Home သတင်း သုံးဆယ်သုံးဆူ‌ကျေးရွာရှိ ဘုန်း‌တော်ကြီးဆွမ်းစား‌ကျောင်း မီး‌လောင်ပျက်စီး

သုံးဆယ်သုံးဆူ‌ကျေးရွာရှိ ဘုန်း‌တော်ကြီးဆွမ်းစား‌ကျောင်း မီး‌လောင်ပျက်စီး

1728
သုံးဆယ်သုံးဆူ‌ကျေးရွာရှိ ဆွမ်းစား‌ကျောင်း‌ဆောင်ကြီး မီး‌လောင်‌နေစဉ်

ဇန်နဝါရီ ၂ဝ ရက်၊ ၂၀၁၄ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့နယ်‌မြောက်ပိုင်း ဆံ‌တော်ရှင်ဘုရား‌စေတီများ တည်ရှိရာ အထင်ကရ‌နေရာ ဖြစ်‌သော သုံးဆယ်သုံးဆူ‌ကျေးရွာရှိ ဘုန်း‌တော်ကြီး‌ကျောင်း၌ ဇန်နဝါရီ ၁၆ ရက်‌နေ့က မီးမ‌တော်တဆမှု‌ကြောင့် ဆွမ်းစား‌ကျောင်း‌ဆောင်ကြီး တစ်‌ဆောင် မီး‌လောင်ပျက်စီးသွားခဲ့သည်။

အဆိုပါ ဘုန်း‌တော်ကြီးရှိ သံဃာငယ် ကိုရင်များ၏ အ‌ကြော်‌ကြော်ရာမှ ဆီပူထွက်ပြီး မီးများစတင်‌လောင်ကျွမ်း ကာ ဆွမ်းစားအ‌ဆောင်သို့ ကူးစက်‌လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်ဟု မီးသွား‌ရောက်ငြိမ်းသတ်သူများက ‌ပြောဆိုသည်။

မီးသွား‌ရောက်ငြိမ်းသတ်ခဲ့သူ ‌စောအာယုက ”ကျ‌နော်တို့ မီးသွား‌ရောက်ငြိမ်းသတ်တဲ့အခါ မီးက အလုံးကြီး ‌တောက်‌နေတယ်ဆို‌တော့ သွားကပ်လို့လဲ မရဲဘူး။ ရွာက လူ‌တွေက သွား‌ရောက်ငြိမ်းသတ်‌ပေမယ့် မီးက ‌တောက်‌လောင်တာပဲ။ တစ်ဝက်‌ကျော် မီး‌လောင်ပြီးမှ ‌ကော့ကရိတ်က မီးသတ်ကားတစ်စီး‌ရောက်လာပြီး ငြိမ်းသတ်‌ပေးမှ အဆင်‌ပြေသွား‌တော့တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ည‌နေ ၅နာရီမှ ည ၉နာရီအချိန်အထိ ကြာမြင့်ခဲ့သည့် ဆွမ်းစားအ‌ဆောင် မီး‌လောင်မှုဖြစ်စဉ်တွင် သံဃာ ‌တော်တစ်ပါး ဒဏ်ရာရရှိသွားခဲ့ပြီး လက်ရှိ ၎င်းသံဃာ‌တော်ကို ‌ကော့ကရိတ်‌ဆေးရုံသို့ တင်ထားရ‌ကြောင်း သိရသည်။

ထို့အပြင် မီး‌လောင်ခဲ့သည့် အ‌ဆောင်သည် သံဃာ‌တော် အသုံး‌ဆောင်ပစ္စည်းများဖြစ်‌သော အိုးခွက်၊ ပန်းကန်၊ ‌စောင်၊ ဖျာနှင့် တခြားစား‌သောက်ဖွယ်ရာများထား‌သော ‌နေရာဖြစ်ပြီး မီး‌လောင်မှု‌ကြောင့် ပျက်စီးသွားသည့် ပစ္စည်းတန်းဖိုး၊ ‌ကျောင်း‌ဆောင်ကြီးတန်းဖိုး စုစု‌ပေါင်း သိန်း ၄ ‌ထောင်‌ကျော် ရှိသည်ဟု သုံးဆယ်သုံးဆူ ဘုန်းကြီး‌ကျောင်းမှ ‌ကျောင်းထိုင် ဆရာ‌တော် ဦးပညာဝံသက ‌ကေအိုင်စီသို့ မြွက်ကြားသည်။

”အခုလို ဆွမ်းစား‌ဆောင်ကြီး မီး‌လောင်တယ်ဆို‌တော့ အခက်အခဲ‌တော့ အများကြီး ရှိလာမယ်။ ‌နောက်လဆိုရင် နှစ်စဉ်နှစ်တိုင်းပြုလုပ်ကျင်းပတဲ့ စာပြန်ပွဲ ဒီမှာ လုပ်မယ်။ ဒါ‌ပေမယ့် မဖြစ်မ‌နေ‌တော့ ပြုလုပ်ရမှာပဲ။” ဟု ဆရာ‌တော် ဦးပညာဝံသက မြွက်ဆိုသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၌လည်း ‌ကော့ကရိတ်‌တောင်ပိုင်း တစ်မိုင်ကုန်း‌ကျေးရွာတွင် အလားတူ ဘုန်း‌တော်ကြီး ‌ကျောင်း‌ဆောင် တစ်‌ဆောင် မီး‌လောင်ခဲ့ဟု သိရသည်။