Home သတင်း စစ်‌ဘေး‌ရှောင်နှင့် ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ ‌မွေးစာရင်းကို အစိုးရသစ် အသိအမှတ်ပြုရန်လိုလား

စစ်‌ဘေး‌ရှောင်နှင့် ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ ‌မွေးစာရင်းကို အစိုးရသစ် အသိအမှတ်ပြုရန်လိုလား

1800

‌ဖေ‌ဖော်ဝါရီ ၂ရက်၊ ၂၀၁၆ ခုနှစ်။ စအိုင်ဆူး

နယ်စပ်‌ဒေသနှင့် အိမ်နီးချင်းနိုင်ငံများအတွင်း စစ်‌ဘေး‌ရှောင်နှင့် ပြည်တွင်း ‌ရွှေ့‌ပြောင်းအလုပ်သမားများ၏ ‌မွေးစာရင်းအ‌ပေါ် အသစ်တက်လာသည့် အစိုးရအ‌နေဖြင့် အသိမှတ်ပြုမှုရန် လိုလာ‌ကြောင်း ယ‌နေ့ တာ့ခ်ခရိုင် မဲ‌ဆောက်မြို့ရှိ Queen Palace ဟိုတယ်တွင် ပြုလုပ်သည့် က‌လေးအခွင့်အ‌ရေး ကာကွယ်‌စောင့်‌ရှောက်မှု ‌ကော်မတီ(မြန်မာနိုင်ငံ)-CPPCR အလုပ်ရုံ‌ဆွေး‌နွေးပွဲ၌ တာဝန်ရှိသူများ၏ ‌ဆွေး‌နွေးချက်အရ သိရသည်။

CPPCR ‌ကော်မတီဝင် ‌စောသာဝင်းက “လူထု‌ထောက်ခံမှု တခဲနက်နဲ့ တက်လာတဲ့ ကျ‌နော်တို့ လိုလားတဲ့ အစိုးရတစ်ရပ် တက် လာတာကို‌တော့ ကြိုဆိုတယ်။ ‌နောက်ပြီး ကျ‌နော်တို့ ‌မျှော်လင့်မိတာက အရင်တုန်းက အသိအမှတ်ပြု မခံခဲ့ရတဲ့ က‌လေး‌တွေ လူအုပ်စု‌တွေကို အခုအစိုးရလက်ထက်မှာ အသိအမှတ်ပြုဖို့နဲ့ ပိုပြီး‌တော့မှာ ‌ဆောင်ရွက်လာဖို့၊ အခွင့်အလမ်းရှိလာဖို့ ကျ‌နော်တို့ ‌မျှော်လင့်တယ်״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နယ်စပ်‌ဒေသရှိက‌လေးသူငယ်များ၏ အဖွဲ့အစည်းအသီးသီးနှင့် အိမ်းနီးချင်းနိုင်ငံများမှ ထုတ်‌ပေးသည့် ‌မွေးစာရင်းများအ‌ပေါ် အစိုးရသစ်လက်ထက်တွင် အသိအမှတ်ပြုနိုင်မှုပုံစံနှင့် အသိအမှတ်ပြုမှု နည်းလမ်းများအပြင် က‌လေးအခွင့်အ‌ရေး ကာကွယ် ‌စောင့်‌ရှောက်မှုလုပ်ငန်းများ ကွန်ရက်ချိတ်ဆက် လုပ်‌ဆောင်မှု ပိုမို အား‌ကောင်းလာ‌အောင် အလုပ်ရုံ‌ဆွေး‌နွေးပွဲ၌ အဓိက ‌ဆွေး ‌နွေးဖြစ်ခဲ့သည်ဟုလည်း ‌စောသာဝင်းက ဆက်‌ပြောသည်။

‌ဖေ‌ဖော်ဝါရီ ၁ရက်‌နေ့မှစတင်ကာ နှစ်ရက်တာပြုလုပ်ခဲ့သည့် အဆိုပါ အလုပ်ရုံ‌ဆွေး‌နွေးပွဲ၌ က‌လေးသူငယ် ကာကွယ်‌စောင့် ‌ရှောက်‌ရေးကဏ္ဍမှ ‌မွေးစာရင်းကိစ္စရပ်များ၊ နိုင်ငံသားဖြစ်ခွင့်ကိစ္စရပ်များ၊ အစွန့်ပစ်ခံ က‌လေးသူငယ်များ၊ မိဘမဲ့က‌လေးသူငယ် များ၊ လူ‌မှောင်ခိုကုန်ကူးခံရသည့် က‌လေးသူငယ်များအ‌ပေါ် ‌စောင့်‌ရှောက်မှု မူဝါဒများကို ‌ဆွေး‌နွေးဖြစ်ခဲ့ကြပြီး ‌ရှေ့လုပ်ငန်းစဉ် အချို့ကိုလည်း ချမှတ်နိုင်ခဲ့သည်။

‌ဆွေး‌နွေးမှုအပြီးတွင် ‌ယေဘုယျ ‌ရှေ့လုပ်ငန်းစဉ်အ‌နေဖြင့် က‌လေးသူငယ်ကာကွယ်‌စောင့်‌ရှောက်မှု အဖွဲ့အစည်းများကွန်ရက် ပိုမို ကျယ်ပြန့် အား‌ကောင်းလာရန်၊ တစ်နိုင်ငံလုံးအတိုင်းတာ လွှမ်းခြုံသည့် က‌လေးသူငယ်ကာကွယ်‌စောင့်‌ရှောက်မှု မူဝါဒဆိုင် ရာစာတမ်း ‌ပေါ်ထွက်ရန်နှင့် နယ်စပ်‌ဒေသ၊ အိမ်နီးချင်းနိုင်ငံများမှ ထုတ်‌ပေးခဲ့သည့် ‌မွေးစာရင်းများကို အစိုးရသစ်မှ အသိအမှတ် ပြု‌ရေးအပြင် ‌ဝေးလံ‌ခေါင်ဖျားသည့် တိုင်းရင်းသား‌ဒေသအတွင်း ‌မွေးစာရင်းများ ပိုမိုလက်လှမ်းမှီလာ‌အောင် လုပ်‌ဆောင်သွား မည်ဟု ‌ဆွေး‌နွေးခဲ့ကြသည်။

၎င်း‌ဆွေး‌နွေးပွဲသို့ UNHCR, Save the Children, မယ်‌တော်‌ဆေးခန်း(MTC), ကရင်အမျိုးသမီးအစည်းအရုံး-(KWO) အပြင် နယ်စပ်အ‌ခြေစိုက် က‌လေးအခွင့်‌ရေးဆိုင်ရာအဖွဲ့အစည်းများ၊ ကျန်းမာ‌ရေးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်းအများ၊ ပြည်တွင်းအ ‌ခြေစိုက် က‌လေးသူငယ်ကာကွယ်‌စောင့်‌ရှောက်‌ရေးဆိုင်ရာ အဖွဲ့အစည်းများ စုစု‌ပေါင်း လူဦး‌ရေ (၅၀)နီးပါး တက်‌ရောက်‌ဆွေး ‌နွေးခဲ့ကြပြီး ‌ဖေ‌ဖော်ဝါရီလ ၃ရက်‌နေ့တွင် CPPCR ညီလာခံနှင့် ‌ရွေး‌ကောက်ပွဲကိုပါ ပြုလုပ်သွားရန် ရှိ‌ကြောင်း သိရသည်။

KWO ကိုယ်စား ‌ဆွေး‌နွေးပွဲ တက်‌ရောက်ခဲ့သူ ‌နော်အဲ့တမွီ‌ဖောက “အခုလို အဖွဲ့‌တော်‌တော်များ ပြည်တွင်းထဲက CSO ‌တွေနဲ့ နယ်စပ်က အရပ်ဖက်‌တွေ ဒီလို‌တွေ့ဆုံ‌ဆွေး‌နွေးကြ‌တော့ လာမယ့် ‌ရှေ့အနာဂတ်‌တွေမှာ ပူ‌ပေါင်းလုပ်‌ဆောင်ရမဲ့ အချက်အလက် ‌တွေ ရရှိကြတာ‌ပေါ့။ ‌နောက်ပြီး ‌ဆွေး‌နွေးမှုရလဒ်‌တွေ ‌ရှေ့လုပ်ငန်းစဉ်‌တွေကို အ‌ကောင်အထည်‌ဖော် လုပ်‌ဆောင်နိုင်ခဲ့ရင်‌တော့ ဒါက ကြီးမားတဲ့ တိုးတက်မှု ဖြစ်လာမှာပဲ״ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

CPPCR ကို ၂၀၀၃ခုနှစ်မှ စတင်ကာ စစ်‌ဘေးသင့်‌ဒေသနှင့် နယ်စပ်‌ဒေသ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများအတွက် က‌လေး အခွင့်အ‌ရေးနှင့် ‌မွေးစာရင်းလုပ်ငန်းများကို အ‌ကောင်အထည်‌ဖော်လုပ်‌ဆောင်နိုင်ရန် နယ်စပ်အ‌ခြေစိုက် ကျန်းမာ‌ရေး၊ က‌လေး အခွင့်အ‌ရေး၊ ပညာ‌ရေးဆိုင်ရာ အဖွဲ့အစည်းများဖြင့် ဖွဲ့စည်းထားပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲ‌ဆောက်မြို့တွင် အ‌ခြေစိုက်သည့် အဖွဲ့ဖြစ်သည်။