Home သတင်း ငြိမ်းချမ်း‌ရေးညီလာခံတွင် နိုင်ငံ‌ရေးသ‌ဘောထားများ ‌ဆွေး‌နွေးသည့်အဆင့် မ‌ရောက်ရှိ‌သေး

ငြိမ်းချမ်း‌ရေးညီလာခံတွင် နိုင်ငံ‌ရေးသ‌ဘောထားများ ‌ဆွေး‌နွေးသည့်အဆင့် မ‌ရောက်ရှိ‌သေး

2332
ငြိမ်းချမ်း‌ရေးညီလာခံ တက်‌ရောက်သူ ‌ကေအဲန်ယူ ကိုယ်စားလှယ်များ
ဇန်နဝါရီ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ ‌စောထွန်းလင်း

‌နေပြည်‌တော်၊ MCC-2 ခန်းမ၌ ပြုလုပ်‌နေသည့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ (နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ)တွင် ယမန်‌နေ့အထိ တက်‌ရောက်သူ ကိုယ်စားလှယ်များက နိုင်ငံ‌ရေးကဏ္ဍ၊ ဖက်ဒရယ်ဒီမိုက‌ရေစီဆိုင်ရာ သ‌ဘောထားအမြင်များကို အစုအဖွဲ့လိုက် တင်ပြလျှက်ရှိ‌သော်လည်း ‌ဆွေး‌နွေးသည့်အဆင့်သို့ မ‌ရောက်ရှိ‌သေး‌ကြောင်း ညီလာခံကိုယ်စားလှယ်များက ‌ပြောသည်။

ဇန်နဝါရီ ၁၂ရက်‌နေ့မှ စတင်ခဲ့သည့် ညီလာခံသို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ အခြားပါဝင်သင့်သည့် တိုင်းရင်းသား ကိုယ်စားလှယ်များ၊ အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်၊ နိုင်ငံ‌ရေးပါတီများနှင့် ပါဝင်သင့်သည့် တတ်သိပညာရှင် ကိုယ်စားလှယ်အ ဖွဲ့ ၇ဖွဲ့တို့မှ ‌ခေါင်းစဉ် ငါးခုကို တဖွဲ့ချင်းစီအလိုက် ‌ဆွေး‌နွေးကာ ဇန်နဝါရီ ၁၄ရက်‌နေ့တွင် တဖွဲ့ချင်းစီစု‌ပေါင်း၍ ဖက်ဒရယ်ဆိုင်ရာ အ‌ခြေခံမူများကို ပြန်လည်တင်ပြခဲ့သည်ဟု ညီလာခံတက်‌ရောက်‌နေသူ ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ) အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီ‌နေ့က ကျ‌နော်တို့ အစုအဖွဲ့ ၇ခုထဲမှာ နိုင်ငံ‌ရေးဏ္ဍမှာပါဝင်တဲ့ အစု ၇စုပြန်စုပြီး‌တော့ တဖွဲ့ချင်း မ‌နေ့က ‌ဆောင်ရွက်ခဲ့မှုကို ပြန် လည်တင်ပြတယ်။ သူတို့ရဲ့ ဖက်ရယ်ဆိုင်ရာကိစ္စမူကို တဖွဲ့ချင်း တင်ပြတယ်။ ဒါကို မှတ်တမ်းတင်ထားတယ်။ ကျ‌နော်တို့ တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့ ၈ဖွဲ့က မူလကတည်းက ပြင်ဆင်ထားတဲ့ ဖက်ဒရယ်အ‌ခြေခံမူ ၈ချက်ကို တင်ပြတာပဲ ရှိတယ်”ဟု ပဒို‌စောကွယ်ထူးဝင်းက ‌ပြောသည်။

ယခုညီလာခံတွင် ပထမဆုံးအကြိမ် တိုင်းရင်းသားအားလုံး စုစုစည်းစည်း ‌ဆွေး‌နွေးနိုင်ခြင်းဖြစ်ကာ အ‌ခြေခံနိုင်ငံ‌ရေးပြဿနာကို ‌ဆွေး‌နွေးအ‌ဖြေရှာပြီး ငြိမ်းချမ်း‌ရေးတည်‌ဆောက်ရန် မိမိတို့ လိုလားသလို ကရင်တိုင်းရင်းသားများအ‌နေဖြင့် ကျရာကဏ္ဍမှ ပူး ‌ပေါင်း‌ဆောင်ရွက်ကာ အကြံ‌ပေးကြရန် လိုအပ်‌ကြောင်း ပဒို‌စောကွယ်ထူးဝင်းက ဆက်‌ပြောသည်။

ထို့အပြင် ညီလာခံတွင် အစုအဖွဲ့ ၇ဖွဲ့တွင် တဖွဲ့ချင်းစီက နိုင်ငံ‌ရေးကဏ္ဍနှင့် ဖက်ဒရယ်ပြည်‌ထောင်စု အ‌ခြေခံမူ၊ စီးပွား‌ရေးကဏ္ဍ ဖြစ်သည့် အခွန်‌ကောက်ခံခြင်းနဲ ့ခွဲ‌ဝေသုံးစွဲခြင်း၊ လုံခြုံ‌ရေးဆိုင်ရာ စစ်ဘက်ဆိုင်ရာ ကိစ္စရပ်များ၊ လူမှု‌ရေးကဏ္ဍ၊ ပြည်တွင်းအ‌ခြေ မဲ့‌နေသူများ ပြန်လည်‌နေရာချထား‌ရေး၊ ‌မြေယာစီမံခန့်ခွဲမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း‌ရေး စသည့် ‌ခေါင်းစဉ်ငါးခုကို အစု အဖွဲ့ ငါးခုဖွဲ့ကာ ‌ဆွေး‌နွေးခဲ့ကြသည်။

ထိုသို့ ‌ဆွေး‌နွေးရာ၌ နိုင်ငံ‌ရေးကဏ္ဍ‌ဆွေး‌နွေးရာတွင် တိုင်းရင်းသားအများစုက ၈ပြည်နယ်မူကို တင်ပြ‌နေခြင်းများရှိသလို အချို့ ကလည်း လက်ရှိ ၁၄ပြည်နယ်နှင့် တိုင်းပုံစံအတိုင်း တင်ပြမှုများ ရှိ‌နေသည်။ အဆိုပါ အစုအဖွဲ့များအ‌နေဖြင့် မိမိတို့အမြင် သ‌ဘောထားများကို တင်ပြ‌သောပုံစံမျိုးသာ ရှိ‌နေ‌သေးပြီး ‌ဆွေး‌နွေးသည့်အဆင့် မ‌ရောက်ရှိ‌သေးဟု ညီလာခံတက်‌ရောက်‌နေသူ ရှမ်းတိုင်းရင်းသားများဒီမိုက‌ရေစီအဖွဲ့ချုပ်(SNLD)မှ စိုင်း‌ကျော်ညွှန့်က ယခုလို ‌ပြောသည်။

၎င်းက “တိုင်းရင်းသားအ‌တော်‌တော်များများက‌တော့ ၈ပြည်နယ်အ‌ခြေခံကို တင်ပြတယ်။ ‌ဆွေး‌နွေးတယ်ဆိုတဲ့အဆင့်ကို မ‌ရောက်‌သေးဘူး။ ဟိုသ‌ဘောထား၊ ဒီသ‌ဘောထား‌တွေကို တင်ပြရုံသက်သက်ပဲ။ ကိုယ့်သ‌ဘောထားကို ကိုယ်‌ဖော်ပြခွင့်ရှိတယ် ဆိုတဲ့ အဆင့်ပဲရှိ‌သေးတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံကို ဇန်နဝါရီ ၁၂ရက်‌နေ့က စတင်ပြီး‌နောက် ဒုတိယ‌နေ့ ဇန်နဝါရီ ၁၃ရက်‌နေ့တွင် အစုအဖွဲ့ တစ်ဖွဲ့ချင်းစီအလိုက် ‌ဆွေး‌နွေး၍ ၁၄ရက်‌နေ့တွင် အစုအဖွဲ့အားလုံး သ‌ဘောထားများကို ပြန်လည် စုစည်းတင်ပြခဲ့ကြသည်။ ယ‌နေ့(ပဉ်စမ‌နေ့)တွင်မူ အစုအဖွဲ့အားလုံး ‌ခေါင်းစဉ်ငါးခုကို အမြင်သ‌ဘောထားများ စုစည်းတင်ပြရန်ရှိသည်ဟု ကိုယ်စားလှယ် များထံမှ သိရသည်။