KIC News
PSDP မှ လွှတ်တော်အတွေ့အကြုံများ ရှင်းလင်း
ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၄ခုနှစ်၊ နန်းချောင်ဖော့
ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP)မှ ဦးစီး၍ လွှတ်တော်တွင် အဓိက ဆောင်ရွက်ရသည့် ဥပဒေ အတည်ပြုရေးမဏ္ဍိုင်၊ ပြည်သူရဲ့အသံ၊ လွှတ်တော်အသံ၊ ပြည်သူရဲ့မျှော်လင့်ချက်များ ရှင်းပြရန် ကရင်ပြည် နယ်၊ ဖားအံမြို့နယ် ကော့သာခေါင်ကျေးရွာ၌ ဒီဇင်ဘာ ၁၃ရက်နေ့တွင် လွှတ်တော်အတွေ့အကြုံရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ခဲ့သည်။
PSDP မှ...
KNU နိုင်ငံခြားရေးရာဌာန ပဋိပက္ခဖြေရှင်းခြင်းနှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ သင်တန်းပေး
ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၁၄ ခုနှစ်။ စဖန်းရှောင်း
ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟို နိုင်ငံခြားရေးရာဌာနက ဦးဆောင်ဖွင့်လှစ်သော ပဋိပက္ခဖြေရှင်းခြင်း နှင့် ငြိမ်းချမ်းရေးတည်ဆောက်ခြင်းဆိုင်ရာ သင်တန်းတစ်ရပ်ကို KNU တပ်မဟာ(၆)၊ ဒူးပလာယာခရိုင် ဘုရားသုံးဆူမြို့ စီးပွားရေးရုံးတွင် ဒီဇင်ဘာ ၁၅ မှ ၁၈ရက်နေ့အထိ ပို့ချပေးနေပြီဖြစ်ကြောင်း သိရသည်။
KNU...
မယ်လဒုက္ခသည်စခန်း လူငယ်နှီးနှောဖလှယ်ပွဲ၌ ဆုံးဖြတ်ချက် ၅ချက် ဆုံးဖြတ်
ဒီဇင်ဘာ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
ကရင်လူငယ်များ ပူးပေါင်းလုပ်ဆောင်မှု အားကောင်းလာရန် ရည်ရွယ်၍ ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ ဒုက္ခသည်စခန်းရှိ ကရင်ကျောင်းသားအဖွဲ့ ၆ဖွဲ့က ဒီဇင်ဘာ ၁၂ မှ ၁၄ရက်နေ့အထိ ကြာမြင့်သော ကရင်လူငယ် နှီးနှောဖလှယ်ပွဲတစ်ရပ်ကျင်းပကာ နှီးနှောဖလှယ်ပွဲအပြီးတွင် ဆုံးဖြတ်ချက် ၅ ချက်ပါ...
မီဒီယာ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် SMJN ကို ဖွဲ့စည်း
ဒီဇင်ဘာ ၁၅ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
သတင်းမီဒီယာများ သတင်းရယူရာ၌ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးရှိရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ မွန်ပြည် နယ်နှင့် တနသာင်္ရီတိုင်းဒေသကြီးအတွင်းရှိ မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ်ကွန်ရက် (SMJN)တစ်ခုကို ဒီဇင်ဘာ ၁၁ ရက်နေ့က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရွှေမြင့်မိုရ်ဟိုတယ်၌ ပထမဆုံးအကြိမ် ပြုလုပ်သော မြန်မာပြည်တောင်ပိုင်းဂျာနယ်လစ် ဆွေးနွေးပွဲတွင်...
မှော်ဘီရှိ အစိုးရကျောင်းများ၌ စကောကရင်စာ သင်ကြားရန် ခွင့်ပြုချက်ခက်ခဲနေဆဲ
ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ စောထွန်းလင်း
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်းရှိ အစိုးရစာသင်ကျောင်းများ၌ စကောကရင်စာပေ သင်ကြားပေးရန် ပညာရေးဝန် ကြီးဌာနမှ ခွင့်ပြုချက်မရသေး၍ အခက်အခဲဖြစ်နေသည်ဟု ဦးဆောင်စီစဉ်သူလည်းဖြစ်၊ ရန်ကုန်တိုင်း ဒေသကြီးကရင်စာပေနှင့် ယဉ်ကျေးမှုဗဟိုကော်မတီဝင်တစ်ဦးလည်းဖြစ်သူ အငြိမ်းစား အလယ်တန်းကျောင်းအုပ်ဆရာ စောမောင်တုတ်က ကေအိုင်စီသို့ ယမန်နေ့က ပြောဆိုသည်။
၎င်းက “မှော်ဘီမြို့နယ် ကရင်စာပေနဲ့...
နိုင်ငံတကာကလေးကုန်ကူးမှု တိုက်ဖျက်ရေးနေ့တွင် ရွှေ့ပြောင်းကလေးငယ် ၁၀၀ဝနီးပါး တက်ရောက်ခဲ့
ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
ယနေ့ကျရောက်သည့် ၂၀၁၄ခုနှစ်၊ နိုင်ငံတကာ ကလေးသူငယ် လူကုန်ကူးမှု ဆန့်ကျင်တိုက်ဖျက်ရေးနေ့ကို “ကလေးသူငယ် လူကုန်ကူးမှု ရပ်တန့်ရေး၊ ကလေးအနာဂတ်အတွက် ရင်းနှီးမြှုပ်နှံပေး”ဆောင်ပုဒ်ဖြင့် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ရှိ မယ်တော်ဆေးခန်း၌ ကျင်းပခဲ့ရာ ရွှေ့ပြောင်းကလေးငယ် ၁၀၀ဝနီးပါး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားဖြစ်မြောက်ရေးအတွက် ဦးဆောင်သူတစ်ဦးဖြစ်သည့် (Burma Act...
မဲဆွယ်စည်းရုံးမှု ကြိုတင်ခွင့်ပြုမိန့်ရှိနေဆဲဟု ကရင်ပြည်နယ်အခြေစိုက်ပါတီအများစု ဝေဖန်
ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ စောညွှန့်သောင်း
လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည် လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲအချိန် မတိုင်မီ မဲဆွယ်စည်းရုံးခွင့်ကာလ ၂လဖြစ်ကြောင်း ဒီဇင်ဘာလ ၈နေ့တွင် ရွေးကောက်ပွဲကော်မရှင်မှ ခွင့်ပြုလိုက်သည်ကို ကြိုဆို ထောက်ခံသော်လည်း ကြိုတင်ခွင့်ပြုမိန့်တင်ရသည့်ကိစ္စမှာ ရှိနေဆဲဖြစ်သည်ဟု ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများက ဝေဖန်လိုက်သည်။
ထိုနေ့တွင် မဲဆွယ်စည်းရုံးခွင့်နှင့်ပတ်သက်၍...
၂၀၁၄ခုနှစ် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု စတင် အဆိုပြုနိုင်ပြီ
ဒီဇင်ဘာ ၁၂ရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး(KNU) အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ပဒိုမန်းရှာလားဖန်းနှင့် ဇနီးနမ့်ရွှေကျင် တို့နှစ်ဦးအား ရည်စူး၍ ကျန်ရစ်သူ သားသမီးများ တည်ထောင်ထားသော ဖန်းဖောင်ဒေးရှင်း (Phan Foundation)မှ ၂၀၁၄ခုနှစ် အတွက် ပဒိုမန်းရှာလူငယ်ခေါင်းဆောင်ဆု(Pado Mahn Shar Young Leader...
လူငယ်များရဲ့ စကားလက်ဆောင်
စောအောင်မျိုး ၂၅နှစ်
ဝါသနာ အနုပညာ၊ စာသင်
ပညာအရည်အချင်း နည်းပညာတက္ကသိုလ် (AGTI)
ကျနော်အပါးနာမည်က ဦးလှဦး၊ အမိုးက နော်စီစီဖြစ်ပါတယ်။ မောင်နှမ ၆ယောက်ရှိပါတယ်။ ကျနော်ကတော့ ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်ဇာတိပါ။ ပညာသင်ယူမှုကတော့ မူလတန်းက အ.မ.က(၆)အင်းစိန်၊ အလယ်တန်းက အ.လ.က(၁) အင်းစိန်၊ အထက်တန်းကတော့ အ.ထ.က (၁)အင်းစိန်မှာ ပညာသင်ကြားပြီးတော့ အဲဒီကျောင်းမှာပဲ...
ထားဝယ်-ရေးကားလမ်းတွင် ဓားပြပစ်ခတ်၍ KNLA အရာရှိတစ်ဦးနှင့် ယာဉ်မောင်းတပ်သားသေဆုံး
ဒီဇင်ဘာ ၁၁ရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
တနသင်္ာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်အတွင်းရှိ ထားဝယ်-ရေး ကားလမ်းပေါ်တွင် ယမန်နေ့က အမည်မသိ လက်နက်ကိုင်ဓားပြတစ်စု၏ ပစ်ခတ်မှုကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) လက်အောက်ခံ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော် KNLA မှ ဗိုလ်ကြီးတစ်ဦးနှင့် ယာဉ်မောင်းသူ တပ်သားတစ်ဦးမှာ သေဆုံးသွားကြောင်း သိရ...














