Home သတင်း ပထမဦးဆုံးအကြိမ် ကရင်စာသင် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း ‌မှော်ဘီတွင် ဖွင့်မည်

ပထမဦးဆုံးအကြိမ် ကရင်စာသင် ဆရာ၊ ဆရာမများ မွမ်းမံသင်တန်း ‌မှော်ဘီတွင် ဖွင့်မည်

1982

ဧပြီ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ ‌စောထွန်းလင်း

လာမည့် ၂၀၁၅-၁၆ ပညာသင်နှစ်အတွင်း အစိုးရစာသင်‌ကျောင်းများ၌ ကရင်စာသင်ကြား‌ပေးမည့် ဆရာ၊ ဆရာမများအတွက် မွမ်းမံသင်တန်းတစ်ခုကို ‌မေလ ၁၁ရက်မှ ၁၅ရက်‌နေ့အထိ ‌မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်း‌ကျေးရွာအုပ်စု၊ ရွာသစ်ပိုင်း၊ အသင်းခြံ ဝန်းရှိ ကရင်နှစ်ခြင်းခရစ်ယန်အဖွဲ့ချုပ်၊ ‌မှော်ဘီကျမ်းစာသင်‌ကျောင်း၌ ဖွင့်လှစ်သွားမည်ဖြစ်သည်ဟု ‌မှော်ဘီမြို့နယ် ကရင်စာ‌ပေ နှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဧပြီလ ၂၉ရက်‌နေ့က ‌ပြောသည်။

ယင်းသင်တန်းဖွင့်လှစ်ရန် ယခုလ ဧပြီ ၂၅ရက်‌နေ့က ‌မှော်ဘီမြို့နယ်၊ ‌နှောကုန်း‌ကျေးရွာအုပ်စု၊ ‌နှောကုန်း‌ကျောင်းကြီးတိုက် ဘုန်း ‌တော်ကြီး‌ကျောင်း၌ ‌မှော်ဘီ၊ တိုက်ကြီး၊ လှည်းကူး၊ ထန်းတပင်မြို့နယ်များ၏ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အစည်းအ ‌ဝေးတွင် ‌ဆွေး‌နွေးဆုံးဖြတ်ခဲ့ခြင်းဖြစ်‌ကြောင်း ‌မှော်ဘီမြို့နယ် ကရင် စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီဝင် အငြိမ်းစား အလယ်တန်း ‌ကျောင်းအုပ်ဆရာ ‌စော‌မောင်တုတ်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“အခုလာမဲ့ ပညာနှစ်မှာ ‌မှော်ဘီနဲ့ အနီးတဝိုက် ၄ မြို့နယ်က ‌ကျောင်း‌တွေမှာ ကရင်စာသင်ဖို့ မြို့နယ်စာယဉ်‌တွေက ဦး‌ဆောင် လုပ်‌နေတယ်။ ‌ကျောင်းသားစာရင်းနဲ ့ ကရင်စာသင်ကြားနိုင်တဲ့ ဆရာ၊ ဆရာမစာရင်း‌တွေလည်း ‌ကောက်ထားတယ်။ သင်တဲ့အ ခါ ပိုထိ‌ရောက်‌အောင် ကရင်စာသင်ကြားပုံနည်းစနစ်‌တွေကို ဆရာမ‌တွေ ပိုသိ‌အောင် အခုလို မွမ်းမံသင်တန်း ပထမအကြိမ်ဖွင့် ဖို ့စီစဉ်လိုက်တာပါ”ဟု ‌စော‌မောင်တုတ်က ‌ပြောသည်။

ထို့အပြင် သင်တန်းအတွက် ကုန်ကျစရိတ်များကို အထက်ပါ ‌လေးမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီများက တစ်မြို့ နယ်လျှင် ကျပ် ၂သိန်းစီ ထည့်ဝင်ကာ ကိုယ်ထူကိုယ်ထ သင်တန်းဖွင့်လှစ်သွားမည့်အ‌ပေါ် ရန်ပုံ‌ငွေ အခက်အခဲ အနည်းငယ်ရှိ ‌သော်လည်း စီစဉ်နိုင်မည်ဟု ‌မျှော်လင့်ထား‌ကြောင်း ‌စော‌မောင်တုတ်က ဆက်‌ပြောသည်။

ငါးရက်ကြာ ပို့ချမည့် ၎င်းမွမ်းမံသင်တန်းသို့ ‌မှော်ဘီမြို့နယ်တွင် ကရင်စာသင်‌ပေးမည့် ဆရာ၊ ဆရာမ ၄ဝဦးနှင့် ထန်းတပင်မြို့ နယ်မှ ဆရာ၊ ဆရာမ ၆ဝဦးတို့ တက်‌ရောက်ကြမည်ဖြစ်ပြီး သင်တန်းသို့ ကရင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်မှ ကရင်စာ‌ပေကျွမ်း ကျင်သူ ဆရာ၊ ဆရာမများက လာ‌ရောက်သင်ကြားပို့ချ‌ပေးမည်ဖြစ်‌ကြောင်း သင်တန်းစီစဉ်‌နေသူများက ဆိုသည်။

သင်တန်းပို့ချမည့် ဆရာတစ်ဦးဖြစ်သူ ‌စောဩဂတ်စတင်းခူးက “ကရင်စာသင်ကြား‌ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းမှာ ‌မှော်ဘီနဲ့ ထန်းတပင်က လှုပ်ရှား‌နေတာ‌တွေ့ရတယ်။ မွမ်းမံသင်တန်းက လိုတယ်။ ကရင်စာသင်ကြားတဲ့ စနစ်‌လေး‌တွေရှိတယ်။ ဒီအတိုင်း သင်လို့‌တော့ မရဘူး။ ပုံစံတကျသင်တက်မှာ ထိ‌ရောက်မှာပါ။ အခုလို ဖွင့်နိုင်တာ ‌ကောင်းတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

လက်ရှိ ရန်ကုန်တိုင်း‌ဒေသကြီး၊ ‌မြောက်ပိုင်းခရိုင်၊ တိုက်ကြီး၊ ‌မှော်ဘီ၊ ထန်းတပင်၊ လှည်းကူးမြို့နယ်တို့တွင် လာမည့်ပညာသင် နှစ်အတွင်း အစိုးရစာသင်‌ကျောင်းများတွင် ကရင်စာသင်ကြားနိုင်‌ရေးအတွက် ကရင်‌ကျောင်းသားစာရင်းနှင့် သင်ကြားမည့် ဆရာ၊ဆရာမ စာရင်းများ ‌ကောက်ယူကာ ‌ကျောင်းစဖွင့်သည့်နှင့် တပြိုင်နက်တည်း သင်ကြားနိုင်‌ရေးရန် လုပ်‌ဆောင်လျှက်ရှိ ‌ကြောင်း သက်ဆိုင်ရာ စာယဉ်အဖွဲ့များထံမှ သိရသည်။