Home သတင်း ထိုင်း၊ မြန်မာနှင့် ဘယ်လ်ဂျီယံ နှလုံးခွဲစိတ်ဆရာဝန်များ ပြည်တွင်းရှိ က‌လေးများအား ခွဲစိတ်ကူညီခဲ့

ထိုင်း၊ မြန်မာနှင့် ဘယ်လ်ဂျီယံ နှလုံးခွဲစိတ်ဆရာဝန်များ ပြည်တွင်းရှိ က‌လေးများအား ခွဲစိတ်ကူညီခဲ့

2220
?

ဧပြီ ၂၉ရက်၊ ၂၀၁၅ခုနှစ်။ ‌ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့ မယ်‌တော်‌ဆေးခန်းရှိ ‌ဆေးဝါးကုသမှုများ၊ လူနာလွဲ‌ပြောင်းမှုများအား ဆက်စပ်ပူး‌ပေါင်းလုပ် ကိုင်‌နေသည့် မြန်မာနိုင်ငံ က‌လေးများ‌ဆေးဝါးကူညီမှုရန်ပုံ‌ငွေ(BCMF)အဖွဲ့က မယ်‌တော်‌ဆေးခန်းနှင့် ထိုင်းနိုင်ငံ‌မြောက်ပိုင်း လန်းပန်းမြို့‌ဆေးရုံမှ ကျန်းမာ‌ရေးအထူးကုဆရာဝန်များကို ကရင်ပြည်နယ်၊ ဖားအံမြို့သို့ စီစဉ်‌ခေါ်‌ဆောင်သွားပြီး က‌လေး၊ လူကြီး အခမဲ့ နှလုံး‌ရောဂါစမ်းသပ်မှုတစ်ရပ်ကို ဧပြီလဆန်းပိုင်းက လုပ်‌ဆောင်‌ပေးခဲ့သည်။

၎င်းနှလုံး‌ရောဂါစမ်းသပ်မှုကို အနန္တ‌မေတ္တာ‌ဆေးခန်း၏ ပံ့ပိုးကူညီမှု‌ကြောင့် ဖားအံမြို့၌ တစ်ပါတ်လျှင် ၃ကြိမ်ဖြင့် အခမဲ့‌ဆေးကုသ ‌ပေးမှု လုပ်‌ဆောင်နိုင်ခဲ့‌ကြောင်း မြန်မာနိုင်ငံက‌လေးများ‌ဆေးဝါးကူညီမှု ရံပုံ‌ငွေအဖွဲ့(BCMF) ညွန်ကြား‌ရေးမှူးဖြစ်သူ မစ်ကန်ချနာ ‌သော်တွန်က ‌ပြောသည်။

မစ်ကန်ချနာ‌သော်တွန်က “အနန္တ‌မေတ္တာ‌ဆေးခန်းက အ‌ရေး‌ပေါ်လူနာ‌တွေကို ရန်ကုန်ကို ပို့‌ပေးတယ်။ ကျမတို့ BCMF အဖွဲ့နဲ့ ပူး ‌ပေါင်းပြီး ထိုင်းနိုင်ငံကိုလည်း ပို့တယ်။ အနန္တ‌မေတ္တာ ‌ဆေးခန်းရဲ့ ‌ဆေးမှူး‌တွေ၊ ရုံးလုပ်သား‌တွေက သူတို့ရဲ့အလုပ်ချိန်ကို လုပ်အား ‌ပေးကူညီတယ်။ ဆရာဝန်‌တွေကလည်း အပတ်စဉ်တိုင်း အလှည့်ကျ လုပ်အား‌ပေးကူညီ‌ပေးတယ်”ဟု ‌ပြောဆိုသည်။

အဆိုပါ ‌ဆေးကုသမှု ခံယူရန် ရခိုင်ပြည်နယ်၊ ‌နေပြည်‌တော်၊ ရန်ကုန်၊ မန္တ‌လေး၊ မ‌ကွေး စသည့်‌ဒေသများမှ လူနာများလည်း စမ်း သပ်မှု လာ‌ရောက်ခံယူခဲ့ကြပြီး လက်ရှိ လူနာ‌ပေါင်း ၁၄၂ဦးကို စမ်းသပ်ခဲ့ပြီဖြစ်‌ကြောင်း၊ ၎င်းအနက် ၂၂ဦးကို ခွဲစိတ်ရန် စာရင်း ယူထားကာ ၁၁ဦးကို ရန်ကုန်ရှိ ပင်လုံ‌ဆေးရုံသို့ ခွဲစိတ်ကုသမှုခံယူရန် ပို့‌ဆောင်မည်ဟုလည်း BCMF က ဆိုသည်။ အနန္တ‌မေတ္တာ ‌ဆေးခန်းသည် အလှူ‌ငွေများနှင့် ‌ဆေးခန်းတည်‌ထောင်သူ ဆရာ‌တော်ဘဒ္ဒန္တဝါ‌သေဋ္ဌ၏ လှူဒါန်းမှုများဖြင့် လည်ပတ်‌နေခြင်းဖြစ်ရာ ၎င်းအခမဲ့‌ဆေးခန်းနှင့် ဆက်လက် ပူး‌ပေါင်းလုပ်ကိုင်သွားမည်ဟုလည်း သူမက ဆက်‌ပြောသည်။

ဆရာ‌တော်ဘဒ္ဒန္တဝါ‌သေဋ္ဌက “အခုလို ကျန်းမာ‌ရေးအဖွဲ့‌တွေက လာ‌ရောက်ပူး‌ပေါင်း ‌ဆောင်ရွက်တာဟာ ဦးဇင်းအ‌နေနဲ့ လူနာအ ‌ပေါ် ကိုယ့်အားကိုယ်ကိုး ကုသမှုလုပ်ခဲ့တဲ့အ‌ပေါ် အကျိုးသက်‌ရောက်မှုပဲ ထင်ပါတယ်။ အဲဒီအတွက်လည်း ဝမ်းသာ‌ကျေနပ်ရပါ တယ်”ဟု မြွက်ကြားခဲ့သည်။

ထို့အပြင် ခွဲစိတ်ကုသ‌ပေးရန် ကျန်ရှိသည့် အခြားလူနာ ၁၁ဦးကို ထိုင်းနိုင်ငံသို့ နှလုံးခွဲစိတ်ကုသရန် ‌ဆောင်ရွက်‌ပေးမည်ဖြစ်ပြီး ကုန်ကျစရိတ်များကို BCMF နှင့် ထိုင်းနိုင်ငံ အ‌ခြေစိုက် Child’s Dreams အဖွဲ့တို့မှ ကူညီ‌ထောက်ပံ့‌ပေးမှုဖြင့် လူနာအများစုကို လန်းပန်း‌ဆေးရုံတွင် ကုသ‌ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

မစ်ကန်ချနာ‌သော်တွန်က “ဒီခွဲစိတ်ကုသမှုမှာ ထိုင်း၊ မြန်မာနဲ့ ဘယ်လ်ဂျီယံက နှလုံးအထူးကု ဆရာဝန်‌တွေ ပူး‌ပေါင်းလုပ်‌ဆောင် တာ ဖြစ်တယ်။ မြန်မာနိုင်ငံမှာ ‌ဆေးဝါးကုသမှု‌တွေက အခမဲ့မဟုတ်‌တော့ ခွဲစိတ်ကုသမှုအတွက် လိုအပ်တဲ့ ပစ္စည်း‌တွေနဲ့ ‌ဆေး ဝါး‌တွေကို မြန်မာပြည်သားအ‌တော်များများက‌တော့ မတတ်နိုင်ကြဘူး။ BCMF အ‌နေနဲ့ ဒီလိုလူနာ‌တွေ ခွဲစိတ်ကုသနိုင်ဖို့ ကုန်ကျ စရိတ်အတွက် ရန်ပုံ‌ငွေ‌တွေ ကြိုးစားရှာ‌ဖွေ‌နေပါတယ်”ဟု ‌ပြောသည်။

အလားတူ ဧပြီလဆန်းပိုင်း တချိန်တည်း၌ပင် ‌ဒေါက်တာစင်သီယာ‌မောင်၏ MTC ‌ဆေးခန်းနှင့် BCMF အဖွဲ့မှ ဝန်ထမ်းအချို့သည် မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ရှိ မသန်မစွမ်းက‌လေးများအား ကူညီမှု‌ပေး‌နေသည့်အဖွဲ့ (၄)ဖွဲ့ကို ဩစ‌တြေးလျားရှိ ဖတ်သ်မြို့က Wheelchair for kids အဖွဲ့က လှူဒါန်း‌ပေးခဲ့‌သော လူနာထိုင်ဘီးတပ်ကုလားထိုင် အလုံး ၄ဝကို ကူညီ‌ပေးခဲ့ပြီး ၎င်းအဖွဲ့များမှ ကျန်းမာ‌ရေးလုပ်သားများကို ဘီးတပ်ကုလားထိုင် တပ်ဆင်သုံးစွဲမှုသင်တန်းကို ‌မော်လမြိုင်မြို့တွင် စီစဉ်‌ဆောင်ရွက်‌ပေးခဲ့သည်။

“ဒီကုလားထိုင်‌တွေဟာ မသန်မစွမ်းက‌လေး‌တွေအတွက် အင်မတန်မှ အ‌ရေးကြီးပါတယ်။ သူတို့မိသားစု‌တွေအတွက် က‌လေး ကို ပြုစု‌စောင့်‌ရှောက်ရာမှာ အများကြီး ကူညီမှုဖြစ်‌စေပြီး သူတို့က‌လေးကိုလည်း အပြင်ကို ‌ခေါ်လို့ရသွားတယ်။ က‌လေး‌တွေကို ‌ကျောင်းတက်ဖို့လည်း ကူညီမှုဖြစ်‌စေပြီး ပြင်ပလူထုနဲ့ ကင်းကွာမှုကိုလည်း ‌လျော့နည်း‌စေပါတယ်”ဟု မစ်ကန်ချာနာ‌သော်တွန်က ‌ပြောဆိုသည်။