KIC News
ကရင်ဖြူကျေးရွာ ၁၀ဝ ကျော်စုပေါင်းကာ နှစ်သစ်ကူးပွဲတော် ပထမအကြိမ်ကျင်းပမည်
ဒီဇင်ဘာလ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်ဖြူမျိုးနွယ်စုများ နေထိုင်ရာဒေသဖြစ်သည့် ပင်လောင်း၊ ပျဉ်းမနား၊ လယ်ဝေး၊ သံတောင်မြို့နယ်တို့မှ ကျေးရွာပေါင်း ၁၀၀ကျော်ရှိ ဒေသခံများက စုပေါင်းကာ ပထမဦးဆုံးအကြိမ် ကရင်နှစ်သစ်ကူးပွဲတော်ကို ပျဉ်းမနားမြို့နယ်၊ မြလင်းရွာ၌ ဒီဇင်ဘာ ၂၁ရက်နေ့တွင် ပြုလုပ်မည်ဟု အခမ်းအနားဖြစ်မြောက်ရေး စီစဉ် နေသူ...
မြန်မာရွှေ့ပြောင်းအလုပ်သမားများ ယာယီအလုပ်လုပ်ခွင့်လက်မှတ်ပြုလုပ်ပေးနေ
ဒီဇင်ဘာ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ စဖန်းရှောင်း
ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာ အလုပ်လုပ်ခွင့်ရရန် ထိုင်းအစိုးရက ပြုလုပ်ပေးနေသည့် ယာယီအလုပ်လုပ်ခွင့် လက်မှတ်(ပန်း ရောင်ကဒ်) ကို မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် ပြုလုပ်သင့်ကြောင်း Migrant Rights Promotion Working Group (MRPWG) ကွန်ရက်အဖွဲ့ဝင်နှင့် မြန်မာပြည်သားများအရေး...
ဘီအဲန်အိုင်မှ တိုင်းရင်းသားအယ်ဒီတာများ အရည်အသွေးမြှင့်တင်
ဒီဇင်ဘာ ၂ဝရက်၊ ၂၀၁၄ခုနှစ်။ စောခါးစူးညား
တိုင်းရင်းသားသတင်းဌာန အများစုဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာမြန်မာ့သတင်း(ဘီအဲန်အိုင်)မှ ဦးစီး၍ အယ်ဒီတာအဆင့်ရှိ သူနှင့် အကြီးတန်းသတင်းထောက်များအား အယ်ဒီတာစီမံခန့်ခွဲမှုသင်တန်းတစ်ရပ်ကို ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ တာမွေမြို့နယ်ရှိ Fame ဟိုတယ်တွင် ဒီဇင်ဘာလ ၁၈ရက်မှ ၂၃ရက်နေ့အထိ ပြုလုပ်ခဲ့သည်။
ခြောက်ရက်ကြာ ပြုလုပ်မည့် ယင်းရက်တိုသင်တန်းကို တိုင်းရင်းသားသတင်းစာ၊...
ခွန်အားဖြည့်နန်းငယ်
(လကင်္ာဒီပ)
(၂၀၊ ဒီဇင်ဘာ ၂၀၁၄)
ညီမလေးနန်းငယ်.....
ဟီရိုရှီးမား၊ နာဂါဆာကီကောင်းကင်ယံမှာ
မှိုတိမ်လွှာကြီး ဖြစ်တည်ခဲ့တဲ့နေ့တစ်ခု
အနုမြူဆိုတဲ့ဗုံး လူညွန့်တုံးခဲ့တယ် သူတို့ဘဝ
တစ်ကနေပြန်စကြရတဲ့ ဂျပန်တွေ
နာတာရှည်ရောဂါဆိုးထဲ
တုံးလုံးလှဲ အပျင်းမထူကြ
ဟန်မပြ မာန်ဟုန်ကြွ
အာရှရဲ့ နဂါးကြီးတစ်ကောင်ဖြစ်အောင် ကြိုးစားနိုင်ခဲ့တယ်။
ညီမလေးနန်းငယ်.....
ရဲရင့်တယ် ပြတ်သားတယ် တကယ်စွန့်စားရဲကြ
အချိန်တိုင်း အချိန်တိုင်း ဇွဲလှိုင်းနဲ့ မဆုတ်မနစ်လှော်ခတ်
ရပ်မနေ တွေးမနေ ငေးမနေ
အချိန်တွေကို တန်ဖိုးထားလေးစား
ကုစားခဲ့ကြတယ် နောင်တ သင်ခန်းစာ
သူတို့ဟာ...ဂျပန်တွေဟာ
ကမ္ဘာမှာ နံပါတ်တစ် သူရဲကောင်းတွေ...
အင်အားစုအားလုံး တညီတညွတ်တည်း ဆောင်ရွက်မှဖြစ်တော့မည်
မောင်ကျော်စွာ
(၂၀၁၄ခုနှစ်၊ ဒီဇင်ဘာ ၂ဝရက်)
မကြာမီ ၂၀၁၄ ခုနှစ် ကုန်ဆုံး၍ ၂၀၁၅ သို့ ကူးပြောင်းသွားတော့မည်ဖြစ်သော်လည်း မြန်မာ့နိုင်ငံရေးသည် ထူးထူးခြားခြား ပြောင်းလဲသွားမည့် အရိပ်အရောင်ကိုပင် မမြင်ရသေးပါ။ မြန်မာ့နိုင်ငံရေး မည်သု့ိပြောင်းလဲရမည်နည်း။
စစ်အုပ်စုက ၁၉၆၂ခုနှစ်မှ စတင်၍ ယနေ့အချိန်အထိ ပုံသဏ္ဍာန်မျိုးစုံဖြင့် နိုင်ငံရေး၊...
ဖားအံပညာရေးဖောင်းဒေးရှင်းမှ စာပေဟောပြောပွဲကျင်းပပြုလုပ်
ဒီဇင်ဘာ ၁၉ရက်၊ ၂၀၁၄ခုနှစ်၊ နန်းချောင်ဖော့
ကရင်ပြည်နယ်ပြည်နယ်အခြေစိုက် လူမှုရေးအဖွဲ့တစ်ခုဖြစ်သည့် ဖားအံပညာရေးဖောင်းဒေးရှင်းက ၎င်းတို့ ဖောင်ဒေးရှင်း၏ အသိပညာဖြန့်ဝေမှု ရည်ရွယ်ချက်ဖြင့် ကာတွန်းဆရာ ဆရာအော်ပီကျယ်နှင့် ကဗျာဆရာ ခင်အောင်အေးတို့ကို ဖိတ်ကြားကာ ဒီဇင်ဘာ ၁၇ရက်နေ့ညက ဖားအံမြို့၊ ကန်သာဦးခန်းမတွင် စာပေဟော ပြောပွဲတစ်ရပ် ပြုလုပ်ကျင်းပခဲ့သည်။
ယင်းစာပေဟောပြောပွဲတွင် ဆရာအော်ပီကျယ်က “မြန်မာမနိုင်သေးဘူး”...
ပိတ်ထားသည့် မဲဆန္ဒနယ်များ ပြန်ဖွင့်ပေးရန်ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ပြောကြား
ဒီဇင်ဘာ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ စောညွန့်သောင်း
၂၀၁ဝ ရွေးကောက်ပွဲ၌ ပိတ်ထားသည့် မဲဆန္ဒနယ်များကို ၂၀၁၅ ရွေးကောက်ပွဲတွင် ပြန်လည်ဖွင့်ပေးရန် ရှိသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က တိုင်းရင်းသားနိုင်ငံရေးပါတီ ၆၅ဖွဲ့နှင့် ရန်ကုန်မြို့၊ ပန်တာဟိုတယ်တွင် ဒီဇင်ဘာ ၁၅ ရက်နေ့က တွေ့ဆုံစဉ် ပြောကြားသွားခဲ့သည်ဟု သိရသည်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိန်းချုပ်ရာနယ်မြေများဖြစ်၍ လုံခြုံရေး...
နီပွန်ဖောင်ဒေးရှင်းမှ KNU တပ်မဟာ(၆) ဒေသခံများအတွက် ဆန်အိတ် ၉၀၀ဝ ကျော်လှူဒါန်း
ဒီဇင်ဘာ ၁၈ရက်၊ ၂၀၁၄ခုနှစ်။ နန်းချောင်ဖော့
ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်အတွင်း ပဋိပက္ခဖြစ်ပွားခဲ့သည့် နေရာ များ၌ နေထိုင်သည့် ဒေသခံများအတွက် ဆန်အိတ် ၉၀၀ဝ ကျော်ကို နီပွန်ဖောင်ဒေးရှင်း(The Nippon Foundation)မှ ဒီဇင်ဘာ ၁၅ရက်နေ့က ဖားအံမြို့၊ ပြည်နယ်ဝန်ကြီးရုံးဝင်းရှေ့တွင် ပေးအပ်လှူဒါန်းခဲ့သည် ဟု KNU...
KSNG နှစ်ပတ်လည်အစည်းအဝေးတွင် ပြည်ပရောက်ကရင်ကျောင်းသားကျောင်းသူများ တက်ရောက်မည်
ဒီဇင်ဘာ ၁၈ရက်၊၂၀၁၄ခုနှစ်။ နန်းဝေဖြိုးဇာ
ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာနယ်မြေ ကရင်ပြည်နယ် ဖာပွန်မြို့နယ်အတွင်း ဒီဇင်ဘာ ၂၂ ရက်နေ့၌ ပြုလုပ်မည့် ကရင်ကျောင်းသားများကွန်ရက်အဖွဲ့(KSNG)၏ တစ်နှစ်တစ်ကြိမ် နှစ်ပတ်လည်အစည်း အဝေးတွင် ပြည်ပရောက်ကရင်ကျောင်းသားကျောင်းသူများ တက်ရောက်မည်ဖြစ်သည်ဟု သိရသည်။
KSNG အဖွဲ့ဝင်အဖြစ် ရှိထားပြီး ကနေဒါ၊ နယူးဇီလန်နှင့် ဩစတြေးလျ နိုင်ငံများသို့ ရောက်ရှိနေကြသည့် ကရင်ကျောင်းသားကျောင်းသူဟောင်းများက...
KNU တပ်မဟာ(၇)နှင့် အစိုးရတပ် ချစ်ကြည်ရေးဘောလုံးပွဲ တဖက် ၁ဂိုးစီ သရေကျ
ဒီဇင်ဘာ ၁၆ရက်၊ ၂၀၁၄ခုနှစ်။ စောသိန်းမြင့်
ကရင်ပြည်နယ်၊ မြဝတီမြို့ ဘောလုံးကွင်းတွင် ယနေ့နံက် ကစားခဲ့သော ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၇)နှင့် အစိုးရတပ်ဖွဲ့ဝင်တို့ ချစ်ကြည်ရေးဘောလုံးပွဲ ကစားခဲ့ရာတွင် တဖက် ၁ဂိုးစီဖြင့် သရေကျသွား သည်ဟု KNU မြဝတီမြို့ ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောဇောရိုးက ပြောသည်။
နှစ်ဖက်တပ်ဖွဲ့ဝင်များ အချင်းချင်း...












