Home တွေ့ဆုံမေးမြန်းခန်း ‌တွေ့ဆုံ‌မေးမြန်းခြင်း

‌တွေ့ဆုံ‌မေးမြန်းခြင်း

2031

‌စောထားလုံ (ပြည်‌ထောင်စု ကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီ ဗဟိုအလုပ်အမှု‌ဆောင်အဖွဲ့ဝင်၊ ကရင်ပြည်နယ်အတွင်း‌ရေးမှူး) နှင့် ‌တွေ့ဆုံ‌မေးမြန်းခြင်း

ကရင်ပြည်နယ်၊ ဖားအံမြို့ အ.ထ.က(၂)မှာ ၁၉၇၇ခုနှစ်၊ ၁ဝတန်း‌အောင်မြင်ပြီး‌နောက် နှစ်ခြားရွာမှာ ‌ကောင်စီစာ‌ရေး ဝင်လုပ် တယ်။ ၁၉၇၈ခုနှစ်၊ ‌မြောင်းမြမြို့မှာ ဆရာအတတ်သင်‌ကျောင်းသွားတက်ပြီး ‌ကျောင်းဆရာဝင် လုပ်တယ်။ ၁၉၈၈ခုနှစ်မှာ အ‌ရေးအခင်းပြီး‌နောက်ပိုင်း ၁၉၈၉ခုနှစ်‌ရောက်‌တော့ ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှုကို ဝါသနာတူသူများနှင့် ဦး‌ဆောင်လုပ်ခဲ့တယ်။ ကရင်ဒုံးအကမှာ နှစ်စဉ် ဒိုင်းချုပ်အ‌နေနဲ့ လုပ်ကိုင်ခဲ့တယ်။ ၁၇-၂-၁၉၉၂ခုနှစ်မှာ ဦးစီးအရာအ‌ခြေနဲ့ ယဉ်‌ကျေးမှုပြတိုက်မှာ ၁၈ နှစ် လုပ်ကိုင်တယ်။ ‌နေပြည်‌တော်မှာ ဒုတိယ ညွန်ကြား‌ရေးမှူး သမိုင်းသု‌တေသနမှာ ပင်စင်ယူတယ်။ ကြံ့ခိုင်ဖွံ့ဖြိုး‌ရေး(ပြည်ခိုင် ဖြိုး)အသင်းကို ၁၉၉၈ခုနှစ်မှာ စတင်ဝင်‌ရောက်တယ်။ ၁၉၉၉ နိုဝင်ဘာလမှာ ကရင်ပြည်နယ်အ‌နေနဲ့ ပြည်ခိုင်ဖြိုးအတွင်း‌ရေးမှူး တာဝန်ကို ၂၀၁ဝခုနှစ်က‌နေ ယခုအချိန်ထိ ဗဟို‌ကော်မတီဝင်တစ်ဦးအ‌နေနဲ့ လုပ်ခဲ့ပါတယ်။

‌မေး။ ။ လက်ရှိ ကရင်ပြည်နယ်မှာ အကိုတို့ရဲ့ ပါတီလှုပ်ရှားမှု‌တွေကို ‌ပြောပြ‌ပေးပါလား။
‌ဖြေ။ ။ ပါတီအ‌နေနဲ့က အသင်းဘဝမှ စလာခဲ့‌တော့ အသင်းဘဝနဲ့ ပါတီဘဝနဲ့‌တော့ သိပ်ပြီး‌တော့ မကွာဘူး။ အသင်းဘဝမှာ တုန်းက ရံပုံ‌ငွေရှိတယ်။ အသင်းဝင်များတယ်။ လူကြီး‌တွေလည်း အား‌ပေးတယ်။ ပါတီဖြစ်လာ‌တော့ ဌာနဆိုင်ရာ‌တွေ၊ ဆရာ ဆရာမ၊ ‌ကျောင်းသားက‌လေး‌တွေ ပါလို့မရ‌တော့ဘူး။ အချို့ထွက်သွားကြတဲ့လူ‌တွေလည်း သူတို့ယုံကြည်ရာ တိုင်းရင်းသားပါတီ ‌တွေကို ပြန်ဖွဲ့လုပ်ကိုင်ကြတယ်။ အဆင်‌ပြေသွားတာက အခုအစိုးရမှာ ပြည်ခိုင်ဖြိုးပါတီဝင်‌တွေက များတယ်။ အခွင့်အ‌ရေးအ‌နေ နဲ့ ကျ‌နော်တို့က ‌တောင်းဆိုခွင့်ရလာတယ်။ ပြည်သူ‌တွေဘာလိုလဲ တို့‌တောင်း‌ပေးတယ်။ တို့ဘက်မှာ ပီတိရတာက‌တော့ လမ်း တို့၊ တံတားတို့၊ စာသင်‌ကျောင်း၊ ‌ဆေး‌ပေးခန်းတို့ တို့‌တောင်း‌ပေး‌တော့ ရလာတယ်။ ကျ‌နော်တို့လုပ်‌ပေးနိုင်တာက ဥပမာ တံတားတစ်စင်း ကုန်ကျစရိတ်က ၁၅သိန်းဆိုရင် နိုင်ငံ‌တော်က ၁ဝသိန်းထုတ်‌ပေး‌တော့ ရပ်မိရပ်ဖ‌တွေက ၅သိန်းထုတ်ပြီး လုပ် ကြတယ်။ ကျ‌နော်တို့ဘက်ကလည်း နိုင်သ‌လောက်‌ပေါ့။ ဘိလပ်‌မြေတို့၊တတ်နိုင်တဲ့ဘက်က ဝိုင်းကူညီ‌ပေးတယ်။

‌မေး။ ။ လူထုစည်းရုံး‌ရေး‌ကော စတင်လုပ်‌ဆောင်‌နေပြီးလား။
‌ဖြေ။ ။ အခုချိန်မှာ‌တော့ စည်းရုံး‌ရေး‌တော့ ‌ပြောလို့မရ‌သေးဘူး။ ဥပမာ ပြည်သူ့လွှတ်‌တော်၊ အမျိုးသား လွှတ်‌တော်အမတ်တို့ က လူထုကို လွှတ်‌တော်ရှင်းလင်းပွဲလုပ်တဲ့အခါမှာ ကျ‌နော်တို့က လိုက်‌ပေးတယ်။ လှူဒါန်း‌ပေးတယ်။ ရှင်းရှင်း‌ပြောရရှင် ကျ‌နော် တို့က တိုက်ရိုက်စည်းရုံး‌ရေး မဟုတ်‌ပေမယ့်လည်း သွယ်ဝိုက်အ‌နေနဲ့ စည်းရုံးတဲ့သ‌ဘော သက်‌ရောက်တာ‌ပေါ့။ အခုချိန်မှာ ပါတီအ‌နေနဲ့ ‌ပေါ်‌ပေါ် ထင်ထင် စည်းရုံးလို့ မရ‌သေးဘူး။ ဒါ‌ပေမယ့် ရွာမှာပါတီဆိုင်ဘုတ်တင်ပွဲလုပ်ရင်း ဒါ‌တွေလည်း စည်းရုံး‌ရေး ပါပဲ။ တကယ် စည်းရုံး‌ရေးလုပ်‌တော့မယ်ဆိုရင် ‌ကော်မရှင်ကို တစ်ပတ်ကြို စာတင်ရမယ်။ ဘယ်‌နေရာမှာလုပ်မလဲ၊ ဘယ်သူ့အိမ် မှာလုပ်မလဲ၊ လူဘယ်နှစ်ဦးတက်‌ရောက်မလဲ။ ဘယ်သူက မိန့်ခွန်းစကား ‌ပြောမလဲဆိုတာ‌တွေကို တင်ပြရမယ်။ အ‌ဆောက်အဦး ‌တွေမှာဆိုရင် အားကစားကွင်းတို့လိုမျိုး၊ ဘုန်းကြီး‌ကျောင်း၊ ဓမ္မရုံတို့လိုမျိုး မ‌ပေး‌ပြောဘူး။ ဒါ‌ကြောင့် ကျ‌နော်တို့ရဲ့ အီးစီအိမ်‌တွေ မှပဲ လုပ်ကြရတာ‌ပေါ့။

‌မေး။ ။ လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲအတွက် ပြည်နယ်မှာ ဝင်ပြိုင်ဖို့ လွှတ်‌တော်ကိုယ်စားလှယ်‌လောင်း‌တွေကို ‌ရွေးချယ်‌နေ ပြီးလား။
‌ဖြေ။ ။ ‌ရွေးထားပြီးပါပြီ။ ဒီလ‌နောက်ဆုံး‌ပေါ့။ ပြီးရင် ရုံးချုပ်ကို တင်ရမယ်။ ‌နောက်မှ ရုံးချုပ်က‌နေ ချ‌ပေးတဲ့အတိုင်း ကျ‌နော် တို့က ဗဟိုဦးစီးစနစ်နဲ့ အ‌ကောင်အထည်‌ဖော်‌ပေးရပါတယ်။ ဘယ်သူ‌တွေ၊ ဘယ်‌နေရာမှာ ပါသလဲ ကျ‌နော်တို့က ‌ပြောလို့မရ ‌သေးဘူး။ ကျ‌နော်တို့ဘက်က တင်‌ပေးလိုက်တဲ့လူ‌တွေကို ဗဟိုက သ‌ဘောကျရင် ယူမယ်၊ သ‌ဘောမကျရင်‌တော့ မယူဘူး။

‌မေး။ ။ ကိုယ်စားလှယ်‌လောင်း‌တွေကို ဘယ်လိုမျိုးနည်းနဲ့ ‌ရွေးချယ်ကြလဲ။
‌ဖြေ။ ။ ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်‌လောင်း‌ရွေးချယ်ပုံက‌တော့ ရပ်စည်းမှ မြို့နယ်၊ မြို့နယ်ပြီး‌တော့မှ ခရိုင်၊ ‌နောက်ဆုံး ပြည်နယ်အဆင့်။ ရှင်းရှင်း‌ပြောရရင် ပါတီက ‌အောက်‌ခြေကမှ အထက်ထိ ‌ရွေးချယ်ကြရတယ်။ ကျ‌နော်က ‌နောက်တစ်ဆင့် အ‌ပေါ်ကို ပြန်တင်ပြတယ်။ ကိုယ်စားလှယ်‌လောင်း‌တွေကို အထက်က ပြန်စစ် ကြည့်ရတယ်။ ကိုယ်စားလှယ်‌လောင်း‌တွေကို အဓိက‌တော့ ကိုယ်ကျင့်သီလရှိရမယ်။ ပါတီအ‌ပေါ် သက်ဝင်ယုံကြည်မှုလည်းရှိရမယ်။ ပညာအရည်အချင်းရှိရမယ်၊ စည်းရုံး‌ရေး အမြင်လည်း ရှိရမယ်။ ရပ်မိရပ်ဖက အားကိုးရတဲ့သူ၊ ယုံကြည်ရတဲ့သူဖြစ်ရမယ်။ ဥစ္စာဓနအသင့်အတင့်လည်းရှိရမယ်။ လူရို‌သေ ရှင်ရို‌သေလည်းဖြစ်ရမယ်။ ကိုယ်စားလှယ်‌လောင်း‌တွေမှာ တိုင်းရင်းသား‌ပေါင်းစုံပါဝင်တယ်။ အများစု‌တော့ ကရင်ပြည်နယ်ဆို ‌တော့ ကရင်လူမျိုးများပါတယ်။ ‌နေရာပြည့် (၃၆)‌နေရာဝင်ပြိုင်မယ်။

‌မေး။ ။ အကိုတို့ပါတီအ‌နေနဲ့ လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ နိုင်မယ်ဆိုရင် ပြည်နယ်နဲ့ ပြည်နယ်သူပြည်နယ်သားများအ တွက် ဘာ‌တွေလုပ်‌ပေးမလဲ။
‌ဖြေ။ ။ တို့အဖွဲ့က အကယ်၍ အနိုင်ရရှိသွားမယ်ဆိုရင် ကရင်ပြည်နယ်သားဖြစ်တဲ့အတွက်‌ကြောင့် ပြည်နယ်အကျိုးက နံပါတ် တစ်‌ပေါ့။ ငြိမ်းချမ်း‌ရေးနှင့် စီးပွား‌ရေးကို အဓိက လုပ်‌ပေးချင်ပါတယ်။ အဲဒါ‌တွေပြီးမှပဲ ကျန်တဲ့ ပညာ‌ရေး၊ လူမှု‌ရေး‌တွေကို စလုပ် ‌ပေးသွားမယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ငြိမ်းချမ်း‌ရေးတစ်ချက်ရလိုက်တာနဲ့ တစ်ခါတည်း တိုးတက်သွားတာပဲ‌လေ။ ငြိမ်းချမ်း‌ရေး ကို အဓိကထား လုပ်သွားမယ်။

‌မေး။ ။ အခု အစိုးရတို့ လုပ်‌ဆောင်‌နေတဲ့ ငြိမ်းချမ်း‌ရေးကိစ္စမှာ အကိုဘယ်လိုမြင်မိပါသလဲ။
‌ဖြေ။ ။ ငြိမ်းချမ်း‌ရေးက တို့ကွင်းဆင်းပြီးအမြင်အရ‌ပေါ့။ အ‌ပေါ်ပိုင်းက လူကြီးအချင်းချင်း‌တွေက အဆင်‌ပြေကြတယ်။ ‌အောက်ပိုင်းက‌တော့ နည်းနည်းခက်တယ်။ ‌အောက်ပိုင်းလူငယ်‌တွေက လူကြီး‌တွေ ‌ဆွေး‌နွေးတာ‌တွေကို သူတို့အ‌နေနဲ့ ပါဝင်ချင် တယ်။ လူကြီး‌တွေက အ‌ပေါ်မှာ ကတိကဝတ် လက်မှတ်ထိုးလိုက်တဲ့ အခါမှာ သူတို့‌တွေက သိပ်မကြိုက်ချင်ကြဘူး။ တခါတ‌လေ ကျ‌တော့ အ‌ပေါ်မှာ လက်မှတ်ထိုးကြ‌ပေမယ့် ‌အောက်က အဆင်မ‌ပြေချင်ဘူး။ အ‌ပေါ်‌အောက် အဆင်‌ပြေဖို့က ညှိရမယ်။

‌မေး။ ။ မြန်မာနိုင်ငံမှာ ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်တဲ့ သမိုင်း‌ကြောင်းများအရ ‌ခေတ်အဆက်ဆက်က အစိုးရများလည်း ‌ဖော် ‌ဆောင်ခဲ့‌ပေမယ့် ယခုအချိန်ထိ မရ‌သေးဘူး။ ဒီ‌တော့ ဗမာပြည်ရဲ့ ငြိမ်းချမ်း‌ရေးရဲ့ အဓိက‌သော့ချက်က ဘာလဲလို့ထင်ပါလဲ။
‌ဖြေ။ ။ ငြိမ်းချမ်း‌ရေးရဲ့ အဓိက‌သော့ချက်က တစ်‌ယောက်နဲ့တစ်‌ယောက် နားလည်မှုရှိဖို့လိုတယ်၊ သံသယမရှိကြဖို့လည်း လိုတယ်။ တစ်ဦးနဲ့တစ်ဦး ‌လေးစားဖို့လိုတယ်။ ‌ပြောထားတဲ့အတိုင်း လုပ်ဖို့လည်းလိုတယ်။ ကျ‌နော်တို့ ကရင်လူမျိုး‌တွေက သိတဲ့ အတိုင်းပဲ ယုံကြည်ပြီးဆိုရင် သိပ်ယုံတယ်။ မယုံ‌တော့ဘူးဆိုရင်‌တော့သွားပဲ။ လက်နက်နဲ့တိုက်တာလည်း နှစ်‌ပေါင်း မနည်း‌တော့ ဘူး။ သူ‌သေကိုယ်‌သေ၊ အခု ‌လောက်ကိုင်ငြိမ်းချမ်း‌ရေး၊ ရခိုင်ငြိမ်းချမ်း‌ရေး၊ ကရင်ငြိမ်းချမ်း‌ရေးတို့ဟာ သီးခြားလို့ မြင်တယ်။ အမှန်‌တော့ ရခိုင်အ‌ရေးလည်း နိုင်ငံလုံးအ‌ရေးပါပဲ။ ကရင်ပြည်နယ်မှာဖြစ်ရင်လည်း တစ်ပြည်လုံးနဲ့ ဆိုင်တယ်။ ကျ‌နော်တို့က တစ်နိုင်ငံလုံးငြိမ်းချမ်း‌ရေးကို ယူမယ်လို့‌ပြောရင် စကားလုံးက နည်းနည်းကြီးသွားမယ်။ အခု‌လော‌လောဆယ်မှာ ကရင်ပြည်နယ် ငြိမ်းချမ်း‌ရေးရဖို့က အရင်ဆုံးလုပ်ရမယ်။

‌မေး။ ။ ဦးသိန်းစိန်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေကို ပြင်မယ်ပြင်မယ်လို့ ‌ပြော‌နေတယ်။ ပြင်ဆင်သင့် ပြင်ဆင်ထိုက် တဲ့အချက်‌တွေကို အခုထိ မပြင်ဆင်‌သေးဘူး။ ဒီနှစ် ၂၀၁၅အတွင်းမှာ ပြင်ဆင်ဖို့ ရှိမရှိ သုံးသပ်‌ပေးလို့ရနိုင်မလား။
‌ဖြေ။ ။ အဲဒီကိစ္စနဲ့ပတ်သက်ပြီး‌တော့ ကျ‌နော့်ပါတီအ‌နေနဲ့ ဥပ‌ဒေပြင်ဆင်ဖို့ ကွင်းဆင်းပြီးလိုက်‌ကောက်တဲ့အခါ စာရင်းအရ ပြင်ဆင်ဖို့ အချက်‌ပေါင်း ‌ထောင်ချီရှိတာကို ‌တွေ့ရတယ်။ ကျ‌နော်တို့ ပြန်စိစစ်ပြီး‌တော့ အခု အချက်‌ပေါင်း တစ်ရာနီးနီး ပြန်ကျန် တယ်။ ဖွဲ့စည်းပုံဆိုတာ ပုံ‌သေမှတ်လို့ မရဘူး။ အချိန်အခါနဲ့ကြည့်ပြီး‌တော့ ‌ပြောင်းလဲသွားရမယ်‌လေ။ ချက်ချင်း‌တော့ ‌ပြောင်းလဲ လို့‌တော့ မရဘူး။ ကျ‌နော့်ပါတီအ‌နေနဲ့ ပြင်ဖို့တင်ထားတာ ရှိတယ်။ အခြားပါတီ‌တွေလည်း တင်ထားတာ‌တွေလည်းရှိတယ်။ ပြင် ဖို့တင်ထားတဲ့ဟာ‌တွေကို အခုချိန်ထိ သူတို့ မထုတ်ပြန်နိုင်‌သေးဘူး။ မထုတ်ပြန်နိုင်‌သေးတာက လွှတ်‌တော်မှာပဲ အခက်အခဲရှိ တာလား။ အစိုးရအဖွဲ့မှာပဲ အခက်အခဲရှိလား။ ၂၀၁၅မှာ မဲမ‌ရွေးခင်မှာပဲ ထုတ်ပြန်မလားဆိုတာ တို့လည်း မသိဘူး။ ဒါ‌ပေမယ့် ပြင်ဖို့တင်ထားတာက ကြာပြီး။ ဥပမာ – ၄၃၆ တို့လိုမျိုး ပြင်လို့သင့်တယ်ဆိုရင်‌တော့ ကျ‌နော်ထင်တာက ပြင်သွားမှာပဲ။ ပြင်လို့ မသင့်‌သေးဘူးဆိုရင်‌တော့ မပြင်‌သေးဘူးလို့ပဲ ယူဆတယ်။ တဖြည်းဖြည်းနဲ့ ပြင်လို့ရတဲ့အချက်ဆိုရင်‌တော့ ပြင်သွားမှာပါ။

‌မေး။ ။ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်း‌ရေးကိစ္စနဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ ပြင်ဆင်‌ရေးကိစ္စ‌တွေမှာ အစိုးရက အချိန်ဆွဲ တဲ့စနစ်နဲ့ သွား‌နေတယ်လို့ ပြည်သူ‌တွေက မြင်‌နေကြတယ်လို့ ကြားရတယ်။ သုံးသပ်‌ပေးပါဦး။
‌ဖြေ။ ။ ငြိမ်းချမ်း‌ရေးကိစ္စနဲ့ ဥပ‌ဒေပြင်ဆင်‌ရေးကိစ္စနှစ်ခုမှာ လူကြီး‌တွေက ချင့်ချိန်ပြီး အမှားနည်း‌အောင် လုပ်‌ဆောင်‌နေပါ တယ်။ ငြိမ်းချမ်း‌ရေးကိစ္စကို အရင်လုပ်မလား။ အရင်လုပ်မယ်ဆိုရင် ဥပ‌ဒေပြင်ဆင်‌ရေးမှာသွားပြီး ထိခိုက်နိုင်မလား။ ဒါမှမဟုတ် ဥပ‌ဒေကို အရင်ပြင်ရင် ငြိမ်းချမ်း‌ရေးကိစ္စရပ်‌တွေမှာ သွားပြီး ထိခိုက်နိုင်မလားဆိုတာ အခုထိ လူကြီး‌တွေက တိုင်ပင်‌ဆွေး‌နွေး‌နေ တုန်းပါပဲ။ အများပြည်သူ‌တွေ မြင်တာက‌တော့ အချိန်ဆွဲ‌နေတယ်လို့ မြင်တယ်။ အမှန်‌တော့ အချိန်ဆွဲ‌နေတာ‌တော့ မဟုတ်ပါ ဘူး။ ချင့်ချိန်ညှိနှိုင်း‌နေတုန်း ဖြစ်တယ်။

‌မေး။ ။ လွန်ခဲ့တဲ့ လက်ပံ‌တောင်း‌ကျောင်းသားသပိတ်မှာ အစိုးရက အကြမ်းဖက်ဖြိုခွင်းမှုအ‌ပေါ် ဘယ်လိုမြင်ပါသလဲ။
‌ဖြေ။ ။ အဲဒါကို ‌ကျောင်းသူ‌ကျောင်းသားဆန္ဒပြတာကို အစိုးရက အကြမ်းဖက်ဖြိုခွင်းတာကို ကန့်ကွက်တဲ့အ‌နေနဲ့ တို့ပြည်ခိုုင် ဖြိုးပါတီလည်း ထုတ်ပြန်ချက်တစ်ခု ထုတ်ထားပါတယ်။ အဲဒီကြားထဲမှာ အသားယူတဲ့သူ‌တွေလည်း ရှိတယ်လို့‌တော့ မြင်တယ်။ ဘယ်လို‌ပြောရမလဲ။ ပွဲလန့်တုန်း ဖျာခင်းတဲ့သူ‌တွေလည်း ရှိတာ‌ပေါ့။ ဒါ‌ပေမယ့် ဘယ်သူမဆို အခုလိုလုပ်တာ နည်းနည်း‌လေး ကြမ်းသွားပါတယ်။ က‌လေး‌တွေက နုနယ်တယ်‌လေ။ တစ်ဖက်မှာလည်း မှားတာရှိသလို မှန်တာလည်း ရှိမှာပဲ။ အဲဒီလို က‌လေး ‌တွေကို အကြမ်းဖက် ဖြိုခွင်းတာကို ကျ‌နော်တို့ ပြည်ခိုင်ဖြိုး‌တွေလည်း မကြိုက်ဘူး။

‌မေး။ ။ မြန်မာနိုင်ငံမှာ အဓိကပြဿနာ ‌နောက်တစ်ခုက‌တော့ လယ်ယာ‌မြေပြဿနာပါ။ သိမ်းထားတဲ့ လယ်‌မြေ‌တွေကို အစိုး ရက ပြန်လည်‌ပေးအပ်လိုက်ပြီးလို့‌တော့ ‌ပြော‌ပေမယ့်လည်း တကယ်တမ်း‌အောက်‌ခြေမှာ မရ‌သေးတဲ့သူ‌တွေလည်း ရှိပါ‌သေး တယ်။ အဲဒီအ‌ပေါ်မှာ‌ကော ဘယ်လို‌ပြောချင်ပါသလဲ။
‌ဖြေ။ ။ လယ်ယာ‌မြေကိစ္စကို အရင်အစိုးရက လုပ်ထားတဲ့ ပြဿနာကို အခုအစိုးရက ပြန်ရှင်း‌ပေးရတဲ့သ‌ဘောလို့ မြင်တယ်။ တချို့လယ်‌မြေ‌တွေဆိုရင် ဂရမ်လည်းရှိတယ်။ ‌ပြေစာလည်း ရှိတယ်။ ဒါ‌ပေမယ့် လယ်မလုပ်‌တော့ လယ်‌ကော‌တွေဖြစ်သွားတယ်။ အခုမှ ‌မြေ‌ဈေးတက်လာ‌တော့ ‌လောဘတက်တဲ့သူ‌တွေလည်း ရှိမယ်။ ဒီကိစ္စ‌ပြောရရင် အားလုံးက နွယ်‌နေကြတယ်ဆို‌တော့ ‌ပြောရတာ ခက်ပါတယ်။ ဒါ‌တွေက အစိုးရဌာနဆိုင်ရာတို့၊ လွှတ်‌တော်တို့ကလည်း ဥပ‌ဒေနဲ့‌တော့ ‌ဖြေရှင်း‌နေကြတာပဲ။

‌မေး။ ။၂၀၁ဝ ‌နောက်ပိုင်း ကရင်ပြည်နယ်အစိုးရလုပ်‌ဆောင်ချက်အ‌ပေါ် သုံးသပ်‌ပေးလို့ ရမလား။
‌ဖြေ။ ။ အခုက ကရင်ပြည်နယ်မှာ ဘာတိုးတက်လာသလဲဆို‌တော့ လမ်း‌တွေ ‌ကောင်းလာတယ်။ မြို့နယ်တိုင်း‌ပေါ့။ လျှပ်စစ် လည်း တိုးတက်လာတယ်။ စာသင်‌ကျောင်း‌တွေ ဆရာဆရာမ‌တွေ တိုးတက်တယ်။ ဒါ‌ပေမယ့် အစိုးရ‌ကောင်းတာကိုလုပ်‌တော့ မ‌ကောင်းတာမြင်ချင်တဲ့လူ‌တွေလည်း ရှိရင်ရှိမယ်။ ‌ပြောရရင် ဒီ ငါးနှစ်တာကာလအတွင်းမှာ အများကြီးတိုးတက်လာပါတယ်။

‌မေး။ ။ လာမယ့် ‌ရွေး‌ကောက်ပွဲမှာ ကရင်ပြည်နယ်မှာ ဘယ်ပါတီက အကိုတို့ရဲ့ပြိုင်ဘက်ပါတီဖြစ်မလဲ။
‌ဖြေ။ ။ ကရင်ပြည်နယ်မှာ ‌လော‌လောဆယ်မှာ ၁ဝပါတီ‌လောက်ဝင်ပြိုင်မယ်။ အဓိကပြိုင်ဘက်က ဖလုံ-စ‌ဝေါ်ပါတီရယ်၊ NLD ရယ် ဖြစ်တယ်။ NLD ‌ခေါင်း‌ဆောင်က‌တော့ ‌ဒေါ်‌အောင်ဆန်းစုကြည်ဖြစ်တယ်။ သူမက ဗိုလ်ချုပ်‌အောင်ဆန်းရဲ့ သမီးလည်းဖြစ် ‌တော့ အဲတာက သူတို့ပါတီရဲ့အားသာချက်ပါ။ ‌နောက်တစ်ခုက‌တော့ စစ်အုပ်ချုပ်‌ရေးတို့၊ လမ်းစဉ်ပါတီ‌ခေတ် နှစ်‌ပေါင်းများစွာ အုပ်ချုပ်‌တော့ လူ‌တွေက အ‌ပြောင်းအလဲလိုချင်ကြတယ်။ အများအားဖြင့် မြို့‌ပေါ်ကလူ‌တွေ NLD ကို အား‌ပေးကြတယ်။ ဖလုံ-စ‌ဝေါ်ပါတီကျ‌တော့ ကရင်လူမျိုးကို အ‌ခြေခံထား‌တော့ ကရင်လူမျိုးနဲ့ပတ်သက်လို့ သူက အင်အားကြီးနိုင်ပါတယ်။ ကျ‌နော်တို့ ပြည်ခိုင်ဖြိုးကျ‌တော့ သူကလည်း အင်အားကြီးမားတယ်၊ မြို့နယ်တိုင်းမှာရှိ‌တော့ လုပ်လည်းလုပ်‌ပေးနိုင်တယ်။ ကျ‌နော့်သ‌ဘော က‌တော့ ဘယ်ပါတီမှနိုင်ရမယ်ဆိုတာ‌တော့ ဆန္ဒမရှိပါဘူး။ အရည်ချင်းရှိတဲ့ သူဆိုရင်ရပြီး ဒါမှပဲ ပြည်နယ်အတွက် လုပ်‌ပေးနိုင် မယ်။ အရည်ချင်းရှိတဲ့သူ‌တွေ ပါဝင်ပြီး လုပ်‌ဆောင်ကြမယ်ဆိုရင် တို့ပြည်နယ်အတွက် ‌ကောင်းလာမှာပဲလို့ ယုံကြည်တယ်။

‌မေး။ ။ ‌နောက်ထပ်များ ဘာ‌တွေ ထပ်မံဖြည့်စွက် ‌ပြောချင်ပါသလဲ။
‌ဖြေ။ ။ အခု‌ရွေး‌ကောက်ပွဲလည်း နီးလာပြီးဆို‌တော့ ကျ‌နော်တို့ ပိုပြီးစည်းလုံးဖို့ လိုတယ်။ ကရင်ပြည်နယ်မှာရှိတဲ့ ကရင်တိုင်း ရင်းသားဖြစ်ဖြစ် ဘာဖြစ်ဖြစ်‌ပေါ့‌နော်။ အခုက ပါတီပြိုင်ဘက်ဖြစ်လာတဲ့အခါကျ‌တော့ မ‌ကောင်းဘူး။ သူလည်း ပြိုင်တယ်၊ ကိုယ် လည်း ပြိုင်တယ်။ တစ်‌ယောက်နဲ့ တစ်‌ယောက် စကား‌ပြောတဲ့အခါကျ‌တော့ ‌ထေ့သလို ‌ငေါ့သလိုလို ဖြစ်လာကြတယ်။ အဲဒီဟာ မ‌ကောင်းဘူး။ ဖြစ်သင့်တာက ရိုးသားစွာ ပါဝင်ယှဉ်ပြိုင်ပါ။ ပြည်သူက ကိုယ့်ကိုကြိုက်ရင်‌တော့ ‌ရွေးမှာပဲ။ ဥပမာ ကိုယ်မဲရဖို့အ တွက် ဒီလူက မ‌ကောင်းဘူး၊ ဟိုလူကမ‌ကောင်းလို့ လိုက်‌ပြော‌နေစရာမလိုပါဘူး။ အဲဒီ‌ပြော‌နေကြရင် ကျ‌နော်တို့ ကရင်လူမျိုး‌တွေ ပဲ သိက္ခာကျမယ်။ အမှန်‌တော့ လူတိုင်းက အရည်အချင်းရှိတယ်။ အဲလိုမျိုးဖြစ်‌စေချင်ပါတယ်။ အဓိက‌တော့ ပြည်နယ်တိုးတက် ‌ရေးအတွက်ပါပဲ။ အဓိက‌ခေါင်း‌ဆောင်လိုတယ်။ ‌ခေါင်း‌ဆောင်‌ကောင်းရဲ့ ညွန်ကြားမှု‌အောက်မှာ လုပ်ကြမယ်ဆိုရင် ပြည်နယ်တိုး တက်လာမှာပဲ။ ငြိမ်းချမ်း‌ရေးကိစ္စမှာလည်း တစ်‌ယောက်နဲ့တစ်‌ယောက် သံသယ မရှိကြပါနဲ့။ ပြည်သူ‌တွေကလည်း မျှမျှတတ စဉ်းစားသုံးသပ်‌စေချင်ပါတယ်။
အခုလို ‌ပြောခွင့်လာ‌ပေးတဲ့အတွက် ကရင်သတင်းစဉ်ကိုလည်း ‌ကျေးဇူးတင်ပါတယ်။ လာမယ့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲမှာ သန့် သန့်ရှင်းရှင်းနဲ့ ပြုလုပ်နိုင်ရန် ဆု‌တောင်းပါတယ်။