို့ ပါဝင်ပတ်သက်ပါက မ‌ကောင်း‌ကြောင်း ‌ပြောဆိုခဲ့သည်ဟု အဆိုပါ‌ဒေသခံက ‌ပြောသည်။

ထိုစစ်‌ဆေး‌မေးမြန်းနှင့် ပတ်သက်၍ ဇရပ်ဖြူ‌ကျောင်းထိုင်ဆရာ‌တော်က “အများအတွက် ‌ဆောင်ရွက်တဲ့ပုဂ္ဂိုလ်ဟာ မှန်မှန်ကန် ကန် ‌ဆောင်ရွက်‌ပေးနိုင်‌အောင် တွန်းအား‌ပေးရမှာ‌ပေါ့။ တွန်းအားမ‌ပေးတဲ့အပြင် လာပြီးဟို‌မေးဒီ‌မေး လုပ်တဲ့အခါကျ‌တော့ အများအတွက် ‌ဆောင်ရွက်‌ပေးတဲ့လူဟာ ဘယ်လုပ်ရဲ‌တော့မလဲ”ဟု သူ၏အမြင်ကို မြွက်ကြား‌ပြောဆိုသည်။

အလားတူ သံတိုင်‌တောင်‌ကျောက်မိုင်း အနီးဝန်းကျင်တွင် ‌နေထိုင်‌သော နတ်ကုန်းရွာသူရွာသား ၁ဝဦး‌ကျော်လည်း ဘိလပ်‌မြေ စက်ရုံသို့ သွား‌ရောက်ကာ စစ်‌ဆေး‌မေးမြန်းခြင်း ခံခဲ့ရရာ ‌ကျောက်မိုင်း‌ကြောင့် လယ်‌မြေပျက်စီးမှုမှာ ဟုတ်မှန်ခြင်း ရှိမရှိကို ‌မေးမြန်းခဲ့‌ကြောင် ကိုယ်တိုင်ပါဝင်သည့် နတ်ကုန်းရွာသူ ‌ဒေါ်ကြည်‌ဌေးက ‌ပြောသည်။

၎င်းအပြင် ‌ကျောက်မိုင်းတွင် အသုံးပြုသည့် စက်ယန္တယားကြီးများ သွားလာမှု‌ကြောင့် လယ်ယာ‌မြေများ ပျက်စီးသကဲ့သို့ မိုင်းခွဲ သည့်အခါ ‌ကျောက်အပိုင်းအစများမှာ ရွာထဲသို့ ကျ‌ရောက်ခြင်းများ ကြုံဆုံ‌နေရသည်။ ထိုအ‌ခြေအ‌နေများ‌ကြောင့် ရွာသားများ လည်း ယင်းလယ်‌မြေများ၌ လယ်မလုပ်ရသည်မှာ ၁ဝနှစ်‌ကျော်ရှိပြီး အ‌ကြောင်းမဲ့ အသိမ်းခံရမည်ကို စိုးရိမ်‌နေသည့်အပြင် တပ် ဖက်ဆိုင်ရာမှ လာ‌ရောက်စစ်‌ဆေး‌မေးမြန်းခြင်း‌ကြောင့် ‌ကြောက်လန့်‌နေရသည်ဟု သိရသည်။

ယင်းသို့ ‌ဒေသခံများထံ လာ‌ရောက်စစ်‌ဆေး‌မေးမြန်းမှုနှင့် ပတ်သက်၍ မြိုင်က‌လေး တပ်မ‌တော် ဘိလပ်‌မြေစက်ရုံမှ တာဝန်ရှိသူ များနှင့် လာ‌ရောက်စစ်‌ဆေးမှုများ ပြုလုပ်သည့် စစ်‌ထောက်ရုံးမှ တာဝန်ရှိသူများကို ‌ကေအိုင်စီမှ လူကိုယ်တိုင် ‌တွေ့ဆုံနိုင်ရန် ကြိုးစားသကဲ့သို့ ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်‌သော်လည်း ပြန်လည်‌ဖြေကြားမှုကို မရရှိခဲ့‌ပေ။

တန် ၄၀၀ဝထွက်သည့် ဘိလပ်စက်ရုံသစ်အတွက် ထိုသို့‌ကျောက်မိုင်း‌ဖောက်ရာတွင် သံတိုင်‌တောင်နှင့် ဆက်စပ်လျှက်ရှိ‌သော အသိမ်းခံရခြင်းနှင့် ပျက်စီးသွားသည့် လယ်‌မြေဧက စုစု‌ပေါင်း ၆၈၉.၃၃ဧက ရှိသည်။