Home သတင်း မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ၂၀၀‌ကျော် ‌လျော်‌ကြေး‌ငွေထက်ဝက် ပြန်လည်ရရှိ

မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများ ၂၀၀‌ကျော် ‌လျော်‌ကြေး‌ငွေထက်ဝက် ပြန်လည်ရရှိ

1394

ဇန်နဝါရီ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့ Wonderful Co,ltd အထည်ချုပ်စက်ရုံမှ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၂၁ဝဦးသည် စက်ရုံပိတ် လိုက်သဖြင့် ထိုင်းဥပ‌ဒေအရ ‌လျော်‌ကြေး‌ငွေ ရသင့်ရာ မဲ‌ဆောက်မြို့ ထိုင်းအလုပ်သမားကာကွယ်‌ရေးရုံး၏ ဆုံးဖြတ်ချက်ဖြင့် ဇန်နဝါရီလ ၁၃ရက်‌နေ့တွင် အလုပ်ရှင်ထံမှ ဘတ်သိန်း ၃ဝအနက် ထက်ဝက်ခန့်ကို ပြန်လည်ရရှိခဲ့သည်။

အဆိုပါစက်ရုံမှ အလုပ်သမား‌ခေါင်း‌ဆောင် ကိုနန်းဦးက “ကျ‌နော်တို့အခုရတာက အလုပ်သမားအားလုံးရဲ့ တစ်လစာ လုပ်အားခ ပဲ ရှိပါ‌သေးတယ်။ ကျန်တဲ့ လုပ်သက်နစ်နာ‌ကြေးနဲ့ ကြိုတင် အ‌ကြောင်းမကြားတဲ့အတွက် ရရှိမယ့် နစ်နာ‌ကြေး‌တွေကိုလည်း ဆက်လက် ‌တောင်းဆိုသွားပါမယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်းအလုပ်သမားဥပ‌ဒေအရ အလုပ်ရှင်များသည် မိမိတို့၏ စက်ရုံအလုပ်ရုံများကို ပိတ်သိမ်းမည်ဆိုပါက ရက် ၆ဝ ကြိုတင် အ‌ကြောင်းကြားရမည်ဖြစ်‌သော်လည်း အဆိုပါစက်ရုံ အလုပ်ရှင်သည် အလုပ်သမားများနှင့် ချုပ်ဆိုထား‌သော သ‌ဘောတူစာချုပ်ကို ‌ဖောက်ဖျက်သဖြင့် နစ်နာမှုများကို ‌တောင်းဆိုရခြင်းဖြစ်‌ကြောင်း ကိုနန်းဦးက ဆက်လက် ‌ပြောကြားသည်။

၎င်းလုပ်အားခနှင့် နစ်နာ‌ကြေးများမှာ မြန်မာပြည်သားများ ပူးတွဲလှုပ်ရှား‌ရေး‌ကော်မတီ(JACBA)၊ ထိုင်း‌ရှေ့‌နေများ‌ကောင်စီ ဥပ‌ဒေအ‌ထောက်အကူပြုဌာန (LLC)နှင့် အလုပ်သမားကာကွယ်‌ရေးရုံး၏ ပူး‌ပေါင်း‌ဆောင်ရွက်မှု‌ကြောင့် ပြန်လည်ရရှိလိုက်ခြင်း ဖြစ်သည်။
M  Appaeal

မြန်မာပြည်သားများ ပူးတွဲလှုပ်ရှား‌ရေး‌ကော်မတီ(JACBA) ဥက္ကဌ ဦးမိုးကြိုးက “မြန်မာ အလုပ်သမား‌တွေအ‌နေနဲ့ လုပ်သက် ၄လ ‌ကျော်ရင် သတ်မှတ်ထားတဲ့ နစ်နာ‌ကြေးကို ‌တောင်းဆိုနိုင်ပါတယ်။ ဒါ‌ပေမယ့် အခုမြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား အများစုက တရားဝင် အလုပ်လုပ်ခွင့်လက်မှတ် မရှိတာများတဲ့အတွက် ဥပ‌ဒေအရ လုပ်‌ဆောင်‌ပေးနိုင်ဖို့ အခက်အခဲ‌တွေ ရှိ‌နေပါ‌သေးတယ်” ဟု ‌ပြောသည်။

ပြီးခဲ့သည့် ၂၀၀၇-၂၀၀၈ခုနှစ်များက အဆိုပါ အထည်ချုပ်စက်ရုံတွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၃၅ဝဦး‌ကျော်ရှိခဲ့ပြီး ‌နေ့စား ခနှင့် လစဉ် ဖြတ်‌တောက်မှု များပြားလွန်းသဖြင့် အလုပ်သမားများ၏ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ဖူးပြီး အလုပ်သမားများ အလုပ်ထုတ် ပယ်ခံရမှုများ ရှိခဲ့သည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်အတွင်းရှိ မြို့နယ် ၉ခုတွင် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမား ၄သိန်းခန့်ရှိသည့်အနက် မဲ‌ဆောက်မြို့နယ် တစ်ခုတည်းတွင် ၂သိန်းခန့်ရှိကာ ထိုင်းနိုင်ငံအလုပ်သမားကာကွယ်‌ရေးနှင့် လူမှုဖူလုံ‌ရေးအက်ဥ‌ပေဒ (BE-2541/1998)အရ ‌နေ့စားခဘတ် ၃၀၀၊ အချိန်ပို‌ကြေး တစ်နာရီ်လျှင် ၅၆ ဘတ်ကို မရရှိကြ‌ကြောင်း (JACBA)က ဆိုသည်။