Home သတင်း MKO ဆယ်နှစ်ပြည့် အခမ်းအနားနှင့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ ပထမဆုံးအကြိမ် ပူးတွဲကျင်းပ

MKO ဆယ်နှစ်ပြည့် အခမ်းအနားနှင့် ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ ပထမဆုံးအကြိမ် ပူးတွဲကျင်းပ

1281

ဇန်နဝါရီ ၁၂ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

မ‌လေးရှားကရင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Malaysia Karen Organization (MKO) ဖွဲ့စည်းခြင်း (၁၀)နှစ်ပြည့် အခမ်းအနား နှင့် MKO ၏(၁၃)ကြိမ်‌မြောက် ကရင်နှစ်သစ်ကူး‌နေ့အခမ်းအနားတစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၄ရက်‌နေ့က မ‌လေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပူးတွဲကျင်းပခဲ့သည်။

ထိုသို့ ပူးတွဲကျင်းပဖြစ်ရခြင်းအ‌ပေါ် MKO ဥက္ကဌဖြစ်သူ မန်းဒုံ‌ယောင်းက “ဒီနှစ်က မကြာ‌တော့တဲ့ ဇန်နဝါရီ ၃၁ရက်‌နေ့က မ‌လေး ရှားကရင်အမျိုးသားအဖွဲ့အစည်းကလည်း ၁ဝနှစ်ပြည့်ပြီးဆို‌တော့ အစည်းအ‌ဝေးထိုင်တဲ့အခါ ဒီဇင်ဘာ ၂၁ရက်‌နေ့ကတည်းက ကျ‌ရောက်တဲ့ ကရင်‌နေ့သစ်ကူးပွဲ‌တော်ကို ‌နောက်ကျပြီး အားလပ်ရက်မှာ ကျ‌နော်တို့ ပူးတွဲလုပ်လိုက်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မ‌လေးရှားတွင် ယခင်နှစ်များက ပြာသိုလဆန်း (၁)ရက်‌နေ့တွင် နှစ်စဉ်ကျင်းပလျှက်ရှိ‌သော်လည်း ယခုနှစ်၊ ကွာလာလမ်ပူမြို့ Jalan Hang Jebat၊ Stadium Chinwoo ခမ်းမတွင် ကျင်းပသည့် ပူးတွဲအခမ်းအနားတွင် MKO တာဝန်ရှိသူများ၊ MKO ကို စတင်တည်‌ထောင်‌ပေးခဲ့သူ Australia နိုင်ငံမှ ‌စောကနဲမီ၊ မြန်မာနိုင်ငံရှိ ကရင်အမျိုးသမီးများဖွံ့ဖြိုး‌ရေးအဖွဲ့ (KWEG) မှ ဒါရိုက် တာ ‌နော်စူစဲန်နာလှလှစိုးနှင့် မ‌လေးရှား‌ရောက် ကရင်တိုင်းရင်းသားများ စုစု‌ပေါင်း ၁၀၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။ သို့ ‌သော် MKO ဖိတ်ကြားထားသူတစ်ဦးဖြစ်သည့် ‌နော်အုန်းလှမှာ တက်‌ရောက်နိုင်ခြင်းမရှိခဲ့‌ပေ။

အခမ်းအနား တက်‌ရောက်ခဲ့သည့် မ‌လေးရှားနိုင်ငံ‌ရောက် ‌စောညိုထွန်းက “ကျ‌နော်က‌တော့ နှစ်သစ်ကူး‌နေ့တုန်းက မ‌လေးရှား မှာ မလုပ်နိုင်ခဲ့‌ပေမယ့် စိတ်ထဲမှာ အလိုလို‌ပျော်တယ်။ အခုလည်း‌ပျော်ရ‌ပေမယ့် ခံစားမှုနဲ့ အနှစ်သာရက နည်းနည်း ‌လျော့သွား သလို ခံစားမိတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ အခမ်းအနားတွင် ကရင်အမျိုးသားအလံကို အ‌လေးပြုခြင်း၊ နိုင်ငံတကာ ကရင်အမျိုးသားအစည်းအရုံးမှ ‌ပေးပို့‌သော သဝဏ်လွှာ ဖတ်ကြားခြင်း၊ ကရင်နှစ်သစ်ကူးဖြစ်‌ပေါ်လာပုံသမိုင်း၊ ကရင်အမျိုးသား အလံ‌တော်၏ အဓိပ္ပါယ်တို့ကို အသီးသီး တင်ပြ‌ဟော‌ပြောခဲ့ကြသလို ‌တေးသီချင်း သီဆိုသရုပ်‌ဖော်မှုများ၊ ကရင်ဒုံးယိမ်းအက စသည်တို့ဖြင့် ‌ဖျော်‌ဖြေတင်ဆက်သွားခဲ့ကြ သည်။

MKO အ‌နေဖြင့် ကိုးကွယ်သည့်ဘာသာ၊ ဘာသာစကားမျိုးနွယ်စုမခွဲခြားပဲ တစ်ခုတည်း‌သော ကရင်အမျိုးသားအလံ‌တော် ‌အောက်တွင်သာ ရှိ‌နေသည့်အတွက်(MKO)အဖြစ် ဆက်လက် ရပ်တည်‌နေနိုင်သလို ယခင်အ‌ခြေအ‌နေထက် တိုးတက်မှုများ ရှိလာ‌ကြောင်း ‌ပြောကြားသွားသည်။

မန်းဒုံ‌ယောင်းက “MKO အ‌နေဖြင့် ဘာသာနဲ့စကား မျိုးနွယ်စု မခွဲခြားဘဲ ကရင်အမျိုးသားအလံ‌တော် တစ်ခုတည်း‌အောက်မှာ သာ ရှိ‌နေတဲ့အတွက် ဆက်လက်ရပ်တည်မှာဖြစ်သလို အရင်အ‌ခြေအ‌နေထက် တိုးတက်မှုများရှိလာမှာပါ။ MKO ဟာ အရင်က ရုံးခန်း‌တောင် မငှားနိုင်‌ပေမယ့် ခု‌တော့ ရုံးခန်းအကြီးနဲ့ ‌ကျောင်းပါ တစုတည်းငှားလာနိုင်တယ်။ အဖွဲ့အစည်းအတွက် အလားအ လာ ‌ကောင်းသွားမှာပါ”ဟု ဖြည့်စွက်‌ပြောသည်။

MKO စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍(MKO)၏ ဥက္ကဌမန်းဒုံ‌ယောင်း အပါအဝင် ဥက္ကဌ ၃ဦးမှ အဆက်ဆက် ဦး‌ဆောင်တာဝန်ယူ ခဲ့ပြီး ‌နောက် လက်ရှိ ဥက္ကဌဖြစ်သူ မန်းဒုံ‌ယောင်းမှာ အနားယူမည်ဖြစ်သည့်အတွက် ဇန်နဝါရီအတွင်းတွင် အလုပ်အမှု‌ဆောင်သစ် ပြန် လည် ‌ရွေးချယ်သွားရန်ရှိ‌ကြောင်း သိရသည်။

Malaysia Karen Organization MKO ကို ၂၀၀၅ခုနှစ်၊ ဇန်နဝါရီ ၃၁ရက်‌နေ့ (ကရင့်‌တော်လှန်‌ရေး‌နေ့)တွင် စတင်ဖွဲ့စည်းခဲ့ပြီး MKO မဖွဲ့စည်းမီကတည်းက မ‌လေးရှားတွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကို ကျင်းပလာခဲ့ရာ ယခုအကြိမ်ဆိုလျှင် ၁၃ကြိမ်ရှိပြီဖြစ်‌ကြောင်း သိရသည်။