Home သတင်း ထိုင်းမင်းသမီးနှင့် မင်းသားနှစ်ဦး မယ်လဒုက္ခစခန်းရှိ မသန်စွမ်းက‌လေးများအား သွား‌ရောက်‌လေ့လာ

ထိုင်းမင်းသမီးနှင့် မင်းသားနှစ်ဦး မယ်လဒုက္ခစခန်းရှိ မသန်စွမ်းက‌လေးများအား သွား‌ရောက်‌လေ့လာ

1942
ဇန်နဝါရီ ၁၃ရက်၊ ၂၀၁၆ခုနှစ်။ ‌စောသိန်းမြင့်

ထိုင်းနိုင်ငံတွင် လူသိများသည့် ထိုင်းရုပ်ရှင် သရုပ်‌ဆောင်နှစ်ဦးဖြစ်‌သော မင်းသား Saharat Sangkapreecha နှင့် မင်းသမီး Poo Praiya တို့နှစ်ဦးသည် ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းသို့ ‌ရောက်ရှိခဲ့ပြီး မသန် စွမ်းက‌လေးများ၏ အ‌ခြေအ‌နေများကို သွား‌ရောက်‌လေ့လာ ကြည့်ရှုခဲ့သည်ဟု မယ်လဒုက္ခသည်စခန်း ဥက္ကဋ္ဌ ‌စော‌အောနက်က ‌ကေအိုင်စီသို့ ‌ပြောသည်။

“UNHCR အစီအစဉ်နဲ့ပဲ လာတာဖြစ်တယ်လို့ သိရတယ်။ ဒုက္ခသည်စခန်းမှာ ‌နေထိုင်ကြတဲ့ မသန်စွမ်းက‌လေးသူငယ်‌တွေရဲ့ အ‌ခြေအ‌နေကိုု လာပြီး‌လေ့လာတာပါ။ က‌လေး‌တွေကို ‌နေအိမ်အထိ သွား‌တွေ့ဆုံပြီး အား‌ပေးတာ‌တွေ လုပ်တာ‌တွေ့ရတယ်״ဟု ၎င်းက ‌ပြောသည်။

အဆိုပါ မင်းသမီးနှင့် မင်သားသည် ၎င်းတို့လိုက်ပါလာသည့် အဖွဲ့ဝင်အချို့နှင့်အတူ နံနက် ၉နာရီခန့်မှစ၍ စခန်းအတွင်း (ဇုံ-စီ)ရှိ မသန်စွမ်းရုံး၊ မသန်စွမ်းက‌လေးအချို့၏ ‌နေအိမ်၊ စာသင်‌ကျောင်းနှင့် ‌ဆေးရုံတို့တွင် မွန်းလွဲပိုင်းအထိ သွား‌ရောက်‌လေ့လာခဲ့ခြင်း ဖြစ်သည်။

မသန်စွမ်း မိခင်ဖြစ်သူ ‌နော်‌ဖောဘီးယားက “ကျမမှာ မသန်စွမ်းက‌လေးတစ်‌ယောက်ရှိ‌တော့ သူတို့‌တွေ လာလည်ကြတာ‌ပေါ့။ ‌နေရထိုင်ရ၊ အလုပ်အကိုင် အဆင်‌ပြေလား ‌မေးမြန်းကြပါတယ်။ သူတို့လို နိုင်ငံ‌ကျော် အနုပညာရှင်‌တွေက ကျမတို့ ဒုက္ခသည် ‌တွေကို မခွဲခြားဘဲ ‌နေအိမ်အထိ လာလည်တာ အတိုင်းမသိ ဝမ်းသာပါတယ်။״ဟု ‌ပြောသည်။

မင်းသား Saharat Sangkapreecha သည် ထိုင်းရုပ်ရှင်သရုပ်‌ဆောင်နှင့် အဆို‌တော်တစ်ဦးဖြစ်ပြီး မင်းသမီး Poo Praiya မှာ သရုပ်‌ဆောင်တစ်ဦးဖြစ်ကာ ၎င်းတို့နှစ်ဦးသည် အနုပညာလုပ်ငန်းများအပြင် က‌လေးသူငယ်များနှင့် သက်ဆိုင်‌သော ပရဟိတ လုပ်ငန်းများကို ထဲထဲဝင်ဝင် လုပ်‌ဆောင်‌နေကြသူများ ဖြစ်သည်။

ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်မြို့‌မြောက်ဘက် ကီလိုမီတာ ၆ဝအကွာရှိ လူဦး‌ရေ ‌လေး‌သောင်းနီးပါး‌နေထိုင်‌သော မယ်လဒုက္ခ သည်စခန်းတွင် ယခင်က ထိုင်းအစိုးရ ထိပ်တန်း‌ခေါင်း‌ဆောင်များ၊ ‌ဒေသအာဏာပိုင်များ လာ‌ရောက်လည်ပတ်မှုရှိခဲ့‌သော်လည်း အနုပညာရှင်များအ‌နေဖြင့် ယခုလို လာ‌ရောက်သည်မှာ ပထမဦးဆုံးအကြိမ်ဖြစ်‌ကြောင်း သိရသည်။

အလားတူ ကရင်နှင့် စ‌ကော့ဒစ်ရှ်ကပြား ဩစ‌တြေးလျား နာမည်‌ကျော် ရုပ်ရှင်သရုပ်‌ဆောင် မင်းသမီး Tesneem Roc လည်း မယ်လဒုက္ခသည်များ၏ ‌နေထိုင်မှု ဘဝအ‌ခြေအ‌နေများကို ယခင်အပတ်က သွား‌ရောက်‌လေ့လာခဲ့‌သေးသည်ဟု စခန်းတာဝန်ရှိ သူများက ‌ပြောသည်။