Home သတင်း ခလယ်-တံခွန်တိုင်တိုက်နယ်အတွင်း ကြွက်များ ဖျက်ဆီးမှု‌ကြောင့် စပါးပင်များကို အထွက်နှုန်း‌လျော့ကျ

ခလယ်-တံခွန်တိုင်တိုက်နယ်အတွင်း ကြွက်များ ဖျက်ဆီးမှု‌ကြောင့် စပါးပင်များကို အထွက်နှုန်း‌လျော့ကျ

2014
ဇန်နဝါရီ ၁၄ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်-တံခွန်တိုင်တိုက်နယ်ရှိ ‌ကျေးရွာအများစုတွင် ‌ရေလိုက် စပါးရိတ်သိမ်းချိန် ဒီဇင်ဘာနှင့် ဇန်နဝါရီလအတွင်း၌ သီးနှံပင်များကို လယ်ကြွက်များ ကိုက်ဖြတ်ဖျက်ဆီးမှု‌ကြောင့် တစ်ဧကလျှင် ပုံမှန် စပါးတင်း ၃ဝ ထွက်နှုန်းရှိသည့် လယ်များသည် တစ်ဝက်နီးပါး ‌လျော့ကျသွား‌ကြောင်း ‌ဒေသခံ လယ်သမားများထံမှ သိရသည်။

အဆိုပါတိုက်နယ်ရှိ ခလယ်၊ တံခွန်တိုင်၊ မြို့‌ဟောင်း အပါအဝင် ‌ကျေးရွာ ၁ဝရွာတွင် လွန်ခဲ့သည့် နှစ်အနည်းငယ်မှစ၍ လယ် စိုက်ဧကများ သိသိသာသာ နည်းပါးလာပြီး လယ်ကြွက်များက စိုက်ပျိုးထား‌သော စပါးခင်းများ၌သာ လာ‌ရောက်စုပြုံစား‌သောက် ကြသည်။ ထိုစိုက်ပျိုးထား‌သော စပါးပင်များ၏ ထက်ဝက်ခန့်မှာ ကြွက်များ ကိုက်ဖြတ်ဖျက်ဆီးခဲ့ခြင်း‌ကြောင့်ဖြစ်သည်ဟု ခလယ် ရွာမှ လယ်ပိုင်ရှင် မန်း‌ငွေစိုးက ယခုလို ‌ပြောသည်။

မန်း‌ငွေစိုးက “ဒီနှစ်မှာ သီးနှံစပါးဝင်းမှည့်‌နေတဲ့အချိန် လယ်ကြွက်‌လေး‌တွေ အုပ်စုလိုက်လာပြီး စပါးပင်‌တွေကို ကိုက်ဖြတ်စား ‌သောက်ကြတယ်။ စပါးပင်‌တွေလည်း သိသိသာသာ ‌လျော့သွားတယ်။ အရင်နှစ်ကဆိုရင် ဒီလယ်ကြွက်‌တွေ ဒီ‌လောက်‌တော့ မများဘူး။ အခုဟာက အဆမတန် ပိုများလာတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောကြားသည်။

ကြွက်‌ကြောင့် စပါးပင်များ ပျက်စီးသဖြင့် ‌ဒေသခံ လယ်သမားများ၏ စားဝတ်‌နေ‌ရေးအတွက် ကြီးကြီးမားမား ရိုက်ခတ်လာမှု မရှိ နိုင်‌သော်လည်း စပါး စတင်စိုက်ပျိုးချိန်က ယူထား‌သော‌ချေး‌ငွေများ အချိန်မီ ပြန်လည် မ‌ပေးဆပ်နိုင်မည်ကို စိုးရိမ်သည်ဟု လယ် သမား မန်း‌ငွေစိုးက ဆက်‌ပြောသည်။

ခလယ်-တံခွန်တိုင် တိုက်နယ် ဝင်း‌ရော်‌ဒေသဘက်ခြမ်းတွင်း လယ်ယာစိုက်ပျိုး‌ရေးလုပ်ငန်းကို လယ်သမားအများစုမှာ မိရိုးဖလာ နည်းအတိုင်းသာ စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြပြီး အစိုးရဋ္ဌာနဆိုင်ရာမှ လယ်ယာစိုက်ပျိုး‌ရေးနည်းစနစ်နှင့် စိုက်ပျိုး‌ရေး သုံး‌ဆေးများ၊ ‌မြေဩဇာများ၊ ပိုးသတ်‌ဆေးအသုံးပြုမှုအပိုင်းများကို လာ‌ရောက်ပညာ‌ပေး လုပ်‌ဆောင်ခြင်းမရှိ‌ကြောင်း သိရသည်။

ကြွက်များ စပါးပင် ဖျက်ဆီးမှုအ‌ပေါ် ‌ကျေးရွာ လယ်ယာ‌မြေ စီမံခန့်ခွဲ‌ရေး‌ကော်မတီ ဥက္ကဌ ‌စောဆန်းညွန့်‌မောင်က “လယ်သမား ‌တွေကို‌တော့ တစ်ခုခုလုပ်‌ပေးဖို့‌တော့ လိုတာ‌ပေါ့။ ဒီကြွက်‌တွေကို ဘယ်လိုနှိမ်နင်းရင်ရမလဲ။ ပြီး‌တော့ ကြွက်သတ်‌ဆေးအသုံးပြု နည်း‌တွေ ဘယ်သီးနှံက ဘယ်‌ဆေးအမျိုးအစား‌တွေ ထည့်သုံးရမလဲဆိုတာ လယ်ယာစိုက်ပျိုး‌ရေးဌာနအ‌နေနဲ့ တကယ် ကျယ် ကျယ်ပြန့်ပြန့် လာ‌ရောက်ချပြရင် လယ်သမား‌တွေလည်း ပိုအကျိုးရှိတာ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ခလယ်-တံခွန်တိုင်တိုက်နယ်အတွင်း ကြွက်များ စပါးပင်ဖျက်ဆီးမှုနှင့်ပတ်သက်၍ ကြာအင်းဆိပ်ကြီးမြို့နယ် လယ်ယာစိုက်ပျိုး ‌ရေးဋ္ဌာနကို ‌ကေအိုင်စီက အကြိမ်ကြိမ် ကြိုးပမ်းဆက်သွယ်ခဲ့‌သော်လည်း ဆက်သွယ်မှု မရရှိခဲ့‌ပေ။

၎င်းတိုက်နယ်ရှိ ဝင်း‌ရော်‌ဒေသတစ်ခုလုံးတွင် လယ်‌မြေဧက‌ပေါင်း သိန်းဂဏန်းရှိသည့်အနက်မှ နှစ်စဉ် လယ်စိုက်ဧက ‌ထောင် ဂဏန်းသာရှိပြီး ခလယ်-တံခွန်တိုင်‌ကျေးရွာအုပ်စုတစ်ခုတည်း၌ပင် လယ်ယာ‌မြေစိုက်ဧက‌ပေါင်း နှစ်‌ထောင်နီးပါးတွင် နှစ်စဉ် စိုက်ဧက‌ပေါင်း နှစ်ရာဝန်းကျင်သာ ရှိသည်ဟု သိရှိရသည်။