KIC News
စာပေယဉ်ကျေးမှုလုပ်ငန်း လုပ်ဆောင်သွားရန် ကရင်ရဟန်းအသင်းကို ကေအဲန်ယူ တိုက်တွန်း
ဇွန် ၃ ရက်၊ ၂၀၁၄ ခုနှစ်။ နန်းချောင်ဖော့
ကရင်အမျိုးသားများရဲ့ စာပေယဉ်ကျေးမှုလုပ်ငန်းကို ဖေးမဦးဆောင် လုပ်ဆောင်သွားကြရန် ကရင်အမျိုး သားရဟန်းတော်အသင်းအား ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ပြည်ထဲရေးနှင့် သာသနာရေး ဌာနမှူး ပဒိုစောအားတိုးက တိုက်တွန်းပြောဆိုလိုက်သည်။
“ကရင်အမျိုးသားတွေဟာ သံဃာအဖွဲ့အစည်းကနေပြီးတော့ ဒါစည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ အမျိုး သားရဲ့ကရင်စာပေယဉ်ကျေးမှုလုပ်ငန်းတွေကို လုပ်ဆောင်သွားဖို့ ဖေးမသွားဖို့၊...
ငြိမ်းချမ်းရေးဖြစ်စဉ် ရလဒ်များအပေါ် KNU ခေါင်းဆောင်များက ပြန်လည်သုံးသပ်
ဇွန် ၃ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(KNU)က လက်ရှိ ဖော်ဆောင်နေသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်သည့် ဆွေးနွေးမှုတစ်ခုကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် ဇွန်လ ၁ရက်နေ့က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးမှုတွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးဆိုင်ရာ ဆွေးနွေးမှုများမှ ရရှိလာသောရလဒ်များကို အဓိကထား ပြန်လည်ဆွေးနွေးဖြစ်ခဲ့ပြီး ရှေ့ဆက်လုပ်ဆောင်သင့်သည့်...
ကရင်အမျိုးသားစည်းလုံးညီညွှတ်မှု နှီးနှောဖလှယ်ပွဲနဲ့ သူတို့အမြင်
မန်းရောဘတ်ဘဇန် (အမေရိကန်နိုင်ငံ၊ မင်နီဆိုးတားပြည်နယ်)
စည်းလုံးညီညွှတ်မှုက ကရင့်လူအဖွဲ့အစည်းက အမျိုးမျိုးဖြစ်နေတာကိုး။ မျိုးနွယ်စုအရလည်းကွဲ။ ဘာသာရေးအရလည်းကွဲ။ ဒေသအရလည်းကွဲနေတော့ ခပ်မြန်မြန်စုနိုင်ဖို့ ခက်ခဲပါသေးတယ်။ ဘုံလုပ်ငန်းစဉ်တွေကို တက်ညီလက်ညီ ဝိုင်းလုပ်ကြရင် ရနိုင် ပါတယ်။ အခုဟာ လက်နက်ကိုင်တပ်တွေက ဥပမာဆိုလို့ရှိရင် ဘီဂျီအက်ဖ်က ရဲဘော်တွေ။ ဒီကေဘီအေက ရဲဘော်တွေ တော် တော်ကောင်းတဲ့...
ကရင်လက်နက်ကိုင် တစ်ဖွဲ့တည်းဖြစ်ရန် ကရင်လူထုများ လက်မှတ်ထိုးတောင်းဆို
ဇွန် ၂ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ကရင်လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စုစုစည်းစည်း ပြန်လည်ပေါင်းစည်းကာ တစ်ဖွဲ့တည်းသော ကရင်လက်နက်ကိုင် အဖွဲ့အဖြစ် လိုလားသည်ဟု ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်မြောက်ပိုင်းရှိ ကရင်လူထုများက ကရင်လက်နက်ကိုင်အဖွဲ့များ သို့ မေ ၃၁ရက်နေ့က လက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။
ထိုနေ့က ကော့ကရိတ်မြောက်ပိုင်းရှိ နဘူးကျေးရွာအုပ်စု၊ ထို့ကော်ကိုး...
စစ်ပြယုဂ်နဲ့ အနာဂတ်မဲ့ သစ္စာအေးမြိုင်
စဖန်းရှောင်း
(ဇွန် ၁ရက်၊ ၂၀၁၄ခုနှစ်)
ကရင်ပြည်နယ်ရဲ့ မြို့တော် ဖားအံမြို့မြောက်ဘက်ကနေ ကားနဲ့ ၂နာရီကျော်ကြာ ခရီးရှိတဲ့ လှိုုင်းဘွဲမြို့နယ် မအဲ့ကျေးရွာအုပ်စု၊ တောင်ဆုံးတောင်ခြေအောက်မှာရှိတဲ့ သစ္စာအေးမြိုင် စစ်မှုထမ်းဟောင်း အိမ်ရာလေး ဖြစ်ပါတယ်။ ကရင်တိုင်းရင်းသား အများစု ပါဝင်တဲ့ ယခင် ဒီကေဘီအေ တပ်ဖွဲ့ဝင်ဟောင်းမိသားစုတွေ၊ စစ်ပွဲကြောင့် ကိုယ်လက်အဂင်္ါချို့ယွင်းသွားသူတွေ သီးသန့်နေထိုင်...
အမျိုးသားရည်မှန်းချက်အတွက် အလွှာစုံ ကရင်လူမျိုးများ ညီညွှတ်စွာ လုပ်ဆောင်ရန်ဆုံးဖြတ်
ဇွန် ၁ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း၊ နန်းဝေဖြိုးဇာ
စည်းလုံးရေးကို အခြေခံသော ကရင်အမျိုးသား ရည်မှန်းချက်ပန်းတိုင် ရောက်ရှိစေရန်အတွက် ပြည်တွင်းပြည်ပရှိ အလွှာစုံ ကရင်အမျိုးသားများ ညီညွတ်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၁ဝကြိမ်မြောက် ကရင်အမျိုးသားစည်းလုံးညီညွတ်ရေး နှီးနှောဖလှယ်ပွဲတွင် သဘောတူဆုံးဖြတ်လိုက်သည်။
ယင်းနှီးနှောဖလှယ်ပွဲကို မေ ၂၈ရက်မှ ၃၁ရက်နေ့အထိ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ထိန်းချုပ်နယ်မြေ ဖားအံ...
အပစ်အခတ်ရပ်စဲရေးကို အချိန်သတ်မှတ်ထားရန်လိုကြောင်း မန်းရောဘတ်ဘဇန် ပြောဆို
မေလ ၃၁ရက်။ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)အနေဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ဆောင်ရာတွင် အချိန်ကာလ သတ်မှတ်ထားရန် လိုအပ်ကြောင်း ကေအဲန်ယူ ဥက္ကဌဟောင်း မန်းဘဇန်၏ သားလည်းဖြစ်၊ အမေရိကန်နိုင်ငံ ရောက် မီနီဆိုးတား ကရင်ကွန်မြူနီတီ နာယကလည်းဖြစ်သူ မန်းရောဘတ် ဘဇန်က ပြောဆိုလိုက်သည်။
ကရင်ပြည်နယ် ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေ၊ လောခီးလာဌာနချုပ်တွင်...
မတူကွဲပြားမှုကို အခြေခံတန်ဖိုးအဖြစ် ညီညွတ်မှုတည်ဆောက်ရန် ကေအဲန်ယူ ဥက္ကဌ တိုက်တွန်း
မေ ၂၉ ရက်၊ ၂၀၁၄ ခုနှစ်။ စောထွန်းလင်း
ကရင်အမျိုသား စည်းလုံးညီညွတ်ရေးကို တည်ဆောက်ရာတွင် မတူကွဲပြားမှုကို အခြေခံတန်ဖိုးအဖြစ် အလေးထား လုပ်ဆောင်ကြရန်လိုကြောင်း ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုးက တိုက်တွန်းပြောဆိုလိုက်သည်။
ကေအဲန်ယူ၊ ဖားအံခရိုင် လော်ခီးလာ(လေးဝါးစခန်း)တွင် မေ ၂၈ရက်နေ့က စတင်ကျင်းပသည့် (၁၀)ကြိမ်မြောက်...
ဖယ်ဒရယ်စနစ်ဖြစ်ပေါ်လာရေးအတွက် အခြေခံဥပဒေပြင်ရန် လိုအပ်ဟု မင်းကိုနိုင်ပြော
မေ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် တိုင်းရင်းသားများ တောင်းဆိုနေသည့် ဖယ်ဒရယ်ပြည်ထောင်စုစနစ် ဖြစ်ပေါ် လာရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လိုအပ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နှင့် ပွင့်လင်းလူအဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်က မေ ၂၈ရက်နေ့တွင် ပြောဆိုလိုက်သည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ပါရှိသည့်...
လက်ကျန်နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရန် AAPP နှင့် FPPS တို့ တောင်းဆို
မေ ၂၈ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်းရှောင်း
လက်ရှိမြန်မာနိုင်ငံရှိအကျဉ်ထောင်များတွင် ကျန်ရှိနေသေးသော အကျဉ်းသားများကို လွှတ်ပေးရန် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP)နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(FPPS)တို့မှ မေ ၂၇ရက်နေ့စွဲဖြင့် ပူးတွဲကြေငြာချက်တစ်စောင်ထုတ်ပြန်တောင်းဆိုခဲ့သည်။
နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်သွားပြီဖြစ်ကြောင်း အစိုးရ ကပြောဆိုထားသော်လည်း လက်ရှိ ကာလတွင် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကျဉ်းထောင်များထဲတွင် နိုင်ငံရေးအကျဉ်းသား...














