KIC News
တပိုင်တနိုင် ကျောက်ရောင်းချသူများကို NMSP မှ လုပ်ခွင့် ပိတ်ပင်လိုက်သည့်ပေါ် နစ်နာမှုရှိ
ဇန်နဝါရီ ၁၄ရက်။ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲအတွင်း အာရှလမ်းမဖောက်လုပ်ရေး အတွက် အသုံးပြုသည့် လမ်းခင်းကျောက်များကို ရောင်းချသော တပိုင်တနိုင် ကျောက်တူးရောင်းချ နေသူများအား မွန်ပြည်သစ်ပါတီ(NMSP)မှ ယခုလ ဇန်နဝါရီ ၈ရက်နေ့က ပိတ်ပင်လိုက်သဖြင့် နစ်နာဆုံးရှုံးမှုများရှိသည်ဟု တပိုင်တနိုင် ကျောက်ရောင်းချသူ ခြံပိုင်ရှင်များက ပြောသည်။
တပိုင်တနိုင်...
ကျိုက်ထိုမြို့၌ ကရင်နှင့် ပအိုဝ့် စာပေဘာသာရပ်ကို ကျောင်းချိန်ပြင်ပတွင် စတင်သင်ကြားနေပြီ
ဇန်နဝါရီ ၁၃ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်းရှောင်း
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အခြေစိုက် ဆိပ္ဖူးတောင်စာပေနှင့်ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ပြီး တိုင်းရင်း သားစာပေနှင့် ယဉ်ကျေးမှု သင်တန်းဖွင့်လှစ်ကာ စကောကရင်စာပေနှင့် ပအိုဝ့်စာပေကို ကျောင်းချိန်ပြင် ပညာရေးအဖြစ် ဇန်နဝါရီ ၁၃ ရက်နေ့တွင် တွဲဖက်၍ စတင်သင်ကြား ပေးနေပြီဖြစ်ကြောင်း...
Grand Royal အရက်ချက်စက်ရုံ ဓါတ်အားလိုင်းမှ မီးသွယ်တန်းခွင့်ရရေး ဒေသခံများ၏ တောင်းဆိုမှု ခုနှစ်လကျော် ကြာသော်လည်း အကြောင်းပြန်ခြင်း...
ဇန်နဝါရီ ၁၃ရက်၊ ၂၀၁၅ ခုနှစ်။ စောထွန်းလင်း
မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာရှိ International Beverages Trading Co,Ltd (IBTC) ကုမ္ပဏီပိုင် Grand Royal အရက်ချက်စက်ရုံသို့ သွယ်တန်းထားသည့် ၃၃ ကေဗွီ ဓါတ်အားလိုင်းမှ မီးသွယ်တန်းခွင့်ရရေးအင်းလျှက် ကျေးရွာအုပ်စု ကိုယ်ထူကိုယ်ထ မီးလင်းရေးကော်မတီက ယင်းကုမ္ပဏီထံသို့...
နယ်စပ်ရှိ မြန်မာဒုက္ခသည် လူဦးရေစာရင်း ကောက်ခံရန် UNHCR နှင့် ထိုင်းပြည်ထဲရေးဋ္ဌာနတို့ စီစဉ်
ဇန်နဝါရီ ၁၂ရက်။ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်ရှိ မြန်မာဒုက္ခသည်များ၏ လူဦးရေစာရင်းအတိအကျ သိရှိရန် ရည်ရွယ်၍ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)နှင့် ထိုင်းပြည်ထဲရေးဋ္ဌာန(MOI)တို့ ပူးပေါင်းပြီး လာမည့် ဖေဖော်ဝါရီလ တွင် လူဦးရေစာရင်း ကောက်ခံသွားရန် စီစဉ်နေသည်ဟု ဒုက္ခသည်ဆိုင်ရာ တာဝန်ရှိသူများက ပြောသည်။
ကရင်ဒုက္ခသည်ကော်မတီ(KRC) ဥက္ကဌ စောရောဘတ်ထွေးက...
MKO ဆယ်နှစ်ပြည့် အခမ်းအနားနှင့် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပထမဆုံးအကြိမ် ပူးတွဲကျင်းပ
ဇန်နဝါရီ ၁၂ ရက်၊ ၂၀၁၅ ခုနှစ်။ စဖန်းရှောင်း
မလေးရှားကရင်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Malaysia Karen Organization (MKO) ဖွဲ့စည်းခြင်း (၁၀)နှစ်ပြည့် အခမ်းအနား နှင့် MKO ၏(၁၃)ကြိမ်မြောက် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားတစ်ရပ်ကို ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၄ရက်နေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ပူးတွဲကျင်းပခဲ့သည်။
ထိုသို့ ပူးတွဲကျင်းပဖြစ်ရခြင်းအပေါ်...
စာသင်ကျောင်းများ၌ ၂၀၁၅-၁၆ ပညာသင်နှစ် ကရင်စာသင်ကြားရန် မှော်ဘီစာယဉ် တိုက်တွန်း
ဇန်နဝါရီ ၁၂ရက်၊ ၂၀၁၅ခုနှစ်။ စောထွန်းလင်း
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ် အစိုးရစာသင်ကျောင်းများ၌ လာမည့် ၂၀၁၅-၁၆ ပညာသင်နှစ်တွင် ကရင်စာကို စတင် သင်ကြားတော့မည်ဖြစ်သည်ဟု ဇန်နဝါရီလ ၁ဝရက်နေ့က မှော်ဘီမြို့၊ တပ်ကြီးကုန်းကျေးရွာရှိ မှော်ဘီကရင်နှစ်ခြင်းခရစ်ယန် ကျမ်းစာကျောင်းခမ်းမတွင် ပြုလုပ်သော ၄မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ တွေ့ဆုံပွဲတွင် မှော်ဘီစာယဉ်အဖွဲ့က...
မယ်တော်ဆေးခန်းကို မတ်လအတွင်း ပြောင်းရွှေ့ဖွင့်လှစ်နိုင်ရန် စီစဉ်နေ
ဇန်နဝါရီ ၉ရက်၊ ၂၀၁၅ခုနှစ်။ စဖန်းရှောင်း
ထိုင်း-မြန်မာနယ်စပ်အခြေစိုက် မယ်တော်ဆေးခန်းကို လုပ်ငန်း ဆက်လက်လည်ပတ်နိုင်ရေးအတွက် မဲဆောက်မြို့ပြင်ဘက်ရှိ ဆောက်လုပ်နေဆဲဖြစ်သော အဆောက်အဦးတည်ရှိရာ နေရာသစ်သို့ ယခုနှစ်၊ မတ်လအတွင်း ပြောင်းရွှေ့လှစ်နိုင်ရန် စီစဉ်နေ သည်ဟု မယ်တော်ဆေးခန်း၏ ပြောင်းရွှေ့ရေးမန်နေဂျာဖြစ်သူ စောထီးမူထူးက ကေအိုင်စီသို့ ပြောသည်။
“မတ်လအတွင်းမှာ အပြီးပြောင်းရွှေ့ဖို့ ကျနော်တို့ လျာထားပါတယ်။...
ကေအဲန်ယူမှ အချက် ၁ဝချက်ပါ ကော်သူးလေမြေယာမူဝါဒ ထုတ်ပြန်
ဇန်နဝါရီ ၉ရက်၊ ၂၀၁၅ခုနှစ်။ ကေအိုင်စီ
မြေယာပိုင်ဆိုင်မှုကိစ္စ စီမံခန့်ခွဲရာ၌ လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုနှင့်လူမှုဘဝဖူလုံရေးကို ဖြည့်ဆည်းပေးစေပြီး တရားမျှတမှု ရှိစေရန် ရည်ရွယ်၍ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)က အချက် ၁ဝချက်ပါ “ကော်သူးလေမြေယာမူဝါဒ”တစ်ရပ်ကို ချမှတ်ကာ ဇန်နဝါရီ ၂ရက်နေ့တွင် တရားဝင် ထုတ်ပြန်လိုက်သည်။
၎င်းမြေယာမူဝါဒစာအရ မြေယာ၊ သစ်တော၊ ရေ၊ ရေလုပ်ငန်းနှင့် သဘာဝသယံဇာတများအား...
ဒေါက်တာစင်သီယာမောင်နှင့် Bina Swadaya Foundation တို့ POSCO TJ Park ဆု ပူးတွဲရွေးချယ်ခံရ
ဇန်နဝါရီ ၉ရက်၊ ၂၀၁၅ခုနှစ်။ စောသိန်းမြင့်
တောင်ကိုရီးယားနိုင်ငံအခြေစိုက် POSCO TJ Park Foundation မှ ၂၀၁၅ခုနှစ်အတွက် POSCO TJ Park ဆုကို ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာစင်သီယာမောင်နှင့် အင်ဒိုနီးရှားနိုင်ငံအခြေစိုက် Bina Swa-daya Foundation တို့အား...
“၄ပွင့်ဆိုင် ဆွေးနွေးရေး” ဖြစ်မြောက်စေပြီး “တပ် ငြိမ်း/မူ ၆ရပ်” ဖယ်ရှားလိုက်မည်ဆိုလျှင်
(မောင်ကျော်စွာ)
(၂၀၁၅ခုနှစ်၊ ဇန်နဝါရီလ ၈ရက်)
လှုပ်ရှားပြောင်းလဲနေသော အချိန်ကာလသည် စက္ကန့်မိနစ်မှ နာရီနေ့ရက်များသို့လည်းကောင်း၊ နာရီနေ့ရက်များမှာ လများ၊ နှစ် များဆီသို့လည်းကောင်း မရပ်မနား ပြောင်းလဲခဲ့သည်။ ပြောင်းလဲနေသည်။ ပြောင်းလဲနေပေလိမ့်ဦးမည်။
ယခုလည်း “နှစ်ဟောင်း ၂၀၁၄” မှ “နှစ်သစ် ၂၀၁၅”သို့ ပြောင်းခဲ့ပြန်ပြီ။
သမ္မတဦးသိန်းစိန်ကြံ့ဖွံ့အစိုးရသည်လည်း သူ၏အုပ်စိုးမှုကို ရေရှည်ထိန်းသိမ်းနိုင်ရန်...















