Home သတင်း ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံအတွက် ဦး‌ဆောင်‌ကော်မတီ ဖွဲ့စည်း

ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံအတွက် ဦး‌ဆောင်‌ကော်မတီ ဖွဲ့စည်း

1644

ဇန်နဝါရီ ၁၉ရက်၊ ၂၀၁၄ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) နယ်‌မြေ၌ ကျင်းပမည့် ဒုတိယအကြိမ် တိုင်းရင်းသားညီလာခံအတွက် ဦး‌ဆောင်မည့် ၁၆ဦးပါဝင်‌သော ‌ကော်မတီအဖွဲ့တစ်ဖွဲ့ကို ယ‌နေ့ည (၇)နာရီခွဲအချိန်တွင် ဖွဲ့စည်းလိုက်သည်။

အဆိုပါ ကျင်းပ‌ရေး‌ကော်မတီ၌ ဥက္ကဋ္ဌအဖြစ် ‌နော်စီဖိုးရာစိန်၊ ဒုတိယ ဥက္ကဋ္ဌအဖြစ် နိုင်ဟံသာ၊ အတွင်း‌ရေးမှူးအဖြစ် ဗိုလ်ချုပ်ဂွမ် ‌မော်နှင့် တွဲဘက်အတွင်း‌ရေးမှူးအဖြစ် ‌စောမြရာဇာလင်းတို့ဖြစ်ကြပြီး ကျန်‌ကော်မတီဝင်များမှာ ‌ရောက်ရှိလာသည့် တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ အသီးသီးပါဝင်ကြခြင်း ဖြစ်သည်။

ဇန်နဝါရီလ ၂ဝရက်မှ ၂၂ရက်‌နေ့အထိ ကျင်းပသွားမည့် ၎င်းညီလာခံသို့ မစတင်မီ တစ်ရက်အလို၌ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့‌ပေါင်း ၁၆ဖွဲ့ ‌ရောက်ရှိ‌နေကြပြီးဖြစ်ကာ ညီလာခံဖြစ်‌မြောက်‌ရေး‌ကော်မတီဝင်၏ သတ်မှတ်ချက်အရ တစ်ဖွဲ့လျှင် ကိုယ်စား လှယ် သုံးဦးနှင့် ‌လေ့လာသူ သုံးဦး တက်‌ရောက်သွားမည်ဖြစ်‌ကြောင်း သိရသည်။

ယ‌နေ့‌ရောက်ရှိလာသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများမှာ SSPP, PSLF, PNO, WNO, KNPP, RCSS/SSA, KIO, MNSP, ANC, MNDAA, CNF, DKBA, ALP, RPC နှင့် LDU အဖွဲ့များ ဖြစ်ကြသည်။