Home သတင်း ကျိုက်ထိုမြို့၌ ကရင်နှင့် ပအိုဝ့် စာ‌ပေဘာသာရပ်ကို ‌ကျောင်းချိန်ပြင်ပတွင် စတင်သင်ကြား‌နေပြီ

ကျိုက်ထိုမြို့၌ ကရင်နှင့် ပအိုဝ့် စာ‌ပေဘာသာရပ်ကို ‌ကျောင်းချိန်ပြင်ပတွင် စတင်သင်ကြား‌နေပြီ

2197

ဇန်နဝါရီ ၁၃ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်း‌ရှောင်း

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အ‌ခြေစိုက် ဆိပ္ဖူး‌တောင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီမှ ဦး‌ဆောင်ပြီး တိုင်းရင်း သားစာ‌ပေနှင့် ယဉ်‌ကျေးမှု သင်တန်းဖွင့်လှစ်ကာ စ‌ကောကရင်စာ‌ပေနှင့် ပအိုဝ့်စာ‌ပေကို ‌ကျောင်းချိန်ပြင် ပညာ‌ရေးအဖြစ် ဇန်နဝါရီ ၁၃ ရက်‌နေ့တွင် တွဲဖက်၍ စတင်သင်ကြား ‌ပေး‌နေပြီဖြစ်‌ကြောင်း သိရသည်။

အဆိုပါသင်ကြားမှုများကို ကျိုက်ထိုမြို့ရှိ ဆိပ္ဖူး‌တောင်လူငယ်ဖွံ့ဖြိုး‌ရေး ပရဟိတ‌ဂေဟာ ဘုန်း‌တော်ကြီးသင် ပညာ‌ရေးတွဲဖက် အထက်တန်း‌ကျောင်းတွင် သင်ကြား‌ပေး‌နေပြီး စာ‌ပေသင်ကြားရခြင်းနှင့်ပတ်သက်၍ ဆိပ္ဖူး‌တောင် လူငယ်ဖွံ့ဖြိုး‌ရေး ဦးစီးပဓါနနာယက ဆရာ‌တော် ဦး‌ဇောတိကက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“မြန်မာနိုင်ငံရဲ့ပညာ‌ရေးစနစ်နဲ့အညီ ‌ကျောင်းချိန်ပြင်ပပညာ‌ရေးမှာ ဒို့‌တွေရဲ့ စာ‌ပေ၊ ယဉ်‌ကျေးမှု ပ‌ပျောက် ‌အောင်လို့ ဖွင့်လှစ်သင်ကြား‌ပေးခြင်းဖြစ်ပါတယ်။ အခု ‌ကျောင်းမှာက ကရင်နဲ့ပအိုဝ့်ပဲ အများဆုံးရှိတဲ့အတွက် ဒီနှစ်ခုကို တွဲဖက်သင်ကြား‌ပေးသွားမှာပါ” ဟု‌ကေအိုင်စီသို့‌ပြောသည်။

ထိုသို့ သင်ကြား‌ပေးရာတွင် ဗုဒ္ဓဘာသာစ‌ကောကရင်စာ‌ပေနှင့် ‌ရှေး‌ဟောင်းကရင်စာ‌ပေ(လီကွယ်‌ကော်)၊ ပအိုဝ့် စာ(‌တောင်ကြီးပအိုဝ့်စာ)ကို မူလတန်းအဆင့်မှ စတင်ကာ သက်ဆိုင်ဘာသာရပ်များအတွက် ဆရာမနှစ်ဦးစီမှ သင်ကြား‌ပေးမည်ဖြစ်ပြီး ‌သောကြာ၊ စ‌နေနှင့် တနဂင်္‌နွေ‌နေ့များတွင် ည‌နေ ၄ နာရီခွဲမှ ၅ နာရီခွဲအထိ ပုံမှန် သင်ကြား‌ပေးသွားမည်ဖြစ်သည်ဟု သိရသည်။

၎င်းစာ‌ပေသင်ကြားမှုအပြင် က‌လေးသူငယ်များအား မိမိတို့၏ ရိုးရာယဉ်‌ကျေးမှုမ‌မေ့‌ပျောက်‌စေရန်နှင့် ပိုမို နားလည်ခင်တွယ်‌စေရန်အတွက် ပအိုဝ့်နှင့် ကရင်လူမျိုးတို့၏ ယဉ်‌ကျေးမှုနှင့် သက်ဆိုင်‌သော သင်ကြားမှုများကို ထည့်သွင်းသင်ကြား‌ပေးမည်ဖြစ်‌ကြောင်း ဆိပ္ဖူး‌တောင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီက ‌ပြောဆိုသည်။
10917660_314528328744307_2038518537_n
“ပအိုဝ့်ဆိုလည်း ပအိုဝ့်ယိမ်း‌တွေအပြင် ယဉ်‌ကျေးမှု‌ပေါ့။ ဥပမာ ကရင်ဆိုရင်လည်း ကရင်ဒုံးယိမ်းအက၊ လက်ချည်ပွဲ စတာ‌တွေအပြင် အခြားကရင်ရိုးရာယဉ်‌ကျေးမှုအားလုံးကိုလည်း တတ်ကျွမ်း နားလည်‌အောင် သင်‌ပေးသွားမယ်”ဟု ဆရာ‌တော်ဦး‌ဇောတိကက ဖြည့်စွက်‌ပြောဆိုသည်။

သင်ကြား‌ပေးသည့် စာ‌ပေနှင့်ပတ်သက်၍ ဘုန်း‌တော်ကြီးသင် ပညာ‌ရေး‌ကျောင်းတွင် စာသင်ကြား‌ပေး‌နေသည့် ဆရာမများက ဦး‌ဆောင်သင်ကြား‌ပေးမည်ဖြစ်ကာ လတ်တ‌လောအရ ပအိုဝ့်စာသင်သား (၈၇)ဦးနှင့် ကရင်စာသင်သား (၆၀) ဦးက တက်‌ရောက်ရန် စာရင်း‌ပေးသွင်းထား‌ကြောင်း သိရသည်။

ပအိုဝ့်ဘာသာရပ်ကို သင်ကြား‌ပေးမည့် ဆရာမ နန်းမြင့်မြင့်ဆန်းက “အခု‌ခေတ်‌ရေစီး‌ကြောင်းအရဆိုရင် စာ‌ပေ ယဉ်‌ကျေးမှု‌တွေက တဖြည်းဖြည်း‌ပျောက်ကွယ်လာတဲ့အချိန်မှာ အခုလို ပြန်လည်‌ဖော်ထုတ် သင်ကြား‌ပေးတဲ့ အတွက် ပအိုဝ့်လူမျိုးတစ်‌ယောက်အ‌နေနဲ့ ဝမ်းသာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆိပ္ဖူး‌တောင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီဦး‌ဆောင်၍ ယခင်နှစ်များက တိုင်းရင်းသားစာ‌ပေနှင့် ယဉ်‌ကျေးမှု သင်တန်းဖွင့်လှစ်ခဲ့‌သော်လည်း လပိုင်း‌လောက်သာ ဖွင့်လှစ်၍ သင်တန်းဆင်းပွဲပြုလုပ်ပြီး ယခုအကြိမ်တွင်မူ သင်တန်းဆင်းပွဲမလုပ်‌တော့ဘဲ နှစ်စဉ်ဆက်လက်သင်ကြား‌ပေးသွားမည်ဖြစ်သည်။

ကျိုက်ထိုမြို့နယ်ရှိ ဆိပ္ဖူး‌တောင်လူငယ်ဖွံ့ဖြိုး‌ရေး ပရဟိတ‌ဂေဟာ ဘုန်း‌တော်ကြီးသင် ပညာ‌ရေး‌ကျောင်းကို ၁၉၈၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ကရင်၊ ပအိုဝ့်၊ ပ‌ဒေါင်၊ ပ‌လောင်၊ ရခိုင်၊ ချင်း စသည့်တိုင်းရင်သား ‌ကျောင်းသူ ‌ကျောင်းသား‌ပေါင်း ၆၀ဝ ‌ကျော်အား ပညာသင်ကြား‌ပေးလျှက်ရှိကာ ထိုအထဲတွင် ကရင်လူဦး‌ရေ အများဆုံးဖြစ် ‌ကြောင်း သိရသည်။