KIC News
ဆွစ်ဇာလန်နိုင်ငံက ကိုယ်ထူကိုယ်ထ ကရင်စာသင်ကျောင်းကို ဆောက်လုပ်လှူဒါန်း
ဧပြီ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ဆွစ်ဇာလန်နိုင်ငံ၏ ဖွံ့ဖြိုးမှုနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီမှ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ကျေးရွာများ ၌ ရှိနှင့်ထားပြီးဖြစ်သည့် ကိုယ်ထူကိုယ်ထ မူလတန်းကျောင်းများကို အဆောက်အဦးသစ်များဖြင့် ဆောက်လုပ်ပေး ကာ လာရောက်လှူဒါန်းသွားသည်ဟု သိရသည်။
၎င်းကျောင်းများကို ZMCC ကုမ္ပဏီနှင့် CECC ကုမ္ပဏီ ဆောက်လုပ်ရေးအဖွဲ့တို့မှ တာဝန်ယူဆောက်လုပ်ပေးနေပြီး...
ကရင်အမျိုးသားပါတီတည်ထောင်ရန် ဦးဆောင်သူ ၁၅ဦး ရွေးချယ်
ဧပြီ ၂၉ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
‘ကရင်အမျိုးသားပါတီ’အမည်ရှိ ပါတီတစ်ခုကို တည်ထောင်ရန် ဦးဆောင်သူ ၁၅ဦးကို ဧပြီ ၂၇ရက်နေ့က ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်၊ ပေတောကျေးရွာ၌ ပြုလုပ်သည့် ပါတီတည်ထောင်ရေးလူထုတွေ့ဆုံပွဲတွင် ရွေးချယ်လိုက်ပြီဖြစ်ကြောင်း ပါတီဖြစ်မြောက်ရေးအတွက် ဦးဆောင်လုပ်ကိုင်နေသူများက ပြောသည်။
ယင်းသို့ ရွေးချယ်လိုက်သည့် ၁၅ဦးမှာ ရန်ကုန်တိုင်းဒေသကြီးမှ မန်းသိန်းရွှေ၊ မန်းကျော်ငြိမ်း၊...
ကေအဲန်ယူ တပ်မဟာ(၇)က တန်ဖိုးနည်းအိမ်ရာ အလုံး ၁၀ဝ တည်ဆောက်မည်
ဧပြီ ၂၈ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ်တွင် နေထိုင်လျက်ရှိသည့် ကရင်ဒုက္ခသည်များနေရပ်ပြန်လာသည့်အခါ နေထိုင်နိုင်ရန်အတွက် ကရင်အမျိုး သားအစည်းအရုံး(ကေအဲန်ယူ) တပ်မဟာ(၇)က ဦးစီးပြီး ၎င်းတို့၏ ထိန်းချုပ်နယ်မြေ မော်ဖိုးကေနှင့် မဲ့သရိဒေသများ တွင် တန်ဖိုးနည်း အိမ်အလုံး ၁၀ဝကို ဆောက်လုပ်ပေးသွားမည်ဟု သိရှိရသည်။
ကေအဲန်ယူ တပ်မဟာ(၇)၏...
ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း ဖားအံဒေသခံ လယ်သမားအဖွဲ့များကို လာရောက်တွေ့ဆုံ
ဧပြီ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
လယ်ယာမြေသိမ်းဆည်းခံရမှုကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် ရည်ရွယ်ပြီး ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက ဧပြီ ၂၆ ရက်နေ့၌ ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ခန်းမတွင် ဒေသခံဖားအံ လယ်သမားအဖွဲ့များကို လာရောက်တွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် ဒေသခံများက မိမိတို့၏ လယ်ယာမြေများ သိမ်းဆည်းခံရသည့် ကိစ္စရပ်များကို...
ကရင်ပြည်နယ်တွင် မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုနှုန်း ဆက်တိုက် မြှင့်တက်
ဧပြီ ၂၈ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ခြင်းထိစပ်နေသည့် ကရင်ပြည်နယ်တွင် မူးယစ်ဆေးဝါးနှင့်ပတ်သက်၍ ဖမ်းဆီးရရှိမှုနှုန်းမှာ တနှစ်ထက် တနှစ် ဆက်တိုက် မြှင့်တက်လာနေကြောင်း ပြည်နယ်ရဲတပ်ဖွဲ့ရုံး၏ စာရင်းများအရ သိရှိရသည်။
ကရင်ပြည်နယ်အတွင်းရှိ ဖားအံ၊ ဖာပွန်၊ ကော့ကရိတ်၊ မြဝတီခရိုင် လေးခုတွင် မူးယစ်ဆေး ဖမ်းဆီးရမှုမှာ ၂၀၁ဝခုနှစ်တွင် ၅၉...
အယ်ဒီတာ့အာဘော်
ငြိမ်းချမ်းရေးခြေလှမ်းများ တည်တံ့ခိုင်မာစေဖို့
အတာကူး၍ နှစ်သစ်ပြောင်းလာသည့်တိုင် မြန်မာပြည်၏ ငြိမ်းချမ်းရေးခြေလှမ်းမှာ မငြိမ်းအေးသေးသော စစ်ရေး၊ လူမှုရေး ပဋိ ပက္ခများကို ယူဆောင်လာနေဆဲဖြစ်သည်။ အချို့က ယုံကြည်ရလောက်သော အပစ်အခတ်ရပ်စဲပြီးမှသာ နိုင်ငံရေးစကားဝိုင်း စတင် သင့်သည် သို့မဟုတ် နိုင်ငံရေး ဆွေးနွေးပွဲကို အရင်လုပ်ဆောင်ပြီးမှ အပစ်ရပ်ခြင်း ပြုလုပ်သင့်သည်ဟူ၍ မတူညီကြ...
အစိုးရက မဟာဗျူဟာမြောက် ထိုးစစ်ကြီးဆင်နေကြောင်း UNFC ကန့်ကွက်ပြောဆို
ဧပြီ ၂၇ရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့ ၃ခုကို ယခု ဧပြီလဆန်းပိုင်းမှ စ၍ မြန်မာအစိုးရစစ်တပ်က မဟာဗျူဟာမြောက် အသွင်ဆောင်သည့် စစ်ဆင်ရေးကြီး ဆင်နွဲနေသည်ဟု ညီညွှတ်သော တိုင်း ရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ(UNFC)က ဧပြီလ ၂၃ရက်နေ့တွင် ကြေညာချက်...
တော်လှန်ရေးသတိ
(လကင်္ာဒီပ)
ပူလောင်တဲ့ ညနေခင်း
ငြင်းရရဲ့နဲ့ ငြင်းချက်မထုတ်ခဲ့တဲ့အမှု
ဗဟိုပြုခဲ့ကြ ညီညွတ်ရေး
ခပ်ရေးရေးရေးသာထင်
ပြင်ရင်းပြင်ရင်း အမှားရွေး
ပထွေးအားကျ ကျွှန်ပါးဝကြပြီလေ
မိုးခါးရေ မင်းလည်း သောက်အုံးမလား။
ဒီမှာ ရဲဘော်..........
အဆုံးစမဲ့ မိုးသားကောင်းကင်ကြီးထဲ
တိုက်လှဲတွန်းဖြိုသွားခံရ
လောကဓံမြစ်ကြမ်းတစ်လျှောက်မှာ
မထိတ်သာမလန့်သာ ကြီးထွား
ကမ်းနားသစ်ပင်ဘဝလို မရေရာ
ရှင်သန်ကြရာ အချိန်တွေစပ်ကြား
ဟေ့...ဘုရားသခင်ရဲ့ကယ်တင်ခြင်းလည်း မလိုချင်ပေ
မဝရေစာနဲ့ ခွေးပြေးဝက်ပြေး
ဘဝဆွေးတွေကပဲ ကျွတ်ချင်မိတယ်။
ဒီမှာရဲဘော်..........
ရွှေရုပ်ပေးမယ် ငွေရုပ်ပေးမယ်
အညှာလွယ်ရင် ဆက်ညာမယ်
တကယ်ပဲ ဘကြီးအောင်ညာတယ်
ဘယ်လိုရယ် မက်လုံးတွေ ပေးစမ်းပါစေ
မတွေနဲ့ မဝေနဲ့
အတုနဲ့အစစ် ကွဲပြားခွဲခြားကြစမ်းပါ
သံသရာ...
ကရင်ပြည်နယ် ကော့မူးတာကျေးရွာတွင် မြေလမ်းသစ်ဖွင့်လှစ်ပွဲ ပြုလုပ်
ဧပြီ ၂၅ရက်၊ ၂၀၁၄ခုနှစ်။ စောညွန့်သောင်း
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်၊ ကော့မူးတာကျေးရွာတွင် ပြည်ထောင်စုလွှတ်တော်မှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းရန်ပုံငွေဖြင့် လွှတ်တော်ကိုယ်စားလှယ်နှင့် ဒေသခံများ ပါဝင်ပူးပေါင်းသော လမ်းသစ်ဖွင့်ပွဲတစ်ရပ်ကို ယမန်နေ့က ပြုလုပ်ကျင်းပခဲ့သည်။
အိမ်ခြေ ၃၀၀ကျော်ရှိ ကော့မူးတာကျေးရွာအလယ်ကို ဖြတ်သန်းဖောက်လုပ်ထားသည့် အကျယ် ၁၀ပေနှင့် အရှည်ပေ ၇ထောင် ကျော်ရှိသော အဆိုပါလမ်းသစ်ကို...
လူငယ်များ၏ စကားလက်ဆောင်
နော်မာဂရက်ဖော ၂၈နှစ်
ဝါသနာ စာသင်ကြားမှု
ပညာ ဥပဒေ(နောက်ဆုံးနှစ်)
ကျမက မွန်ပြည်နယ်၊ ပျဉ်းမပင်ဆိပ်ရွာမှာ နေပါတယ်။ ကျမမှာ မွေးချင်းမောင်နှမ ၅ ယောက်ရှိပါတယ်။ အဲဒီထဲမှာ ကျမက သုံးယောက်မြောက်သမီးပါ။ မိဘတွေကတော့ ဆုံးသွားကြပြီ။ ငယ်ငယ်တုန်းကတော့ ကျောင်းပညာနဲ့ပတ်သက်ပြီး မူလတန်းကနေ အလယ်တန်းပြီးတဲ့အထိ ပျဉ်းမပင်ဆိပ်ရွာမှာပဲ နေပါတယ်။ အဲဒီကနေတဆင့် မွန်ပြည်နယ်၊ လေးကေကျေးရွာ အထက်တန်းကျောင်းမှာ ဆက်လက်...













