Home သတင်း စာသင်‌ကျောင်းများ၌ ၂၀၁၅-၁၆ ပညာသင်နှစ် ကရင်စာသင်ကြားရန် ‌မှော်ဘီစာယဉ် တိုက်တွန်း

စာသင်‌ကျောင်းများ၌ ၂၀၁၅-၁၆ ပညာသင်နှစ် ကရင်စာသင်ကြားရန် ‌မှော်ဘီစာယဉ် တိုက်တွန်း

1649

ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး၊ ‌မှော်ဘီမြို့နယ် အစိုးရစာသင်‌ကျောင်းများ၌ လာမည့် ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ကရင်စာကို စတင် သင်ကြား‌တော့မည်ဖြစ်သည်ဟု ဇန်နဝါရီလ ၁ဝရက်‌နေ့က ‌မှော်ဘီမြို့၊ တပ်ကြီးကုန်း‌ကျေးရွာရှိ ‌မှော်ဘီကရင်နှစ်ခြင်းခရစ်ယန် ကျမ်းစာ‌ကျောင်းခမ်းမတွင် ပြုလုပ်‌သော ၄မြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ‌တွေ့ဆုံပွဲတွင် ‌မှော်ဘီစာယဉ်အဖွဲ့က တိုက်တွန်း‌ပြောဆိုခဲ့သည်။

‌မှော်ဘီစာယဉ်၊ အတွင်း‌ရေးမှူး ‌စော‌ဌေး‌ဌေးထွန်းက “‌မှော်ဘီမြို့မှာ ကရင်‌ကျောင်းသားအများစုရှိတဲ့ ‌ကျောင်း‌တွေကို မြို့နယ်စာ ယဉ်က ‌ကျောင်းသားစာရင်း ‌ကောက်ထားပါတယ်။ လာမဲ့ ပညာသင်နှစ် ‌ကျောင်းစဖွင့်ချိန် ဇွန်လကစပြီး သင်ကြားဖို့၊ သက်ဆိုင် ရာ ဌာနများနဲ ့ညှိနှိုင်းပြီး ‌ဆောင်ရွက်‌ပေးဖို့ ကရင်‌ရေးရာဝန်ကြီးကို ‌ပြောလိုက်ပါတယ်”ဟု ‌ပြောသည်။

‌မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူးနှင့် ထန်းတပင်မြို့နယ်တို့ ပါဝင်သည့် ‌တွေ့ဆုံပွဲကို မွန်းလွဲ ၁နာရီမှ၍ နှစ်နာရီခွဲကြာ ကျင်းပခဲ့ပြီး အခမ်းအနားသို့ ရန်ကုန်တိုင်း ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဌ၊ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်၊ တိုင်းအဆင့် စာယဉ်‌ကော်မတီဝင်များ နှင့် ‌လေးမြို့နယ် စာယဉ်ကိုယ်စားလှယ်များအပါအဝင် ဖိတ်ကြားသည့် ဧည့်သည်‌တော်များ စုစု‌ပေါင်း ၇ဝ ဦး‌ကျော် တက်‌ရောက်ခဲ့ကြ
အခမ်းအနားတက်‌ရောက်သည့် ကရင်‌ရေးရာဝန်ကြီး ‌စောထွန်း‌အောင်မြင့်က “ရန်ကုန်တိုင်းမှာက မြို့နယ် ၄၅မြို့နယ်ရှိတယ်။ တချို့မြို့နယ်‌တွေဆို ရွာ‌တွေ အများကြီးပဲ။ အဲ့ဒါ‌တွေကို တိုင်းအဆင့် လုပ်တဲ့‌နေရာမှာလည်း တစ်ဦးတစ်‌ယောက်၊ တစ်စုတစ်ဖွဲ့နဲ့ မရဘူး။ အားလုံးစုလုပ်ရမယ်၊ ပညာ‌ရေးဌာနကိုလည်း သင်ခွင့်ရ‌အောင် လုပ်မယ်။ လာမဲ့နှစ်သင်နိုင်‌အောင် စီစဉ်‌ပေးသွားပါ့ မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။
IMG_0816
အလားတူ ရန်ကုန်၊ ပဲခူး၊ ဧရာဝတီနှင့် တနသင်္ာရီတိုင်း‌ဒေသကြီး၊ မွန်နှင့် ကရင်ပြည်နယ်တို့မှ တိုင်းနှင့်ပြည်နယ်အဆင့် စာ‌ပေ ယဉ်‌ကျေးမှု‌ကော်မတီများ စု‌ပေါင်းကာ နိုင်ငံလုံးဆိုင်ရာ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဗဟိုကို ယခုနှစ် ဧပြီ-‌မေလအ တွင်း ဖွဲ့စည်းရန် လုပ်‌ဆောင်လျှက်ရှိပြီး ယင်းဗဟို‌ကော်မတီမှ လာမည့်ပညာသင်နှစ် ကရင်စာသင်ကြား‌ရေးအတွက် လုပ်‌ဆောင် သွားမည်ဖြစ်သည်ဟု ‌စောထွန်း‌အောင်မြင့်က ဆက်‌ပြောသည်။

‌တွေ့ဆုံပွဲ တက်‌ရောက်ခဲ့သည့် နယ်ခြား‌စောင့်တပ်(BGF) ကွပ်ကဲ‌ရေးဌာနမှ ဗိုလ်ကြီး‌စော‌မောင်မျိုးကလည်း ကရင်‌ကျောင်းသား များတက်‌ရောက်သည့် စာသင်‌ကျောင်းများတွင် ကရင်စာသင်ကြား‌ရေး လုပ်‌ဆောင်‌နေသလို ‌ကျောင်းပြင်ပ ‌နွေရာသီသင်တန်း များ ကျယ်ပြန့်စွာ ဖွင့်လှစ်ခြင်း၊ စာ‌ပေယဉ်‌ကျေးမှုဆိုင်ရာ နှီး‌နှောဖလှယ်ပွဲများ ပြုလုပ်ခြင်းတို့ကို လုပ်‌ဆောင်ရန် အကြံပြုလိုပြီး ကရင်ပြည်နယ်ရှိ လူမှုအဖွဲ့အစည်းများနှင့် စီစဉ်ချိတ်ဆက်မှုလုပ်‌ဆောင်သွားလို‌ကြောင်း ‌ပြောဆိုသည်။

‌မှော်ဘီမြို့နယ်အတွင်းရှိ ကရင်‌ကျောင်းသား‌ကျောင်းသူ အများစု တက်‌ရောက်‌သော အစိုးရ‌ကျောင်း ၃ဝခန့်ရှိသည့်အနက် ‌ကျောင်း ၁၉‌ကျောင်းမှ ‌ကျောင်းသား‌ကျောင်းသူဦး‌ရေ ၁၀၄၄ဦး စာရင်း‌ကောက်ယူ ရရှိထား‌ကြောင်း သိရသည်။ ‌မှော်ဘီမြို့နယ် တွင် ယခင်က နှစ်ခြင်းခရစ်ယာန်အသင်း‌တော်များ၏ အစီအစဉ်ဖြင့် ‌နွေရာသီ‌ကျောင်းပိတ်ရက်များတွင် ကရင်စာသင်ကြား‌ပေးမှု များရှိ‌ကြောင်း ‌မှော်ဘီမြို့နယ် စာယဉ်‌ကော်မတီ၏ ‌ပြောပြချက်အရ သိရသည်။