Home သတင်း ပုဒ်မ ၁၇/၁-၂ ပယ်ဖျက်ပြီး‌နောက် ‌ကေအဲန်ယူနှင့် ကျုံဒိုး‌ဒေသခံများ ဆက်ဆံမှု ပိုများလာ

ပုဒ်မ ၁၇/၁-၂ ပယ်ဖျက်ပြီး‌နောက် ‌ကေအဲန်ယူနှင့် ကျုံဒိုး‌ဒေသခံများ ဆက်ဆံမှု ပိုများလာ

2334
ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၆ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်အမျိုးသားအစည်းအရုံး(‌ကေအဲန်ယူ)ကို မတရားအသင်း အက်ဥပ‌ဒေပုဒ်မ – ၁၇ (၁) (၂) မှ ပယ်ဖျက်လိုက်ပြီး‌နောက်ပိုင်း ကျုံဒိုးမြို့နယ်ရှိ ‌ဒေသခံများနှင့် ‌ကေအဲန်ယူတို့ ဆက်ဆံမှုပိုများလာသည်ဟု ‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ် အတွင်း‌ရေးမှူး ပဒို‌စောဆာ့ယူမူးက ဇန်နဝါရီလ ဒုတိယပတ်တွင် ထုတ်‌ဖော်‌ပြောဆိုသည်။

သူက “အရင်က ကျ‌နော်တို့နယ်‌မြေမှာ ‌ကေအန်ယူနဲ့ဆက်သွယ်ရင် မတရားအသင်းကို ဆက်သွယ်တယ်ဆိုပြီး အဖမ်းခံရတာ တို့၊ စစ်‌မေးတာတို့ ရှိတာကိုး။ ကျ‌နော်တို့က လူထုနဲ့ တစ်ခုခုဆက်သွယ်ရင် လူထု‌တွေက ခိုး‌ကြောင်ခိုးဝှက်နဲ့ ဆက်သွယ်ရတယ်။ အခုဆိုရင် လူထု‌တွေက ကျ‌နော်တို့နဲ့ ပွင့်ပွင့်လင်းလင်း၊ ‌အေး‌အေး‌ဆေး‌ဆေးနဲ့ ပူး‌ပေါင်းမှု များလာတာကို ‌တွေ့‌နေရပြီ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် ကျုံဒိုးမြို့နယ်အတွင်း အများနှင့် သက်ဆိုင်သည့် လမ်းတံတားစီမံကိန်းများ၊ ရိုးရာယဉ်‌ကျေးမှုပွဲ‌တော်များ ပြုလုပ်ရန် ရှိ ပါကလည်း ‌ဒေသခံများမှ ‌ကေအဲန်ယူ မြို့နယ် တာဝန်ရှိသူများထံ လာ‌ရောက်တိုင်ပင်ကာ အတူတကွ ပူး‌ပေါင်းလုပ်‌ဆောင်ခြင်း များ ရှိလာသလို တရားစီရင်‌ရေး ကိစ္စရပ်များတွင်လည်း ‌ကေအဲန်ယူ တရားစီရင်မှုစနစ်အတိုင်း လိုက်နာ‌ဆောင်ရွက်‌နေသည်ဟု ပဒို‌စောဆာ့ယူမူးက ဆက်‌ပြောသည်။

၎င်း‌ဒေသရှိ ‌လောင်းကိုင်‌ကျေးရွာသား မန်း‌ဒေါက်ပိုင်ကလည်း “အရင်တုန်းက ကျ‌နော်တို့ နယ်‌မြေမှာ ကရင်နှစ်သစ်ကူး လုပ်တာ ‌တောင်မှ ကိုယ့်‌ခေါင်း‌ဆောင်ပုံ‌တွေကို ပြခန်းဖွင့်ပြီးပြတာ မရှိဘူး။ လူထုက ဗဟုသုတနည်းတာ ပါသလို ‌ကြောက်ရွံ့မှု ပိုများ တယ်။ အခု မတရားအသင်း ဆက်သွယ်အ‌ရေးယူတာ မရှိ‌တော့ဘူးဆို‌တော့ ကိုယ့်‌ခေါင်း‌ဆောင်ပုံ‌တွေ၊ အ‌ကြောင်း‌တွေ ထုတ် ‌ဖော်မယ်။ လိုအပ်ရင် ‌ကေအဲန်ယူနဲ့ ဆက်သွယ်စရာရှိရင် ဆက်သွယ်မှာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

NCA လက်မှတ်ထိုးပြီး‌နောက်ပိုင်း ကျုံဒိုးမြို့နယ်ရှိ လူထုများသည် မြို့နယ် ‌ကေအဲန်ယူနှင့် ဆက်ဆံမှု ပိုများလာ‌သော်လည်း လက်ရှိ အ‌ခြေအ‌နေတွင် ငြိမ်းချမ်း‌ရေး အပြည့်အဝ ရရှိခြင်း မဟုတ်‌သေး‌ကြောင်းနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများ ဆက်လုပ်‌နေ ‌ကြောင်း စသည်တို့ကို ‌ဒေသခံများထံ ရှင်းပြထားသည်ဟု ကျုံဒိုးမြို့နယ်အဆင့် ‌ကေအဲန်ယူ တာဝန်ရှိသူများက ဆိုသည်။

‌ကေအဲန်ယူ၊ ဒူးပလာယာခရိုင် ကျုံဒိုးမြို့နယ်တွင် ‌ကျေးရွာအုပ်စု ၂၈ခုရှိကာ ‌ကျေးရွာ‌ပေါင်း ၁၂ဝခန့်ရှိ‌ကြောင်း ‌ကေအဲန်ယူ ကျုံဒိုးမြို့နယ်ရုံးက ပြုစုထားသည့် စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာ ၁၂ရက်‌နေ့က ‌ကေအဲန်ယူနှင့် အခြား ကရင်လက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့ အပါအဝင် မြန်မာ နိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုက ရက်တစ်တပ်ဦး(ABSDF)နှင့် ရှမ်းပြည်ပြန်လည်ထူ‌ထောင်‌ရေး‌ကောင်စီ/ရှမ်းပြည်တပ်မ ‌တော်-‌တောင်ပိုင်း(RCSS/SSA-S) တို့ကို မတရားအသင်းများအဖြစ် ပယ်ဖျက်လိုက်‌ကြောင်း မြန်မာအစိုးရက တရားဝင် ‌ကြေညာခဲ့သည်။