KIC News
ကရင်လူထုနှင့် ကေအဲန်ယူတို့ စုပေါင်းကျွန်းပင်စိုက်
ဇွန် ၉ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
အပြည်ပြည်ဆိုင်ရာ သဘာဝပတ်ဝန်းကျင်နေ့ အထိမ်အမှတ်အနေဖြင့် ဒေသခံကရင်လူထုများနှင့် ကရင် အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဗဟိုမှ သစ်တောဌာန၊ စိုက်ပျိုးရေးနှင့် လယ်ယာမြေဌာနတို့ စုပေါင်း၍ လှိုင်ဘွဲမြို့နယ်၊ နောင်ကမြိုင်ကျေးရွာအုပ်စုရှိ ထီလုံသစ်တောကြိုးဝိုင်းတွင် ဇွန် ၅ရက်နေ့က ကျွန်းပင်စိုက်ပျိုးပွဲတစ်ရပ် ကျင်းပခဲ့ကြသည်။
ကျွန်းပင်ပေါင်း ၁၀ဝ ပင်...
ပြည်သူ့လိုလားချက်နှင့် ကိုက်ညီသည့်ဗျူဟာ ချမှတ်လုပ်ဆောင်ရန် KPP နာယက တိုက်တွန်း
ဇွန် ၉ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း (ကေအိုင်စီ)
ကရင်ပြည်သူ့ပါတီ(KPP)အနေဖြင့် ပြည်သူ့လိုလားချက်၊ မျှော်မှန်းချက်၊ တောင်းဆိုချက်နှင့် ကိုက်ညီသည့် ဗျူဟာ ချမှတ်လုပ်ဆောင်ရန် KPP ပါတီနာယက အငြိမ်းစားသမိုင်းပါမေက္ခ စောထွန်းအောင်ချိန်က ဇွန် ၇ရက် နေ့တွင် တိုက်တွန်းပြောကြားလိုက်သည်။
ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ တောင်သူကုန်းရပ်ကွက်၊ မ/၄ ...
“၂၀၀၈ အခြေခံဥပဒေနဲ့ တည်ဆဲဥပဒေများ” ဆန့်ကျင်ပယ်ဖျက်ရေး
(မောင်ကျော်စွာ)
(၂၀၁၄ခုနှစ်၊ ဇွန်လ ၈ရက်)
ပြည်ထောင်စုလွှတ်တော်နာယက ဦးရွှေမန်းသည် အောက်မှာ ဖော်ပြထားတဲ့စကားကို “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ” ရေးဆွဲ/ အတည်ပြုခဲ့စဉ်က လုပ်ရပ်များ၊ “၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ”ကို လက်တွေ့ကျင့်သုံးတဲ့ ၎င်းတို့ရဲ့ ကိုယ်ပိုင်အတွေ့အကြုံများထဲ မှ ခြစ်ချုပ်ကော်ထုတ်၍ ဝန်ခံပြောတာပဲ ဖြစ်ပါလိမ့်မယ်။
“ဥပဒေပညာရပ်သည် လူတိုင်းသိအပ်၊ တတ်အပ်သော ပညာရပ်ဖြစ်ပြီး...
ကေအဲန်ယူနှင့် အစိုးရ တွေ့ဆုံမှု ပွင့်လင်းမြင်သာရန် ကရင်လူမှုအဖွဲ့အစည်းများ တောင်းဆို
ဇွန် ၇ရက်၊ ၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
အစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)အကြား ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများပြုလုပ်ရာတွင် ပွင့်လင်းမြင်သာမှုရှိရန်လိုကြောင်း ပြည်တွင်းပြည်ပ အခြေစိုက် ကရင်လူမှုအဖွဲ့အစည်း ၆ဖွဲ့က တောင်းဆိုလိုက်သည်။
ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ကရင့်ရေးရာကော်မတီ(KAC)၊ ကရင်လူငယ်များကွန်ယက်(KYN)၊ ကရင့် အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့(KWEG)၊ ဩစတြေးလျား ကရင်အဖွဲ့အစည်း(AKO)နှင့် အမေရိကန်နိုင်ငံရှိ မင်နီဆိုတာ ကရင်လူမှုအဖွဲ့အစည်းတို့မှ စုပေါင်း၍ ဇွန်လ ၅...
အကြီးစား ဖွံ့ဖြိုးရေးစီမံကိန်း ကောင်းကျိုးဆိုးကျိုး ဖားအံကရင်လူငယ်ကွန်ရက်ရှင်းလင်း
ဇွန် ၆ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ယမန်နေ့ ဇွန် ၅ရက်နေ့၌ ကျရောက်သော အပြည်ပြည်ဆိုင်ရာ သဘာပတ်ဝန်းကျင်နေ့ကို ကရင်ပြည်နယ်၊ ဖားအံမြို့ရှိ သံလွင် Paradise (ပါရာဒက်စ်) ဟိုတယ်၌ ကျင်းပခဲ့ရာ ထိုအခမ်းအနားတွင် ဖားအံကရင် လူငယ်ကွန်ရက်မှ အကြီးစားဖွံ့ဖြိုးရေးစီမံကိန်း ကောင်းကျိုးဆိုးကျိုးနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား ခဲ့သည်။
...
KNU တပ်မဟာ(၇)က “ဒို့မိတ်ဆွေ” အမည်ဖြင့် ယာဉ်လိုင်းပြေးဆွဲရန် စီစဉ်
ဇွန် ၆ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၇) တည်ထောင်ထားသော မိုးကိုစံကုမ္ပဏီက "ဒို့မိတ်ဆွေ" အမည်ဖြင့် အဝေးပြေးယာဉ်လိုင်းတစ်ခုကို အာရှလမ်းမကြီးဖောက်လုပ်ပြီးစီးအမှီ ပြေးဆွဲနိုင်ရန် စီစဉ်လျှက်ရှိ ကြောင်း သိရသည်။
ယာဉ်လိုင်းပြေးဆွဲနိုင်ရန်အတွက် မေလဆန်းပိုင်းက စတင်ကာ ခရိုင်၊ ပြည်နယ်အဆင့်ဆင့်ရှိ သက်ဆိုင်ရာ အစိုးရ၏...
ကေအဲန်ယူ နှင့် လွှတ်တော်နာယက သူရဦးရွှေမန်း ပထမဦးဆုံးအကြိမ်တွေ့ဆုံ
ဇွန် ၅ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း
ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအတွက် အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် ဆွေးနွေးရန် နေပြည်တော်သို့ ရောက်ရှိ နေသည့် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ပြည်သူ့လွှတ်တော်အဆောက် အဦးတွင် ပထမဦးဆုံးအကြိမ် ယနေ့ တွေ့ဆုံခဲ့သည်။
တွေ့ဆုံပွဲတွင် ကေအဲန်ယူဘက်မှ...
ကရင်လက်နက်ကိုင်အဖွဲ့များ မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်သွားမည်ဟု ကေအဲန်ယူ ပြော
ဇွန် ၅ရက်၊ ၂၀၁၄ ခုနှစ်။ နန်းချောင်ဖော့
ကရင်လက်နက်ကိုင်အဖွဲ့များပူးပေါင်းပြီး မူးယစ်ဆေးဝါးဆိုင်ရာ ကိစ္စရပ်များကို အတူတကွ ပူးပေါင်းတိုက်ဖျက်သွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ပြည်ထဲရေးနှင့် သာသနာရေးဌာန တာဝန်ခံ ပဒိုစောအားတိုးက ယမန်နေ့၌ ပြောဆို သည်။
ကရင်လက်နက်ကိုင်အဖွဲ့များဖြစ်ကြသည့် KNU၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ နယ်ခြားစောင့်တပ်(BGF)၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့(KPF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)တို့သည် ကရင်ပြည်နယ်ရှိ...
ထိုင်းစစ်တပ်အာဏာသိမ်းပြီးနောက် မဲဆောက်တွင် ပထမဆုံးအကြိမ် တရားမဝင်အလုပ်သမားများကို ဖမ်းဆီး
ဇွန်လ ၄ ရက်၊ ၂၀၁၄ ခုနှစ်။ နန်းဝေဖြိုးဇာ
ထိုင်းနိုင်ငံတွင် မေ ၂၂ ရက်နေ့က ထိုင်းစစ်အာဏာ သိမ်းယူပြီးနောက်ပိုင်း မဲဆောက်မြို့တွင် တရားမဝင် ရွှေ့ပြောင်းမြန်မာအလုပ်သမားများကို ဇွန်လ ၃ ရက်နေ့မှစ၍ စစ်တပ်အာဏာပိုင်၊ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်ခြားလုံခြုံရေးစောင့်တပ်များပူးပေါင်းပြီး ပထမဦးဆုံးအကြိမ် ဖမ်းဆီးမှုပြုလုပ်နေကြောင်း သိရသည်။
မဲဆောက်မြို့ရှိ တရားမဝင်အလုပ်သမား...
ပညာရေးအခမဲ့ဆိုသော်လည်း ငွေကောက်ခံနေဆဲဟု ကျောင်းသားမိဘများ ပြောဆို
ဇွန် ၄ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကျောင်းပညာရေး၌ မူလတန်းမှ အလယ်တန်းအထိ ကျောင်းအပ်နှံကြေးနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ အတွက် အခမဲ့ဟု မြန်မာအစိုးရက ထုတ်ပြန်ထားသော်လည်း ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ တောင် ကလေး အထက်တန်းကျောင်းတွင် ငွေကြေးကောက်ခံမှုအချို့ရှိနေသည်ဟု ကျောင်းသားမိဘများက ပြောသည်။
ယခု ဇွန် ၂ရက်နေ့တွင် ကျောင်းစတင်ဖွင့်လှစ်ခဲ့သည့် တောင်ကလေးအထက်တန်းကျောင်းတွင်...














