Home သတင်း ကရင်ပြည်နယ်အတွင်းတွင် ကရင်ပါတီသစ်တစ်ခု တည်‌ထောင်မည်

ကရင်ပြည်နယ်အတွင်းတွင် ကရင်ပါတီသစ်တစ်ခု တည်‌ထောင်မည်

1510

ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၅ခုနှစ်။ ‌စောညွန့်‌သောင်း

အရည်အချင်းပြည့်မီသည့် ကရင်လွှတ်‌တော်ကိုယ်စားလှယ်များ ထွက်‌ပေါ်လာရန် ရည်ရွယ်၍ ကရင်ပြည်နယ် တွင် ညီညွတ်‌သော ကရင်ဒီမိုကရက် တစ်ပါတီ (Kayin Unity Democratic Party-KUDP) အမည်ရှိ နိုင်ငံ‌ရေးပါတီသစ် တစ်ခုကို ယခု ဇန်နဝါရီလအတွင်း တည်‌ထောင်ရန် ရှိသည်ဟု သိရသည်။

ပါတီသစ်တည်‌ထောင်ရန် ကြိုးပမ်းလျှက်ရှိသည့် ကရင်ပြည်နယ်၊ ဖားအံမြို့အ‌ခြေစိုက်သူတစ်ဦးဖြစ်သည့် ဦးမြတ်စိုးက လက်ရှိအချိန်တွင် ပါတီတည်‌ထောင်နိုင်‌ရေးအတွက် ပါတီတည်‌ထောင်လိုသူဦး‌ရေများကို လိုက်လံရှာ‌ဖွေပြီး ဇန်နဝါရီလအတွင်း ပါတီတည်‌ထောင်ခွင့် အပြီးသတ်တင်ကာ ပါတီ၏ မူဝါဒများ၊ အမှတ်တံဆိတ်များ၊ ဖွဲ့စည်းပုံများ‌ရေးဆွဲသွားမည်ဖြစ်သည်ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဦးမြတ်စိုးက “အခု ပါတီသစ်တည်‌ထောင်ဖို့ စိတ်ဝင်စားတဲ့လူ‌တွေကို ကျ‌နော်တို့ လိုက်လံစုစည်း‌နေတုန်းပဲ။ ‌လေး၊ ငါး‌ယောက်‌တော့ ရှိထားတယ်။ လူ‌တွေ များလာရင်‌တော့ ပါတီတည်‌ထောင်‌ရေး ကျ‌နော်တို့ ဆက်လုပ်သွားမယ်”ဟု ‌ပြောသည်။

ယခုလို ပါတီသစ် တည်‌ထောင်မည့်အ‌ပေါ် ဖားအံမြို့ခံ တစ်ဦးဖြစ်သူ ကရင်ဒုံးဆရာ ‌စောမြင့်သူက ကရင် ပြည်နယ်သူ၊ ပြည်နယ်သားများအကျိုးစီးပွားအတွက် လုပ်‌ဆောင်နိုင်ရန် ကရင်နိုင်ငံပါတီ တစ်ပါတီသာ ဖြစ်ရန် ကြိုးစား‌နေချိန်တွင် ‌နောက်ထပ် ကရင်နိုင်ငံပါတီသစ် တစ်ပါတီတည်‌ထောင်ခြင်းသည် မဖြစ်သင့်‌ကြောင်း ‌ပြောဆိုသည်။

“ကရင်နိုင်ငံ‌ရေးပါတီများလာခြင်းအားဖြင့် ညီညွတ်မှုမရှိ ဖြစ်‌နေတယ်ဆိုတာ ပြဿ‌နေပါတယ်။ ဒီလိုမျိုး လုပ်လိုက်ခြင်းဟာ ကရင်ပြည်နယ်သူပြည် နယ်သားများအား ‌ဝေဝါး‌အောင် လုပ်လိုက်တာပဲလို့ မြင်တယ်”ဟု ‌စောမြင့်သူက ‌ပြောသည်။

ဖားအံအ‌ခြေစိုက် ကရင်ပါတီတစ်ခုဖြစ်သည့် ကရင်ဒီမိုကရက်တစ်ပါတီ(KDP)ဥက္ကဌ ‌စောရဲဝင်းနိုင်ကလည်း “အခုတည်‌ထောင်မယ့် ကရင်နိုင်ငံ‌ရေးပါတီက ‌နေရာတစ်‌နေရာဝင်ယူဖို့ပဲလို့‌တော့ ကျ‌နော်မြင်တယ်။ ‌ဒေသခံကရင်ပြည်သူလူထု‌တွေ လက်ခံဖို့ကလည်း လိုပါ‌သေးတယ်”ဟု ‌ပြောသည်။

ညီညွတ်‌သောကရင်ဒီမိုကရက်တစ်ပါတီ(KUDP) တည်‌ထောင်မည့် ဦးမြတ်စိုးအပါအဝင် အ‌ပေါင်းအ‌ဖော်အချို့ သည် ဖားအံမြို့နယ်၊ မဲ‌ဘောင်ရွာ၌ ယခုလ ဇန်နဝါရီ ၄ ရက်‌နေ့တွင် ‌ဒေသခံလူထုအား ‌ခေါ်ယူ‌တွေ့ဆုံ‌ဆွေး‌နွေး ခဲ့ကြသည်ဟု သိရသည်။

လက်ရှိ ကရင်ပြည်နယ်တွင် ဖလုံ-စ‌ဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)၊ ကရင်ပြည်နယ်ဒီမိုက‌ရေစီနှင့်ဖွံ့ဖြိုး တိုးတက်‌ရေးပါတီ(KSDDP)၊ ကရင်ဒီမိုကရက်တစ်ပါတီ(KDP) စသည့် ကရင်ပါတီ သုံးခု တည်ရှိသည်။