Home သတင်း ‌ကေအဲန်ယူ တပ်မဟာ(၆) ဆက်ဆံ‌ရေးရုံးကို ‌နေရာ‌ပြောင်း‌ရွှေ့ဖွင့်လှစ်

‌ကေအဲန်ယူ တပ်မဟာ(၆) ဆက်ဆံ‌ရေးရုံးကို ‌နေရာ‌ပြောင်း‌ရွှေ့ဖွင့်လှစ်

1346

ဧပြီ ၃ဝရက်၊ ၂၀၁၅ခုနှစ်။ စဖန်း‌ရှောင်း

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့အတွင်းရှိ ကရင်အမျိုးသားအစည်းအရုံး (‌ကေအဲန်ယူ) တပ်မဟာ(၆) ဆက်ဆံ‌ရေးရုံးကို ယ‌နေ့ ဧပြီလ ၃ဝရက်‌နေ့တွင် မူလ ရုံးစိုက်ရာ‌နေရာမှ ‌နေရာအသစ်သို့ ‌ပြောင်း‌ရွှေ့ဖွင့်လှစ်ခဲ့သည်။

‌ကေအဲန်ယူ တပ်မဟာ(၆) ဆက်ဆံ‌ရေးရုံးကို ဘုရားသုံးဆူမြို့၊ အမှတ်(၃)ရပ်ကွက်၊ ဘုရင့်‌နောင်လမ်းမကြီးအနီးတွင် ‌ပြောင်း‌ရွှေ့ ဖွင့်လှစ်လိုက်ခြင်းဖြစ်ပြီး ထိုသိုု့‌ပြောင်း‌ရွှေ့ရသည့်အ‌ပေါ် ဆက်ဆံ‌ရေးရုံးတာဝန်ခံ ပဒို‌စောအယ်ဒိုဝါးက ‌ကေအိုင်စီသို့ ယခုလို ‌ပြော သည်။

“အရင် ရုံးအ‌ဟောင်း‌နေရာက ဟိုးစဖွင့်ကတည်းက သူများအိမ်ကို တစ်လဘတ်‌ငွေ ၇၀၀ဝနဲ့ငှားပြီး ရုံးဖွင့်ရတာပါ။ အခုက ကိုယ့် အဖွဲ့အစည်းကိုယ်ပိုင် ‌မြေ‌နေရာ‌ရော၊ အ‌ဆောက်အဦးပါ အသစ်ပြန်‌ဆောက်ပြီးမှ ဖွင့်လှစ်ခြင်းဖြစ်ပါတယ်”ဟု ပဒို‌စောအယ်ဒိုဝါး က ‌ပြောသည်။

၎င်းဆက်ဆံ‌ရေးရုံး ဖွင့်လှစ်သည့် အခမ်းအနားကို ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒို ‌စော‌ရွှေ‌မောင်း၊ ခရိုင်၊ မြို့နယ်များမှ ‌ကေအဲန်ယူတာဝန်ရှိသူများ၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦး‌ဇော်မင်းနှင့်အတူ ပြည်နယ်အစိုးရ ဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်ပရိဿတ်‌ပေါင်း ၂၀၀‌ကျော်ခန့် တက်‌ရောက်ခဲ့ကြ‌ကြောင်း သိရသည်။

‌ကေအဲန်ယူ တပ်မဟာ(၆) ဆက်ဆံ‌ရေးရုံးကို ၂၀၁၂ ခုနှစ်၊ ‌မေလ ၁၅ရက်‌နေ့တွင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိ ရုံးအသစ်ကို ၂၀၁၄ခုနှစ်၊ ဇူလိုင်လမှ စတင်ကာ အ‌ဆောက်အဦး တည်‌ဆောက်ခဲ့ပြီး‌နောက် ယခုနှစ်၊ ဧပြီလဆန်းပိုင်းတွင် အပြီးသတ် ‌ဆောက်လုပ်ပြီးစီး သွားခြင်းဖြစ်သည်။

‌ကေအဲန်ယူသည် ၂၀၁၂ခုနှစ်မှစ၍ အစိုးရနှင့် အပစ်အခတ်ရပ်စဲ‌ရေး သ‌ဘောတူညီမှု ရရှိပြီး‌နောက်ပိုင်း ဆက်ဆံ‌ရေးရုံး (၆)ရုံးကို ‌ကျောက်ကြီး၊ ထားဝယ်၊ ဘုရားသုံးဆူ၊ မြဝတီ၊ ဖားအံနှင့် သထုံမြို့များတွင် ဖွင့်လှစ်နိုင်ခဲ့သည်။