Home သတင်း မြိုင်က‌လေးသဘာဝ ဓာတ်‌ငွေ့ထိန်းသိမ်းဖြန့်ဖြူး‌ရေးစခန်း ဂက်စ်အိုး‌ပေါက်ကွဲ လူထုထိခိုက်မှုမရှိ

မြိုင်က‌လေးသဘာဝ ဓာတ်‌ငွေ့ထိန်းသိမ်းဖြန့်ဖြူး‌ရေးစခန်း ဂက်စ်အိုး‌ပေါက်ကွဲ လူထုထိခိုက်မှုမရှိ

1797

ဧပြီ ၂၈ရက်၊ ၂၀၁၅ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် သံလွင်မြစ်အ‌နောက်ဘက်ခြမ်း ဖိုးဆိုး‌ကျေးရွာတွင်တည်ရှိသည့် မြန်မာ့‌ရေနံနှင့် သဘာဝဓာတ်‌ငွေ့ ၏ မြိုင်က‌လေးသဘာဝဓာတ်‌ငွေ့ထိန်းသိမ်းဖြန့်ဖြူး‌ရေးစခန်းတွင် ဧပြီလ ၂၇ရက်‌နေ့က ဂက်စ်အိုး ‌ပေါက်ကွဲမှုဖြစ်ခဲ့‌သော်လည်း ‌ဒေသခံလူထု ထိခိုက်မှုမရှိ‌ကြောင်း သိရသည်။

ထို‌နေ့ည‌နေ ၄နာရီ‌ကျော်အချိန်က ဖြစ်ပွားခဲ့သည့် အဆိုပါဂက်စ်အိုးကြီး၏ ‌ပေါက်ကွဲမှုတွင် မီးခိုးလုံးကြီးများ ‌ပေါက်ကွဲပြီး ဂက်စ် အိုးအပိုင်း အစများမှာ ‌ဒေသခံများ၏ ‌နေအိမ်အနီးအနားသို့ လွင့်ကျလာသည့်အ‌ပေါ် ‌ကြောက်လန့်ကာ ထွက်‌ပြေးကြသူများ၊ သတိ‌မေ့သွားကြသူများရှိ‌သော်လည်း ထိခိုက်‌သေ‌ကြေမှုများ မရှိဟု ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

‌ဒေသခံရွာသား ဦးတင်‌အောင်က “အဲဒီ‌ပေါက်ကွဲတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို‌တောင်‌သေ‌နေပြီလို့ထင်တာ။ မီးခိုးလုံးကြီး‌တွေ လည်း အိမ်ထဲကိုဝင်တယ်။ ‌နောက်ပြီး အိမ်‌ခေါင်မိုး‌ပေါ် ခဲလုံး‌တွေလည်း ကျတာ‌ပေါ့။ ကံ‌ကောင်းလို့ လူ‌တွေမထိတာ။ ဒါ‌ပေမယ့် အဲလိုဖြစ်‌တော့ အရမ်း‌ကြောက်ကြတယ်”ဟု ‌ပြောသည်။

အဆိုပါ‌ပေါက်ကွဲသည့် ဂက်စ်သည် မြိုင်က‌လေးတန် ၄၀၀ဝ ဘိလပ်‌မြေစက်ရုံလိုင်း၊ အုန်းနည်းလိုင်းနှင့် သထုံ GD လိုင်းတို့မှ မီး အားဖြန့်‌ဝေ‌ပေးပြီး ‌နေ့စဉ် ပုံမှန်မီး‌ပေးအား ၄၅ဝဖြစ်‌သော်လည်း ‌ပေါက်ကွဲသည့်အချိန်တွင် မီး‌ပေးအား ၂၇ဝသာရှိသည်ဟု မြိုင် က‌လေး သဘာဝဓာတ်‌ငွေ့ထိန်းသိမ်းဖြန့်ဖြူး‌ရေးစခန်းမှ သဘာဝဓာတ်‌ငွေ့ထိန်းစက် တာဝန်ခံ စတုတ္ထအင်ဂျင်နီယာ (ထုတ်လုပ် ‌ရေး) ဦးလှကိုက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဘာ‌ကြောင့် ‌ပေါက်ကွဲတာလည်း‌တော့ ကျ‌နော် မသိပါဘူး။ ကျ‌နော်‌ပြောနိုင်တာ တစ်ခုက‌တော့ မီး‌ပေးအား၂၇ဝမှာ ‌ပေါက်ကွဲ တာဖြစ်တယ်။ အမှန်ဆိုရင် ဒီ ၂၇ဝနဲ့‌တော့ ကွဲစရာအ‌ကြောင်း မရှိဘူး။ ယခင် ၄၇ဝအထိ‌တောင် ‌ပေးဖူးတယ်။ အခု ဘာ‌ကြောင့် ကွဲလဲဆိုတာ လူကြီး‌တွေ လာစစ်မှာ ဖြစ်တယ်”ဟု ဦးလှကိုက ဆိုသည်။

လက်ရှိ ‌ပေါက်ကွဲမှုဧရိယာအတွင်း သက်ဆိုင်ရာ အထက်တာဝန်ရှိသူများမှ သဘာဝဓာတ်‌ငွေ့ထိန်းစက် တာဝန်ခံနှင့်အတူ ‌ပေါက် ကွဲသည့်‌နေရာများကို လာ‌ရောက်စစ်‌ဆေးမှု ပြုလုပ်‌ပေးမည်ဖြစ်သည့်အတွက် ၎င်းဧရိယာအတွင်းသို့ ပြင်ပမှ မှတ်တမ်းဓာတ်ပုံ ရိုက်ယူခြင်း၊ ဝင်‌ရောက်‌လေ့လာခြင်းများကို တားမြစ်ပိတ်ပင်ထားသည်ဟု သိရသည်။

မြိုင်က‌လေး‌ကျေးရွာတွင် ဂက်စ်‌ပေါက်ကွဲမှုအပြင် ‌နေ့စဉ် မြိုင်က‌လေးဘိလပ်‌မြေစက်ရုံမှ ‌ကျောက်မိုင်း‌ဖောက်ခွဲမှုများရှိသည့်အ တွက် ထို‌ဒေသရှိ ‌ကျေးရွာအများစုမှ ‌ပေါက်ကွဲမှုအရှိန်‌ကြောင့် သစ်အိမ်များလှုပ်ခါခြင်း ကွန်ကရစ်အိမ်နံရံများ အက်ကွဲလာခြင်း များရှိသည်ဟု ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။