Home သတင်း မယ်‌တော်‌ဆေးခန်းကို မတ်လအတွင်း ‌ပြောင်း‌ရွှေ့ဖွင့်လှစ်နိုင်ရန် စီစဉ်‌နေ

မယ်‌တော်‌ဆေးခန်းကို မတ်လအတွင်း ‌ပြောင်း‌ရွှေ့ဖွင့်လှစ်နိုင်ရန် စီစဉ်‌နေ

1673

မယ်‌တော်‌ဆေးခန်း အ‌ဆောင်သစ်

ဇန်နဝါရီ ၉ရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် မယ်‌တော်‌ဆေးခန်းကို လုပ်ငန်း ဆက်လက်လည်ပတ်နိုင်‌ရေးအတွက် မဲ‌ဆောက်မြို့ပြင်ဘက်ရှိ ‌ဆောက်လုပ်‌နေဆဲဖြစ်‌သော အ‌ဆောက်အဦးတည်ရှိရာ ‌နေရာသစ်သို့ ယခုနှစ်၊ မတ်လအတွင်း ‌ပြောင်း‌ရွှေ့လှစ်နိုင်ရန် စီစဉ်‌နေ သည်ဟု မယ်‌တော်‌ဆေးခန်း၏ ‌ပြောင်း‌ရွှေ့‌ရေးမန်‌နေဂျာဖြစ်သူ ‌စောထီးမူထူးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“မတ်လအတွင်းမှာ အပြီး‌ပြောင်း‌ရွှေ့ဖို့ ကျ‌နော်တို့ လျာထားပါတယ်။ ‌နေရာသစ်ဟာ ‌ပြောင်း‌ရွှေ့နိုင်ဖို့ အ‌ဆောက်အဦးနဲ့ ‌ရေ‌မြောင်း‌ဖောက်လုပ်မှု လုပ်‌နေဆဲပါ။ အခက်အခဲများရင်‌တော့ နည်းနည်း‌နောက်ကျမယ်။ ‌ရေ‌မြောင်းဆိုတာက‌တော့ အဓိက ပတ်ဝန်းကျင်ညစ်ညမ်းမှုနဲ့ဆိုင်‌တော့ ‌သေချာလုပ်ရတဲ့အပိုင်းမှာ ရှိပါတယ်”ဟု ‌စောထီးမူထူးက ‌ပြောသည်။

၎င်းအပြင် ‌ဆေးခန်း‌ပြောင်း‌ရွှေ့ဖွင့်လှစ်နိုင်ရန် လမ်း‌ဖောက်လုပ်မှုများနှင့် မီးသွယ်တန်းတပ်ဆင်မှုများ၊ ‌ရေတပ်ဆင်မှုများအပြင် ပြီးပြည့်စုံသည့် အခြား‌သောပြင်ဆင်မှုများ ပြီးပြတ်သွားသည်နှင့်တပြိုင်နက် ‌ပြောင်း‌ရွှေ့သွားမည်ဖြစ်သည်ဟု ‌စောထီးမူထူးက ဆက်‌ပြောသည်။

‌ဆေးခန်း‌ပြောင်း‌ရွှေ့ဖွင့်လှစ်မည့်‌မြေ‌နေရာမှာ လက်ရှိ ‌ဆေးခန်း‌နေရာ၏ အ‌ရှေ့ဘက်အနည်းငယ် ကွာ‌ဝေး‌သော ‌နေရာတွင်တည်ရှိ ပြီး ‌မြေ‌နေရာအကျယ်အားဖြင့် ၁၅ဧကခန့်ရှိကာ အလှူရှင်တစ်ဦးမှ ‌နှောင်ကြိုးမဲ့လှူဒါန်းထား‌သော ‌မြေ‌နေရာနှင့် နိုင်ငံတကာ ‌ထောက်ပံ့‌ငွေ‌ကြေးအချို့ဖြင့် ဝယ်ယူထား‌သော ‌မြေ‌နေရာများဖြစ်သည်ဟု သိရသည်။

‌ဆေးခန်း‌ပြောင်း‌ရွှေ့‌ဆောက်လုပ်ရန်အတွက် အ‌ဆောက်အဦးအသစ် ‌ဆောက်လုပ်မှုကို ၂၀၁၄ခုနှစ်၊ ဧပြီလမှစ၍ ဂျပန်အစိုးရ၏ အကူအညီဖြင့် စတင်ခဲ့ပြီး ယခုဆိုလျှင် က‌လေးကာကွယ်‌စောင့်‌ရှောက်‌ရေးဌာန၊ ‌ဆေးဝါးသို‌လှောင်သည့်ဌာန စသည့်ဌာနများ ပါဝင်သည့် အ‌ဆောင် ၃‌ဆောင် ပြီးစီး‌နေပြီဖြစ်သည်။

အခမဲ့ ‌ဆေးကုသ‌ပေး‌နေသည့် မယ်‌တော်‌ဆေးခန်းသည် ပြည်တွင်းနှင့် နယ်စပ်တ‌လျှောက်ရှိ ‌နေ့စဉ် ‌ဆေးလာ‌ရောက်ကုသသူ ‌ပေါင်း ပျမ်းမျှတစ်ရက်လျှင် (၃၅၀)ခန့်ရှိ‌ကြောင်း လူနာလက်မှတ် မှတ်ပုံတင်ဌာန တာဝန်ခံ ကို‌အောင်မျိုးက ‌ပြောသည်။

ကို‌အောင်မျိုးက “လူ‌တွေက ဒီ‌နေရာအသစ်ကို သိပ်မသိကြ‌သေးဘူး။ ‌နောက်ပြီး အသွားအလာအရကလည်း အခု‌လောက် မ‌ကောင်းဘူး။ နည်းနည်းအလှမ်း‌ဝေးတဲ့ အ‌နေအထား‌ကြောင့် ‌ဆေးခန်း‌နေရာအသစ် ‌ရွှေ့မယ်ဆိုရင် အစပိုင်းမှာ လူနာဦး‌ရေ နည်းနိုင်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မယ်‌တော်‌ဆေးခန်းကို ၁၉၈၉ခုနှစ်က ဖွင့်လှစ်ခဲ့ပြီးမှစ၍ ယ‌နေ့အချိန်အထိ ပြည်တွင်းနှင့် ထိုင်း-မြန်မာနယ်စပ်တ‌လျှောက် ‌ဆေး လာ‌ရောက်ကုသသည့်လူနာများ ‌နေ့စဉ်ရှိကာ မယ်‌တော်‌ဆေးခန်း၏ ၂၀၁၃ခုနှစ်၊ စာရင်းအရ တနှစ်အတွင်း ‌ဆေးလာ‌ရောက် ကုသသူ‌ပေါင်း တစ်သိန်း‌ကျော်ရှိ‌ကြောင်း သိရသည်။