Home သတင်း နယ်စပ်ရှိ မြန်မာဒုက္ခသည် လူဦး‌ရေစာရင်း ‌ကောက်ခံရန် UNHCR နှင့် ထိုင်းပြည်ထဲ‌ရေးဋ္ဌာနတို့ စီစဉ်

နယ်စပ်ရှိ မြန်မာဒုက္ခသည် လူဦး‌ရေစာရင်း ‌ကောက်ခံရန် UNHCR နှင့် ထိုင်းပြည်ထဲ‌ရေးဋ္ဌာနတို့ စီစဉ်

1879

ဇန်နဝါရီ ၁၂ရက်။ ၂၀၁၅ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ မြန်မာဒုက္ခသည်များ၏ လူဦး‌ရေစာရင်းအတိအကျ သိရှိရန် ရည်ရွယ်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)နှင့် ထိုင်းပြည်ထဲ‌ရေးဋ္ဌာန(MOI)တို့ ပူး‌ပေါင်းပြီး လာမည့် ‌ဖေ‌ဖော်ဝါရီလ တွင် လူဦး‌ရေစာရင်း ‌ကောက်ခံသွားရန် စီစဉ်‌နေသည်ဟု ဒုက္ခသည်ဆိုင်ရာ တာဝန်ရှိသူများက ‌ပြောသည်။

ကရင်ဒုက္ခသည်‌ကော်မတီ(KRC) ဥက္ကဌ ‌စော‌ရောဘတ်‌ထွေးက “UNHCR နဲ့ MOI တို့‌ပေါင်းပြီး နယ်စပ်မှာရှိတဲ့ ဒုက္ခသည် စခန်းအားလုံးမှာ စာရင်း‌ကောက်ခံသွားမယ်။ နိုင်ငံခြားသွားဖို့နဲ့ ‌နေရပ်ပြန်ပို့ဖို့အတွက် မဟုတ်ပါဘူး။ မှတ်တမ်းယူထားဖို့ စာရင်း‌ကောက်ခံတာသက်သက်ပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ‌ကောက်ခံရာတွင် UNHCR အသိအမှတ်ပြု လက်မှတ်ရှိသူနှင့် လက်မှတ်မရှိသူ(လူသစ်၊ လူ‌ဟောင်း)ခွဲ၍ ‌ကောက်ခံ သွားမည်ဖြစ်ပြီး အကယ်၍ စခန်း၌ နာမည်ရှိပြီး လူမရှိပါက နာမည်ပယ်ဖျက်မဖျက်ကိုမူ မသိရှိရ‌သေး‌ကြောင်း ‌စော‌ရော ဘတ်‌ထွေးက ဆက်‌ပြောသည်။

ဒုက္ခသည်လူဦး‌ရေစာရင်း ‌ကောက်ခံသွားမည့် အစီအစဉ်နှင့်ပတ်သက်၍ UNHCR တာဝန်ရှိသူများနှင့် စခန်းတာဝန်ရှိသူများ ပူး‌ပေါင်းကာ ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်ရှိ မြန်မာဒုက္ခသည်စခန်းအချို့တွင် ကွင်းဆင်း လာ‌ရောက်အသိ‌ပေးမှုများကို ယခုရက်ပိုင်းအတွင်း လုပ်‌ဆောင်‌နေပြီဖြစ်သည်ဟုလည်း ဒုက္ခသည်စခန်း တာဝန်ရှိသူများက ‌ပြောသည်။

ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်၊ ထာ့‌ဆောင်ယန်းမြို့နယ်ရှိ လူဦး‌ရေ ၄‌သောင်း‌ကျော် ‌နေထိုင်‌သော မယ်လဒုက္ခသည်စခန်း၏ စခန်း ဥက္ကဋ္ဌဖြစ်သူ ‌စော‌အောနက်က “စာရင်း‌ကောက်ခံမယ့်ကိစ္စနဲ့ပတ်သက်ပြီး မယ်လက ဇုံ(‌အေ)နဲ့ဇုံ(ဘီ)‌တွေမှာ လာချပြ‌နေပြီ။ စာရင်း‌ကောက်တဲ့အခါ ၁၁နှစ်အထက်ရှိတဲ့လူ‌တွေကို ဓာတ်ပုံရိုက်မယ်။ နာမည်(ဆိုင်းထိုး)မယ်။ ပြီးရင် ကဒ်တစ်ခုထုတ်‌ပေး မယ်လို့‌ပြောတယ်။ ‌လော‌လောဆယ် ပြည်သူ‌တွေကို လာပြီး ‌ပြောပြတဲ့သ‌ဘောပါပဲ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မယ်‌ဟောင်‌ဆောင်ခရိုင်ရှိ ကရင်နီဒုက္ခသည်များ‌ကော်မတီ အတွင်း‌ရေးမှူး(၁) ‌နော်ထူးလွဲကမူ ယခု ဒုက္ခသည်စခန်းစာရင်း‌ကောက်ခံမှုမှာ ဒုက္ခသည်များအတွက် အကျိုးသက်‌ရောက်မှု တစုံတရာရှိလာလိမ့်မည်ဟု သုံးသပ် ‌ပြောဆိုသည်။

“တတိယနိုင်ငံသွားဖို့နဲ့ ‌နေရပြန်ပို့ဖို့ အစီအစဉ်မရှိဘူးလို့ ‌ပြော‌ပေမယ့် ဒုက္ခသည်စာရင်း ပြန်လည်‌ကောက်မှု‌တွေ လုပ် ‌ဆောင်တာဟာ စဉ်းစားစရာ‌တွေ‌တော့ဖြစ်တာ‌ပေါ့‌နော်။ ဒါ‌ပေမယ့် ဒုက္ခသည်‌တွေကို စာရင်းအတိအကျ ပြန်လည်‌ကောက်ခံ ခြင်းအားဖြင့် တကယ်လို့ စခန်းအပြင်ဘက်မှာ ဒုက္ခသည်‌တွေ အဖမ်းခံရရင် ဥပ‌ဒေအရ ကာကွယ်‌ပေးနိုင်မယ်လို့ ထင်တယ်”ဟု ‌နော်ထူးလွဲက ‌ပြောဆိုသည်။

ထိုင်း-မြန်မာနယ်စပ်တ‌လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ဘန့်ဒုံယမ်း၊ ထမ့်ဟင်၊ ကရင်နီအမှတ် (၁)နှင့် အမှတ်(၂)စသည့် မြန်မာဒုက္ခသည်စခန်း(၉)ခု၌ လူဦး‌ရေ ၁သိန်း‌ကျော်ရှိပြီး လူဦး‌ရေ စာရင်း‌ကောက်ခံမှုကို လွန်ခဲ့ သည့် ၁၉၉၇၊ ၂၀၀၁၊ ၂၀၀၅၊ ၂၀၀၇နှင့် ၂၀၁၄ခုနှစ်များတွင်လည်း သက်ဆိုင်ရာ ထိုင်းအာဏာပိုင်နှင့် UNHCR တို့မှ လုပ် ‌ဆောင်ခဲ့ပြီးပြီဟု ဒုက္ခသည်တာဝန်ရှိသူများ၏ ‌ပြောပြချက်အရ သိရသည်။